ရေရှည်တည်တံ့ခိုင်မြဲသော စပါးစိုက်ပျိုးထုတ်လုပ်မှု စံချိန်စံညွှန်းများအကြောင်းသင်တန်းအား မိတ်ဆက်ခြင်း

14/12/2020 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Helvetas မြန်မာ Helvetas မြန်မာ မှ ပေးပို့ထားပါသည်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ စပါးစိုက်ပျိုးထုတ်လုပ်ဖို့ ဘာကြောင့်ပြောင်းလဲသင့်တာလဲ?

ခုဆိုရင် ဆန်ဝယ်လိုအား/ ဆန်စားသုံးမှုဟာ မြင့်တက်လာပါပြီ။ စားသုံးမှု၊ ဝယ်လိုအားတွေမြင့်တက်လာတဲ့အတွက် ကုန်ထုတ်စွမ်းအားတွေ တိုးလာဖို့လည်း လိုပါတယ်။

ဒါ့ကြောင့် ဆန်အထွက်များအောင် ဘယ်လိုစိုက်သင့်လဲ?

- စိုက်ပျိုးမြေတွေ တိုးချဲ့စိုက်ပျိုးကြမလား

- အထွက်နှုန်းကောင်းအောင် မြေဩဇာတွေပိုကျွေးကြမလား

- ပိုးသတ်ဆေးတွေ ပိုသုံးကြမလား

ဘာတွေလုပ်သင့်သလဲ???

SRP စနစ်ဆိုတာကတော့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ 

အောက်က ဗီဒီယိုလေးကတော့ SRP ဆိုတာဘာလဲ၊ SRP ကို ဘာကြောင့်ရွေးချယ်သင့်သလဲဆိုတာကို ပြောပြပေးထားတဲ့ သင်တန်းဗီဒီယိုလေးပဲဖြစ်ပါတယ်။ လေ့လာကြည့်ပေးကြပါဦးရှင်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်