မတ်ပဲနှင့် ပဲတီစိမ်း(ရွှေဝါ)ကို မှန်ကန်စွာ ရွေးချယ်စိုက်ပျိုးနိုင်ရန်အတွက် ကြေငြာချက် တစ်စောင်ကို ထုတ်ပြန်

04/10/2016 11:38 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
၂၀၁၆ အောက်တိုဘာလ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) မှ မတ်ပဲနှင့် ပဲတီစိမ်း(ရွှေဝါ)ကို မှန်ကန်စွာ ရွေးချယ်စိုက်ပျိုးနိုင်ရန်အတွက် ကြေငြာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ပါသည်။ အပြည့်အစုံမှာ
 
မကြာမှီ ဆောင်းသီးနှံအဖြစ် စိုက်ပျိုးထုတ်လုပ်မည့် မတ်ပဲ၊ ပဲတီစိမ်း (ရွှေဝါ)နှင့် ပတ်သက်၍ ပဲတီစိမ်း(ရွှေဝါ)ကို ယခင်နှစ်ပေါင်းများစွာကတည်းက ပုံမှန် စိုက်ပျိုးထုတ်လုပ်သည့် ဒေသများတွင် ယခုနှစ်၌ လက်ရှိဈေးနှုန်းကွာဟချက်ကြောင့် မတ်ပဲများကို အစားထိုးစိုက်ပျိုးရန် ပြင်ဆင်နေသည်ကို လေ့လာတွေ့ရှိရပါသည်။ 
သို့ဖြစ်ပါ၍ အထက်ပါကိစ္စနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း နှင့် ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ဘုရင့်နောင်ကုန်စည်ဒိုင်) တို့ ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်နေ့၌ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစိးဌာနတွင် ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးချက်များအရ
(၁) ဈေးကွက်၏ အခြေခံသဘောတရား (Supply and Demand) 
(၂) ဈေးကွက်၏ သတင်းအချက်အလက်နှင့် ဖြစ်နိုင်ခြေရှိသော ဈေးကွက်အလားအလာ (Market Information and Potential Market Price)
(၃) ဈေးကွက် နှင့် အရည်အသွေး လိုအပ်ချက် (Market price against quality) 
 
(၁) ဈေးကွက်၏ အခြေခံသဘောတရား (Supply and Demand)  အရ ဝယ်ယူသောနိုင်ငံများ၏ ဝယ်ယူနိုင်သော ပမာဏထက် ပိုမိုထုတ်လုပ်မည်ဆိုပါက ဈေးနှုန်းအပေါ် တိုက်ရိုက် သက်ရောက်မှုရှိနိုင်သည်ကို သတိပြုစေလိုပါသည်။
 
(၂) ဈေးကွက်၏ သတင်းအချက်အလက်နှင့် ဖြစ်နိုင်ခြေရှိသော ဈေးကွက်အလားအလာ အရ
(က) ယခုလက်ရှိအချိန်တွင် ပဲအများဆုံးဝယ်ယူသည့် အိန္ဒိယနိုင်ငံတွင် ပဲစိုက်ဧကမှာ ယခင်နှစ်ကထက် ပိုမိုကြောင်း သိရပါသည်။
(ခ) ပဲတီစိမ်းအဓိက စိုက်ပျိုးထုတ်လုပ်ရောင်းချသည့် နိုင်ငံဖြစ်သော တရုတ်နိုင်ငံတွင် ယခုနှစ်၌ ရာသီဥတု ဖောက်ပြန်မှုကြောင့် ယင်းတို့၏ ထုတ်လုပ်မှု လျော့နည်းကျဆင်းခြင်းနှင့် ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ကို ကြားသိနေရပါသည်။ 
 
အထက်ဖော်ပြပါ အပိုဒ် (က) နှင့် အပိုဒ် (ခ)ပါ အကြောင်းအရာများကို သတိပြုဆင်ခြင်၍ လာမည့်နှစ်တွင် ဖြစ်ပေါ်လာမည့် ဈေးကွက်တွင် ယခုနှစ်ကဲ့သို့ မတ်ပဲနှင့် ပဲတီစိမ်း(ရွှေဝါ) ဈေးနှုန်းကွာဟချက်များအတိုင်း ဖြစ်ပေါ်လာမည်ဟု မှန်းဆရန် များစွာ အကန့်အသတ်ရှိနိုင်ပါသည်။
 
(၃) ဈေးကွက်နှင့် အရည်အသွေးလိုအပ်ချက်အရ ယခုအခါ ဥရောပနိုင်ငံများနှင့် ဂျပန်၊ ကိုရီးယား အစရှိသည့် နိုင်ငံများမှ အရည်အသွေးပြည့်မှီသည့် ပဲတီစိမ်း(ရွှေဝါ)များကို ပိုမိုဝယ်ယူရန် ပြင်ဆင် လုပ်ဆောင်နေကြောင်း သိရှိရပါသည်။ ပဲတီစိမ်း(ရွှေဝါ) များကို အရည်အသွေးပြည့်မှီစွာ စိုက်ပျိုးထုတ်လုပ်နိုင်ပါက အထက်ဖော်ပြပါ နိုင်ငံများအပြင် အခြားဈေးကွက်များကိုလည်း တိုးချဲ့နိုင်ခြင်းတို့ကြောင့် ဈေးကွက် အလားအလာကောင်းသော ပဲတစ်မျိုးဖြစ်ပါသည်။ 
ထို့ကြောင့် တောင်သူများအနေဖြင့် အထက်ပါ အကြောင်းအရာများကို ချိန်ဆ၍ ဈေးကွက်အလားအလာကောင်းသည့် ပဲမျိုးကို အချိန်မီ မှန်ကန်စွာ ရွေးချယ်စိုက်ပျိုးသင့်ကြောင်း အကြံပြုအသိပေးအပ်ပါသည်။ 
 
မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း နှင့် 
ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း 
(ဘုရင့်နောင်ကုန်စည်ဒိုင်)

Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်