ရေရှည်ဈေးကွက်အလားအလာကောင်းမွန်နိုင်သည့် ထောပတ်ပင်ကို တောင်သူများတိုးချဲ့စိုက်ပျိုးလာကြ

05/10/2020 21:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ရေရှည်တွင် ဈေးကွက်အလားအလာများ ကောင်းမွန်လာနိုင်သည့် ထောပတ်ပင်ကို တောင်သူများ တိုးချဲ့စိုက်ပျိုးလာကြကြောင်း ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်သူများထံမှ သိရသည်။

ပြည်ပတင်ပို့ရောင်းချမှုကို အခုထက် ပိုကောင်းမွန်လာဖို့၊ ဈေးကွက်ကောင်းတွေရရှိလာဖို့အတွက် ထောပတ်အသင်းကလည်း ဦးဆောင်ကြိုးပမ်းနေတာမို့ ထောပတ်က ရေရှည်အတွက် အလားအလာကောင်းတဲ့ သီးနှံတစ်ခုပါ။ ဒါ့ကြောင့် ကျွန်တော်ဆိုရင်လည်း ထောပတ်ခြံတွေ တိုးချဲ့စိုက်ပျိုးဖို့ စီစဉ်နေပါတယ်။ သို့သော် ပြည်တွင်းဈေးကွက်မှာပဲ ရောင်းရောင်း၊ ပြည်ပတင်ပို့မှုပဲလုပ်လုပ် အရည်အသွေးထိန်းသိမ်းစိုက်ပျိုးမှသာ ဈေးကောင်းရရှိမှာပါ။ ပြည်တွင်းဈေးကွက်ကိုလည်း အသီးကောင်းကောင်းတွေနဲ့ ထိုးဖေါက်သင့်ပါတယ်။

ဟု ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အနီး၊ ဝင်းယစံပြကျေးရွာမှ ထောပတ်စီးပွားဖြစ်စိုက်ပျိုးသူ ကိုနိုင်လင်း က ပြောသည်။ 

    ထောပတ်သီးကို ပြည်တွင်းဈေးကွက်အပြင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံများသို့ နည်းလမ်းအမျိုးမျိုးဖြင့် တင်ပို့ရောင်းချနေပြီး၊ COVID-19 ကာလ မပြီးပြတ်သေးပါက လာမည့်ထောပတ်ရာသီအတွက် ဈေးကွက်အခြေအနေ ခန့်မှန်းရခက်ခဲကြောင်း သိရသည်။

ထောပတ်သီးရာသီချိန်က ဒီဇင်ဘာလကုန်ကျော်မယ်။ ထောပတ်သီးက ဒေသအလိုက် ရာသီအစောသီးတာ ရှိတယ်။ နောက်ကျသီးတာလည်း ရှိတယ်။ ကျွန်တော့်အမြင်နဲ့ပြောရရင် ဈေးကွက်အတော်များများက တရုတ်နိုင်ငံရဲ့၀ယ်လိုအားက အများဆုံးပါ။ ပုံမှန်ဆို ထောပတ်သီးက ဈေးကွက်ကောင်းမွန်ပါတယ်။ လက်ရှိမှာ ကိုဗစ်ရောဂါအခြေအနေနဲ့ဆိုတော့ နည်းနည်းတော့ မှန်းရခက်နေတယ်။

ဟု ကိုနိုင်လင်း က ဆက်လက်ပြောသည်။ 

    ထောပတ်သီး (ဒေသသီး) များသည် အများအားဖြင့် ဈေးနှုန်းပုံမှန်မရှိဘဲ၊ ထောပတ်ကိုင်းဆက်မျိုးများအနက်မှ HASS မျိုးများကို လူကြိုက်များ၍ ဈေးကွက်ပိုမိုကောင်းမွန်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်