ဗုဒ္ဓဟူးနေ့ ညချမ်းလေးပါရှင့်
ဒီတစ်ပတ်အတွက် ပဟေဠိ အသစ်လေးကိုစောင့်မျှော်နေကြတယ်ဆိုရင်တော့ အခုပဲသွားဖြေလိုက်ပါတော့နော်..
ကံစမ်းပေးတဲ့ ဆုငွေတွေကတော့
၄၀၀၀ ကျပ်
၃၀၀၀ ကျပ်
၂၀၀၀ ကျပ် တို့ပဲဖြစ်ပါတယ်နော်။
ဆော့ဝဲထဲမှာ ဖြေဆိုသူတွေထဲက ၂ ဆု ၊
ဖေ့ဘုတ် ကောမန့်မှာ ဖြေဆိုသူတွေထဲက ၁ ဆု မဲနှိုက်ရွေးချယ်သွားမှာပါ..
ကောမန့်မှာကံစမ်းလိုသူတွေအနေနဲ့ ဖေ့ဘုတ်မှာတင်ထားတဲ့ ပို့စ်လေးကို like and share လုပ်ထားတဲ့ စခရင်ရှော့နဲ့ အဖြေမှန်ကို ကောမန့် မှာရေးရင် တစ်ဆုကို ကံစမ်းနိုင်ပါပြီ
ဆော့ဝဲထဲမှာဖြေမယ်ဆိုရင်တော့ အောက်ကလင့်ကိုနှိပ်ပါ..
ဆော့ဝဲထဲမှာ တင်ထားတဲ့ ဆောင်းပါးတွေထဲက ပြန်မေးတာမို့ မသိဘူးဆိုရင်တောင် လေ့လာလို့ရနိုင်ပါသေးတယ်နော်…
နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့မှာ အဖြေမှန်လေးနဲ့ ပြန်တွေ့ကြမယ်နော်...
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်