ဆိတ်ရောဂါမဖြစ်စေရန်ကြိုတင်ကာကွယ်ရမယ့်နည်းလမ်းများ

24/03/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

   ဆိတ်ခြံတွင်းသို့ ဆိတ်အသစ်ဝင်ရောက်လာတဲ့အခါ ကာကွယ်ဆေးထိုးပြီးသားဖြစ်ရပါမယ်။ ရှိပြီးသားဆိတ်တွေနဲ့ မရောခင် ရက်အနည်းငယ်သီးခြားထားပြီးတော့လည်း စောင့်ကြည့်သင့်ပါတယ်။ ကောင်းမွန်တဲ့ ကျန်းမာရေးပြုစုစောင့်ရှောက်မှုက နေ့စဉ်အနီးကပ်ပြုစုခြင်းမှ စတင်ပါတယ်။ ဆိတ်တစ်ကောင်ချင်းစီကို အနီးကပ်ကြည့်သင့်ပြီးတော့ ပတ်ဝန်းကျင် အနေအထားပြောင်းလဲမှုကိုလည်း အမြဲသတိထားနေရပါမယ်။ နေ၊ မိုး၊ လေဒဏ် တို့ကို ကာကွယ်ပေးရမှာ ဖြစ်ပြီးတော့ စွမ်းအင်၊ အသား၊ ဗီတာမင်၊ အနည်းလို အာဟာရနဲ့ ရေတို့ကို လုံလောက်အောင်ထောက်ပံ့ထားသင့်ပါတယ်။

 

(၁) ကိုယ်ဝန်ဆောင်ဆိတ်မကြီးကို ကာကွယ်ရမယ့်နည်းလမ်း

နေ့စဉ်လှုပ်ရှားမှုပြုလုပ်ပေးရပါမယ်။ ကိုယ်ဝန်ရင့်လာတာနဲ့ အမျှ စွမ်းအင်နဲ့ အသားဓာတ်ကို ဖြည့်စွက်ကျွေးမွေးရပါမယ်။ တကယ်လို့ မိမိနေရာက ဆီလီနီယံ ချို့တဲ့တဲ့ ဧရိယာဖြစ်ပါက ဗီတာမင် အီးနဲ့ ဆီလီနီယံကို ကလေးမဖွေးမွားမီ ရက် ၆၀ အလိုမှာထည့်ကျွေးရပါမယ်။ ဆေးအဆမများစေရန်လည်း ဂရုပြုရမှာဖြစ်ပြီးတော့ ရုတ်တရက်သေဆုံးခြင်းနဲ့ အဆိပ်သင့်၍ သေဆုံးခြင်းကို တွေ့ရှိရပါက ကလေးမမွေးမီ ၃ပတ်အလိုမှာ Clostridium perfriengens C  နဲ့ D ကိုထိုးပေးရပါမယ်။ ဆိတ်မကြီးကလေးမွေးပြီးမှ သံချဆေးပေးရင်ပိုကောင်းပြီး ကလေးမွေးပြီးချိန်က သံကောင်အများဆုံးကာလလို့ ဆိုနိုင်ပါတယ်။ ဆိတ်မကြီးကို သံချပေးခြင်းကြောင့် ဆိတ်ကလေးငယ်ကို ဖျားနာဒဏ်မခံရစေနိုင်ပါ။

 

 

(၂) အသက် ၃ပတ်မှ ၃လအထိဆိတ်ငယ်ကို ကာကွယ်ရမယ့်နည်းလမ်း

တစ်နှစ်ပတ်လုံးစာ လုံလောက်တဲ့ ကာကွယ်ဆေးတွေကို လိုက်နာဆောင်ရွက်ရပါမယ်။ မေးခိုင်ရောဂါကာကွယ်ဆေးကို ၀.၅ မီလီမီတာနှုန်းနဲ့ ၄ပတ်ခြားပြီး ၂ကြိမ်ထိုးပေးရပါမယ်။ ကူးစက်တတ်တဲ့ ပါးစပ်နာရောဂါ (ပသက်) ကို အမြီးအောက်ဘက် သို့မဟုတ် တံတောင်ဆစ်ကွေးရဲ့ အောက်ဘက်အရေပြားအောက်မှာ ကာကွယ်ဆေးထိုးနိုင်ပါတယ်။ ဆေးထိုးထားတဲ့ နေရာကို ၃ ရက်မြောက်နေ့မှာ အနာဖေးရှိ၊ မရှိ သေသေချာချာ စစ်ဆေးရပါမယ်။ အနာဖေးပေါ်လာတာက ကာကွယ်ဆေးအောင်မြင်တဲ့ လက္ခဏာဖြစ်ပြီးတော့ ရောဂါအဖြစ်များတဲ့ နေရာတွေမှာတော့ ၂နှစ်ခြားပြီး နောက်တစ်ကြိမ်ကာကွယ်ဆေးထိုးပေးရပါမယ်။

 

Clostridium perfriengens Cနဲ့ D ကာကွယ်ဆေးကို သွေးဆိပ်တက်ရောဂါ (အစားလွန်ရောဂါ) ကာကွယ်ရန်ထိုးပေးရပါမယ်။

 

Ckostridium chauvoei /Septicum /Novyi/ Sordellii ကာကွယ်ဆေးတွေကို ပေါင်ပုပ်၊ လက်ပုပ်၊ ဖောရောင်ခြင်းနဲ့ ၎င်းတို့သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

 

ဆီလီနီယံနဲ့ ဗီတာမင်အီးတို့ကို ၃ပတ်၊ ၇ပတ် နဲ့ ၁၂ ပတ်သားတို့မှာ ကျွေးပေးရပါမယ်။

၎င်းဓာတ်တွေချို့တဲ့ပါက လှုပ်ရှားမှုနှေးကွေးခြင်း၊ ကြွက်သားတွေပျက်စီးခြင်းနဲ့ မြေဖြူရောင်ဖြစ်စေတဲ့ ရောဂါကို ခံစားရတတ်ပါတယ်။

ဆိတ်ငယ်တွေက အတွင်းနဲ့ အပြင်ကို ကပ်ပါးပိုးတွေရဲ့ ထိခိုက်မှုကို ခံစားရလွယ်ပါတယ်။

မွှားနဲ့ လှေးပိုးတွေကို ကာကွယ်ပေးရန်အတွက် မကြာခဏသန်ချပေးဖို့လည်း လိုအပ်ပါတယ်။

 

Ref; စိုက်ပျိုးပညာပေးရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ထုတ်ဝေသော ခေတ်မီမွေးမြူရေး နည်းပညာများစာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


S&Z International Co., Ltd ကြော်ငြာ
မြေကောင်း အမြစ်သန် ပင်သီးပွင့်ဝေ "ဟူးမစ်ကေ" See More စိုက်ပျိုးမြေတွေက တစ်နှစ်ထက်တစ်နှစ် အဆီအနှစ်တွေခမ်း‌ ခြောက်လာနေလို့ စိတ်ညစ်နေကြပြီလား.. ? မြေဩဇာတွေ ပေါပေါမသုံးနိုင်တော့ အထွက်တွေ မတက်လို့ ခက်နေပြီလား.. ? အဲ့ဒါတွေအားလုံးကို "ဟူးမစ် ကေ" ကို သုံးပေးလိုက်ရုံနဲ့ ဖြေရှင်းနိုင်ပါတယ် ခင်ဗျာ .. "ဟူးမစ်-ကေ"မှာ "ဟူးမစ်အက်စစ်- ၇၀ % ၊ ဖူးဗစ်အက်စစ် -၆-၁၅ % နဲ့ ပိုတက်ဆီယမ် -၁၀-၁၅%" ပါဝင်ပါတယ်..။ အဲ့ဒါတွေက ဘာတွေကောင်းစေတာလဲဆိုတော့… အဲ့ဒီဓာတ်တွေက နှစ်စဉ်ဆုံးရှုံးသွားတဲ့ မြေဆီမြေနှစ်တွေကို ပြန်လည်အားဖြည့်ပေးပြီး မြေဩဇာကို ရေရှည် အကျိုးပြု ထက်သန်စေတာပါပဲ.. မြေကိုဘယ်လိုအားဖြည့်ပေးတာလဲဆိုတော့ "ဟူးမစ်-ကေ" ကို ထည့်ပေးလိုက်တာနဲ့.. မြေသားဖွဲ့စည်းမှုကို ထိန်းညှိကောင်းမွန်စေတာ၊ မြေစေးတာ ဖွယ်တာတွေကို ထိန်းညှိပေးတာ၊ မြေဆီလွှာ အတွင်းက အကျိုးပြုအဏုဇီဝပိုးတွေကို ပွားများရှင်သန်စေတာ၊ မြေဆီလွှာအတွင်း အာဟာရဓာတ်တွေရဲ့ ဖလှယ်နိုင်မှုကို တိုးတက်ကောင်းမွန်စေတာ မြေချဉ်ငံဓါတ်ကိုလဲထိန်းညှိမျှတစေတာ နဲ့မြေဆီလွှာအတွင်း လေဝင်လေထွက် မျှတစေပြီး အစိုဓာတ်ထိန်းသိမ်းမှုကို မျှတစေတာ စတဲ့အကျိုးကျေးဇူးတွေ အများကြီး ရစေတာမို့ပါပဲ... သူ့ချည်းသာလော.. ဆိုရင်တော့ ပိုသေးသဗျ .. သီးနှံပင်တွေကို အမြစ်အားကောင်းစေပြီး အပင်သန်မာကြီးထွားစေ အထွက်နှုန်းတိုးစေတာလေးပါ အဆစ်ပါသေးဆိုတော့.. ကဲ..တောင်သူဦးကြီးတို့ရဲ့ ပျက်စီးနေတဲ့မြေဆီလွှာတွေကို "ဟူးမစ်-ကေ" နဲ့ အထူးဖြစ်နေအောင် ပြုပြင်လိုက်ကြ ပါစို့ဗျာ.. "ဟူးမစ်-ကေ" ကို သူ့ချည်းသက်သက်မသုံးဘဲ ပုလဲ၊ တီစူပါ၊ ပိုတက်အပြင် တခြား ကွန်ပေါင်းဓာတ်မြေဩဇာတွေနဲ့ လူးနယ်ကြဲပက်အသုံးပြုမယ်ဆိုရင်လည်း ဓါမြေဩဇာများအားလေလွင့်ဆုံးရှုံးမှုမှ ကာကွယ်ပေးပြီး ပိုမိုထူးခြားကောင်းမွန်တဲ့ အကျိုးအာနိသင်ကို ရရှိစေနိုင်မှာဖြစ်ပါတယ်ဗျာ..။ ဪ တစ်ခုကျန်သေးသဗျ ရေပျော်စွမ်းအား ၉၉.၉ % ရှိပြီး ရွက်ဖျန်းအားဆေး များဖြင့်လည်းရာစပ်ပက်ဖျန်း ပင်သီးပွင့် ဝေ စေဖို့ အသုံးပြုနိုင် ပါတယ် ခင်ဗျာ။ အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်- S & Z International Co.,ltd အမှတ်(၁၆)၊ပျဥ်းကတိုးလမ်း၊(၃၄) ရပ်ကွက်၊ဒဂုံမြို့သစ်မြောက်ပိုင်း၊ရန်ကုန် Ph No-09797944994
Read more S&Z facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်