ပဲတီစိမ်းဓာတုဓာတ်ကြွင်းပါ၀င်မှုကို စက်ဖြင့်စစ်ဆေးပြီးမှသာ ၀ယ်ယူရန် ကုန်သည်များစီစဉ်နေ

03/01/2026 11:00 AM တွင် AMIA AMIA မှ ရေးသား

စိုက်ပျိုးသူတောင်သူလယ်သမားများထံမှ ပဲတီစိမ်းကို ပိုးသတ်ဆေးအပါအ၀င် ဓာတုဓာတ်ကြွင်းပါ၀င်မှုအခြေအနေကို စက်ဖြင့်စစ်ဆေး ပြီးမှ ၀ယ်ယူရန် ကုန်သည်များက စီစဉ်နေကြောင်း သိရသည်။

တောင်သူလယ်သမားများထံမှ ပဲတီစိမ်းများ၀ယ်ယူရာတွင် ဓာတုဓာတ်ကြွင်းပါ၀င်မှု ရှိမရှိ စစ်ဆေးရန်အတွက် ဓာတ်ကြွင်းစစ်ဆေးသည့် စက်များကို ကုမ္ပဏီများက ၀ယ်ယူ အသုံးပြုရန်ပြင်ဆင်နေသည်။

ပဲတီစိမ်းတွင် ဓာတုဓာတ်ကြွင်းများလျှင် ဈေးရရှိရန်ခက်ခဲမည့်အခြေအနေမျိုးဖြစ်နေပြီး စိုက်ပျိုးချိန်မှစတင်ပြီး GAPစနစ်ကို ကောင်းစွာလိုက်နာဆောင်ရွက်ခဲ့ပါက အခွင့်အလမ်းကောင်းများရနိုင်မည့်ဟုလည်း တောင်သူတစ်ချို့က မျှော်လင့်နေကြသည်။

“ဓာတ်မြေဩဇာ သုံးစွဲတယ်ဆိုပေမယ့် သိုလှောင်တဲ့ အခါမှာကလည်း အရေးကြီးပါတယ်။ တချို့ကုန်သည်တွေက အတက်ဈေးကို စောင့်ပြီးရောင်းလိုက်..တောင်သူ ဈေးအကျချိန်ကို ကြိုဝယ်လိုက်နဲ့ဆိုတော့ ပိုးမတက်အောင်စသဖြင့် ထားရတာတွေလည်း ရှိတယ်။ တောင်သူတွေအနေနဲ့က ဓာတ်မြေဩဇာတွေ ဈေးမြင့်တော့ ချိန်ပြီး သုံးစွဲနေရတယ်”ဟု ခရမ်းဖက်မှ တောင်သူတစ်ဦးက ဆိုသည်။

ပဲတီစိမ်းတွင် ဓာတုဓာတ်ကြွင်းများ မြင့်မားစွာကျန်ရှိနေခြင်းက တောင်သူများမှာသာမက သိုလှောင်ရောင်းချသည့် ကုန်သည်များလည်း ဂရုစိုက်ရန်လိုအပ်သည်။ သိုလှောင်ထားချိန်တွင် အရည်အသွေးနှင့် ထိခိုက်ပျက်ဆီးမှုမရှိ‌စေရန် ပိုးသတ်ဆေးအပါအ၀င် ဓာတုဆေးများသုံးစွဲမှုကိုဂရုစိုက်သင့်သည်ဟုတောင်သူအချို့ကပြောသည်။

မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို မကွေး၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာ၀တီနှင့် ရန်ကုန်တိုင်း၊ မွန် ၊ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးပြီး တစ်နိုင်ငံလုံး စိုက်ဧကစုစုပေါင်း ၂ဒသမ၈ သန်းကျော်ရှိသည်။ တစ်နှစ်ပဲတီစိမ်း တန်ချိန် ၁ဒသမ ၄ သန်းကျော်ထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ ၆၀ ရာခိုင်နှုန်းကျော် တင်ပို့ရောင်းချသည်။

ယခုနှစ် မိုးရာသီ‌ နှောင်းပိုင်းတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကြောင့် တရုတ်နိုင်ငံမှ ပဲတီစိမ်းတန်ချိန် ၁၀,၀၀၀ ကျော် ပြန်ပို့သည့်ဖြစ်စဉ်ဖြစ်ခဲ့သည်။ ထိုကဲ့သို့ ပိုးသတ်ဆေးဓာတ်ကြွင်းများသည့် ဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး‌နောက် တရုတ်က မြန်မာ့ပဲတီစိမ်း ၀ယ်ယူမှုရပ်တန့်ခဲ့သည်။ ထို့နောက်နှစ်နိုင်ငံအစိုးရတာ၀န်ရှိသူများ ညှိနှိုင်းပြီး‌နောက် မြန်မာ့ပဲတီစိမ်းကို ပြန်လည်တင်သွင်းရန်ခွင့်ပြုပေးသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်