ပြည်ပဝယ်လိုအားများလာသဖြင့် ငရုတ်သီးဈေးကွက် ကောင်းမွန်နေသော်လည်း အရည်အသွေးပြည့်မီသည့်ငရုတ်သီးရရှိရန် ခက်ခဲနေ
ပြည်ပဝယ်လိုအားများလာသဖြင့် ငရုတ်သီးဈေးကွက် ပြန်လည်ကောင်းမွန်နေသော်လည်း အရည်အသွေးပြည့်မီသည့် ငရုတ်သီးများရရှိရန် ခက်ခဲနေကြောင်း မြန်မာ့ငရုတ်သီး ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရသည်။
ငရုတ်သီးအမှည့် (အနီ)တွေ ဈေးတက်လာတယ်။ တရုတ်ပြည်ကလည်း ဝယ်လက်တွေဆင်းဝယ်လာတယ်။ ယိုးဒယားဘက်မှာလည်း ဈေးတက်နေတယ်။ ဘာကြောင့်ဈေးတက်တာလဲဆိုတော့ ဗီယက်နမ်နိုင်ငံမှာက ငရုတ်သီးတွေ ပြည်ပထွက်ခွင့် ပိတ်ထားတယ်။ ဗီယက်နမ်ကလည်း ငရုတ်သီးအရမ်းစိုက်တဲ့နိုင်ငံလေ။ ဟိုးတလောကဆိုရင် ဗီယက်နမ်ကနေ ထိုင်းကို ငရုတ်သီးတွေသွင်းတာကြောင့် မြန်မာနိုင်ငံရဲ့ငရုတ်သီးဈေးကွက် ကျဆင်းမှုရှိခဲ့တယ်။ အခု ဗီယက်နမ်က ပြည်ပကို ငရုတ်သီးထွက်ခွင့် ပိတ်လိုက်တာကြောင့် ငရုတ်သီးလိုအပ်ချက်က ပြန်ရှိလာတာ။ ဈေးကွက်ကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင်တော့ မြန်မာ့ငရုတ်သီးတွေ အခုထက်ပို အရည်အသွေးပြည့်မီလာဖို့ လိုအပ်နေပါတယ်။
ဟု မြန်မာ့ငရုတ်သီး ဈေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ ဥက္ကဌ ဒေါ်ဥမ္မာကျော်က ပြောသည်။
ပြည်တွင်း၌ထွက်ရှိသည့် ငရုတ်သီးအများစု Export အရည်အသွေး စံချိန်စံညွှန်းမပြည့်မီရခြင်းမှာ မြေ၊ ရေ၊ ရာသီဥတုတို့အပြင် မျိုးကောင်းမျိုးသန့်၊ စိုက်နည်းစနစ် စသည့် အကြောင်းရင်းအမျိုးမျိုးရှိနေကြောင်း ဈေးကွက်ကျွမ်းကျင်သူများထံမှ သိရသည်။
ဖြစ်ချင်တော့ မြန်မာ့ငရုတ်သီးတွေက ကျောက်ပန်းတောင်း၊ ရမည်းသင်း၊ နတ်မောက်တို့ဘက်မှာ အထွက်များတယ်။ ထွက်ပေမယ့် တချို့တောင်သူတွေက ငရုတ်သီးတွေ စိုက်ထားတာ F1 မျိုးတွေကို ပြန်ပြီးတော့ မျိုးခံပြီးတော့ စိုက်ထားတာဖြစ်နေတယ်။ တကယ်တော့ F1 မျိုးကို မျိုးခံစိုက်ပျိုးမယ်ဆိုရင် အရည်အသွေးပိုင်းမှာ စံချိန်စံညွှန်းမပြည့်မီဘူး။ ဒီတော့ ဈေးကွက်ကကောင်းနေတော့ ငရုတ်တွေကို အသည်းအသန်လိုက်ဝယ်ပေမယ့် အရည်အသွေးကောင်းတဲ့ငရုတ်သီးရရှိဖို့ ခက်ခဲနေတယ်။ ထိုင်းနိုင်ငံကို တင်ပို့မယ်ဆိုရင်တော့ နီးတဲ့အတွက် အခုလောက် အရည်အသွေးစစ်ဆေးဖို့မလိုပေမယ့် တရုတ်နိုင်ငံကိုကျတော့ ပို့ရတာဝေးတဲ့အတွက် ငရုတ်သီးအရည်အသွေးညံ့တယ်ဆိုရင် လမ်းခရီးမှာ ဒဏ်မခံနိုင်လောက်ဘူး ဖြစ်နေတယ်။
ဟု ငရုတ်သီးကုန်သည်တစ်ဦးက ပြောသည်။
ဈေးကွက်လိုလားမှုရှိသည့် မျိုးကောင်းမျိုးသန့်များ ရရှိပြီး စိုက်ပျိုးနိုင်စေရန်၊ Post-harvest Technology (ရိတ်သိမ်းချိန်လွန် နည်းပညာ)၊ GAP-Good Agricultural Practices (စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ) စသည့် စိုက်ပျိုးစနစ်များကို တောင်သူများ နားလည်သိရှိပြီး ပြည်တွင်း၌ အရည်အသွေးကောင်းမွန်သည့်သီးနှံများ ထုတ်လုပ်နိုင်စေရန်အတွက် နည်းပညာပေးလုပ်ငန်းစဉ်များ၊ စိုက်ပျိုးစရိတ် ပံ့ပိုးကူညီထောက်ပံ့ပေးမှုများ လိုအပ်နေကြောင်း သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်
ဦးနေလင်းထက် • ဖြေကြားချက် 2 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ
Nay L H • ဖြေကြားချက် 2 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
Aye Chan Min • ဖြေကြားချက် 1 ခု
ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး
MgMinlwinsoe • ဖြေကြားချက် 5 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022