ဥသျှစ်ပင်၏ ဆေးစွမ်းကောင်းများ

28/11/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 

မျိုးရင်း။    ။ Rutaceae ( ရှောက်မျိုးရင်း)

ပင်လတ်မျိုးဖြစ်၍ အမြင် ၂၅ ပေခန့်အထိ မြင့်သည်။ အခေါက်ကြမ်းပြီး ညိုဖျော့ဖျော့အရောင်ရှိသည်။ အပွေးများ အစင်းလိုက်ရှိသည်။ အကိုင်းအခက်များ ရှုပ်ထွေးပြီး သန်မာသည်။  ၁ လက်မ ခန့်ရှည်သော ဆူးချွန်များ အလှည့်ကျ ထွက်သည်။ အပွင့်သည်ကြီးမားပြီး အဖြူရောင်ရှိသည်။ မွှေးသည်။ ကဆုန်၊ နယုန်လများတွင် ပွင့်သည်။ အသီးသည် စိမ်းဝါရောင်ရှိ၍ ကြီးမာသည်။ လုံးဝိုင်းပုံဖြစ်ပြီး အပေါ်ခွံမာကျောသည်။ အတွင်း၌လိမ္မော်ရောင်အစေးများဖြင့် လိမ်းကျံနေသော အစေ့များရှိသည်။ နယုန်လမှာပင် အသီးကင်းထွက်သည်။ 

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ပေါက်ရောက်သည်။ သဘာဝအလျောက် ပေါက်ရောက်သော အပင်အမျိုးအစားဖြစ်သည်။  

မြန်မာဆေးကျမ်းများအလိုအရ ဥသျှစ်သီးမှည့်သည် ချိုသည်။ ပူသည်။ အနည်းငယ်စပ်ရှိန်း၍ သလိပ်ကို ယုတ်လျော့စေသည်။ သွေးကိုပွားစေခြင်း၊ လေသလိပ်၊ သည်းခြေနာ၊ အစာမကြေနာနှင့်အပူကို နိုင်သည်။ ဝမ်းကို ရွှင်စေသည်။  အဖျားကို နှိမ်နင်းနိုင်သည်။

အသုံးပြုပုံ အရွက်

၁။ ဥသျှစ်ရွက်ပေါင်းတိုက်ရည်ကို ကြွေဇွန်းငယ်တစ်ဇွန်းခန့် တိုက်ပေးပါက ကလေးများ ဝမ်းပျက်ရောဂါနှင့် ချွဲသလိပ်ကျပ်ရောဂါ ပျောက်ကင်းသည်။

၂။ ဥသျှစ်ရွက်ကို ကြိတ်၍ မျက်စိ၌ ကွင်းပေးပါက မျက်စိနာရောဂါ ပျောက်သည်။

၃။ ဥသျှစ်ရွက်ညှစ်ရည်ကို နံနက် ည သောက်ပေးပါက ဖျားခြင်း၊ မျက်ရည်ပူယိုခြင်း၊ ချောင်းဆိုးခြင်းများ ပျောက်သည်။

၄။ အနာ၊ အဖုအပိန့်များကို ၎င်းအရွက်စိမ်း ကြိတ်၍ အုံပေးပါက နုလျှင် ပိန်၍ ရင့်လျှင် ပြည်ပေါက်သည်။

၅။ ကလေးများ သန်ထလျှင် ဥသျှစ်ရွက်ညစ်ရည်ကို အရွယ်အလိုက်ချင့်၍ တိုက်ပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။

၆။ ဥသျှစ်ရွက်ညှစ်ရည်ကို သောက်ခြင်း၊ လိမ်းခြင်းဖြင့် ဖောရောင်သော ရောဂါပျောက်သည်။ တစ်နေ့ ၂ ကြိမ်၊  ၃ ကြိမ် သောက်ပါက လေချဉ်တက်ခြင်း၊ လည်ချောင်းပူခြင်းများ ပျောက်သည်။

၇။ ဥသျှစ်ရွက်နုကို ကြိတ်၍ရသော အရည်ကို နေ့စဉ်သောက်ပေးပါက ဆီးချိုရောဂါ ပျောက်သည်။

၈။ ဥသျှစ်ရွက်နုကို သုပ်စားလျှင် နားမှ သွေးထွက်သော ရောဂါ ပျောက်သည်။

အသီး၏ အသုံးပြုပုံ

၁။ ဥသျှစ်သီးအစိမ်းအတွင်းသားကို သကြားနှင့် ရောစားပါက ဝမ်းအလွန်သွားခြင်းနှင့် အစာမကြေဝမ်းသွားခြင်းများ ပျောက်ကင်းစေသည်။ အသီးမှည့်ကို ထန်းလျက်နှင့်ရောစားက သွေးဝမ်းသွားခြင်း ပျောက်သည်။

၂။ ဥသျှစ်မှည့်အနှစ်ကို  ကြိတ်၍ ဆန်ဆေးရည်နှင့်သောက်သော် ကိုယ်ဝန်နှင့် အော့အန်ခြင်း ပျောက်သည်။

၃။ ဥသျှစ်ဖျော်ရည်သောက်ခြင်း၊ ဥသျှစ်ရွက် ဟင်းချက်စားခြင်းဖြင့် အပူငုပ်ခြင်းပျောက်သည်။

၄။ ဥသျှစ်ကင်းနှင့် ချင်းခြောက်ထောင်း၍ ကျိုသောက်သော  ဆီးလွန်ရောဂါ ပျောက်သည်။

၅။ ဥသျှစ်ဖျော်ရည်နှင့် နွားနို့ရောသောက်ပေးခြင်းဖြင့် သွားဖုံးမှ သွေးစီးယိုခြင်း၊  အဖုအပိမ့်ထခြင်း၊ နာကျင်ကိုက်ခဲခြင်းတို့ကို ပျောက်ကင်းစေနိုင်သည်။

၆။ ဥသျှစ်သီးမှည့်ဖျော်ရည်သည် ဝမ်းအလွန်သွားခြင်း၊ အလွန်ချုပ်ခြင်းကို ပျောက်ကင်းစေသည်။

Source - မြန်မာ့ဆေးဝါးပင်များ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်