တရုတ်ကို မြန်မာ့ဖရဲ တန်ချိန် (၈) သိန်းဝန်းကျင်ခန့် တင်ပို့နိုင်
ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့ဖရဲ တန်ချိန်(၈)သိန်းဝန်းကျင်ခန့် တင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
ယခုနှစ်အတွင်း ဖရဲတန်ချိန်မှာ အရင်နှစ်ကာလတူထက် အနည်းငယ်လျော့ဆင်းနေတာဖြစ်တဲ့အတွက် (၈) သိန်းဝန်းကျင်ခန့်သာ တင်ပို့နိုင်တာဖြစ်ကြောင်း မြန်မာနိုင်ငံဖရဲ ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဌ ဦးနိုင်ဝင်းက ပြောပါတယ်။
“ဖရဲက အရင်နှစ်ကာလတူနဲ့နှိုင်းယှဉ်ရင် နည်းနည်းတော့ လျော့သွားတယ်။ ကားလမ်းအခြေအနေကြောင့်လည်း ပါတယ်။ အဲဒါကြောင့် လျော့နည်းသွားတာပေါ့။ အောက်တိုဘာလကျ တစ်ချက်ပြန်ကြည့်ရမယ်။ အရင်နှစ်တန်ချိန်ကိုတော့ မီနိုင်မှာပါ”
ယခင်ဘဏ္ဍာနှစ်အတွင်းက မြန်မာ့ဖရဲ တန်ချိန်(၈)သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်ကာလတူအတွင်း (၈) သိန်းဝန်းကျင်ခန့်သာ တင်ပို့နိုင်တာကြောင့် တန်ချိန်အနည်းငယ်ကျဆင်းသွားကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ဖရဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ အများဆုံးစိုက်ပျိုးကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
မြန်မာ့ဖရဲကို မူဆယ်(၁၀၅)မိုင်မှတစ်ဆင့် တရုတ်နိုင်ငံကို အဓိကထားတင်ပို့နေကြောင်းလည်း အဆိုပါအသင်းမှသိရပါတယ်။
တိုးတိုးခိုင်(ABM)
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာရေ စပါးခင်းမှာ လောင်မီးပိုး ကျနေလို့ ဘာဆေးဖျန်းရမလဲခင်မျာ အပင်သက်တမ်းက ရက်၉၀ ရှိပါပြီ ဆေးဖျန်းရင် အပင်လောင်မှာလည်း စိုးလို့ပါ
U Thu • ဖြေကြားချက် 1 ခု
ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ
U Yan • ဖြေကြားချက် 3 ခု
အပင်သန်ကြိုင်ခြင်လို့ပါဘယ်လို့အသုံးပြု၍ဘာတွေထည့်ရလည်း
ဦးမိုက် • ဖြေကြားချက် 1 ခု
နှစ်လသားအပင်ဖြစ်နှေးနေလို့ပါဘယ်တွေလိုအပ်ပါသလဲ
ဦးမိုက် • ဖြေကြားချက် 1 ခု
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
11/09/2026
သီးလှည့်စိုက်ပျိုးခြင်းဖြင့် ရေရှည်အကျိုးအမြတ်ရယူနည်း
11/09/2026
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....