အစိမ်းရောင်လမ်း
ဆေးဘက်ဝင် မုန်ညင်းဖြူ

ဆေးဘက်ဝင် မုန်ညင်းဖြူ

Green Way
Green Way Greenovator 17/01/2020

မြန်မာအမည် - မုန်ညင်းဖြူ

အင်္ဂလိပ်အမည် - Chinese Mustard

ပေါက်ရောက်သည့်ဒေသ။   ။ မြန်မာနိုင်ငံ အနှံ့အပြားတွင် ဟင်းသီးဟင်းရွက်အဖြစ် စိုက်ပျိုးသည်။ အထူးသဖြင့် အေးမြသောရာသီဥတုရှိသည့် တောင်တန်းဒေသများတွင် ပိုမိုဖြစ်ထွန်းသည်။

ပေါက်ရောက်ပုံ။    ။ စိုက်ပျိုးပင်ဖြစ်သည်။

အသုံးပြုသည့်အစိတ်အပိုင်း။ ။ မုန်ညင်းစေ့၊ မုန်ညင်းဆီ။

အာနိသင်။ ။ မြန်မာ့ဆေးကျမ်းများအလိုအရ မုန်ညင်းသည် စပ်ခါးသောအရသာရှိ၍ ပူသောသတ္တိရှိ၏။ ထက်မြက်၏၊ ဝမ်းမီးကိုတောက်စေ၏၊ သလိပ်တို့ကို ကင်းငြိမ်းစေ၏။ သွေးအန်၊ သွေးကျ၊ နူနာ၊ ယားယံခြင်းကို ပျောက်ကင်းစေ၏။

အသုံးပြုပုံ

အစေ့

မုန်ညင်းဖြူစေ့ကို ကွမ်းစားဂမုန်းနှင့်သွေးပြီး လိမ်းသော် အဆစ်ရောင်ခြင်း ပျောက်၏။

အဆီ

၁။ မုန်ညင်းဆီအနည်းငယ်ကို အအေးလွန်၍ ကိုက်သော နားနာကို ခတ်ပေးပါက ပျောက်ကင်း၏။

၂။ မုန်ညင်းဆီ၊ မရိုးရွက်ရည်၊ နနွင်းတက် ၎င်းသုံးမျိုးကိုရောချက်၍ ဆီကျန်လျှင် စစ်ယူပြီး ပွေးနာ၊ ယားနာများကိုလူးပေးပါက ပျောက်ကင်းသည်။

၃။ မုန်ညင်းဆီကို ပရုတ်နှင့်ချက်၍ ကလေးများ ဗိုက်နာခြင်း၊ အဆုတ်အအေးမိခြင်း၊ နှာစေးချောင်းဆိုးခြင်းများအတွက် လိမ်းဆေး သို့မဟုတ် အုပ်ဆေးအဖြစ်အသုံးပြုရပါသည်။

၄။ ဘေလုံးရောဂါ၊ သွေးဖျဉ်းရောဂါ၊ မြင်းသရိုက်ရောဂါ၊ လေထိုး လေအောင့် ရောဂါများအတွက် မုန်ညင်းဆီကို အနည်းငယ်သောက်ပေးခြင်း၊ ရောဂါဖြစ်ရာနေရာတွင် ပွတ်၍လိမ်းပေးခြင်းဖြင့် ပျောက်ကင်းစေသည်။

၅။ ထိပ်ကပ်နာရှိသူများ ညအိပ်ရာဝင်ချိန် နှာခေါင်းတွင်းသို့ မုန်ညင်းဆီ အနည်းငယ်ထည့်ပေးပါက ပျောက်ကင်း၏။

၆။ ကလေးများ မက္ခရုနာပေါက်လျှင် မုန်ညင်းဆီဖြင့် သုံးခါမျှ လိမ်းပေးရုံဖြင့် မက္ခရုများ ကြွေကျ ပျောက်ကင်း၏။

၇။ ခေါင်းကိုက် ခေါင်းအုံလျှင် ဦးခေါင်းတွင် မုန်ညင်းဆီ ထည့်လိမ်းပေးခြင်းဖြင့် ပျောက်ကင်းနိုင်သည်။

၈။ ဇက်ကြောတက်၊ မျက်ရိုးကိုက်သည့်နေရာများသို့ မုန်ညင်းဆီ လိမ်းပေးပါကလည်း ပျောက်ကင်းပါသည်။

၉။ အထုံအကျဉ်၊ အချိအနဲ့၊ အကြောဆွဲ၊ လက်ကပ်၊ ခြေကပ်ဖြစ်လျှင် မုန်ညင်းဆီ တစ်ဆ၊ နှမ်းဆီ တစ်ဆကို တောင်ဆိတ်ဆီ သို့မဟုတ် တောဆိတ်ဆီနှင့် ဖျော်၍ ပွတ်လိမ်းပေးက ပျောက်ကင်း၏။

၁၀။ လည်ပင်းကြီးရောဂါအတွက် မုန်ညင်းဆီတစ်ဆ၊ နှမ်းဆီ တစ်ဆကို စပါးကြီးသည်းခြေနှင့် ဖျော်၍ လည်ပင်းတွင် စုတ်နှင့်ထိုးပြီး ပဉ္စကာနီသီး သို့မဟုတ် ဖရဲသီးကို အခြောက်လှန်း သွေးလိမ်းပါက ပျောက်ကင်းပါ၏။

၁၁။ အနာပျက်၊ အနာဆွေးများတွင် မုန်ညင်းဆီလိမ်းက ပျောက်၏။

၁၂။ မုတ္တကျသူများ မုန်ညင်းဆီဖြင့် နှိပ်နယ်လိမ်းပေးက ပျောက်ကင်း၏။

၁၃။ လူကောင်းများ ကိုယ်တွင်လိမ်း၍ အိပ်ပေးပါက ဝဲနာ၊ ယားနာ၊ နူနာ၊ လေနာများမှ ကင်းဝေးစေ၏။

မုန်ညင်းဖြူက စိုက်ပျိုးစားပင်ဖြစ်တဲ့အပြင် ဆေးဖက်ဝင်ကြောင်းကို တင်ပြပေးလိုက်ပါတယ်။

Source - မြန်မာ့ဆေးဘက်ဝင်အပင်များ

You
Greenovator

အကြောင်းအရာ ပံ့ပိုးသူ

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

ဆက်စပ်မေးခွန်းများ

ဆရာ ဒို့ဦးလေး ခင်ဗျ ရေ ။ EM ။ FAA စသည် အရည်တို့မှာ ဘယ်ဂဏန်း နံပါတ်တွေဆို စိုက်ပျိုးရေး သစ်ပင်းတိုင်းမှာ သုံးလို့ ဆင်ပြေပါသလဲ ခင်ဗျ ကျေးဇူးပါ

ကိုညိမ်းရွှေ • ဖြေကြားချက် 0 ခု

ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။

အောင်ပိုင်ထွေး • ဖြေကြားချက် 0 ခု

စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ

Theint Theint Nway • ဖြေကြားချက် 1 ခု

ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်း‌‌ဖော်လိုက်ရင်‌အဆင်‌ ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။

Kaung Pyae Kyaw • ဖြေကြားချက် 1 ခု

အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား

သန်းထိုက်အောင် • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....