ဆေးဖက်ဝင် ပိတ်စွယ်ပင်
ဟင်းလျာတစ်ခုအနေဖြင့် စားလို့လည်းကောင်းတဲ့ ပိတ်စွယ်ဟာဆိုရင် ဆေးဖက်လည်းဝင်ပါသည်။ ယနေ့ခေတ်တွင် သစ်ပင်များ ကျန်းမာရေးစောင့်ရှောက်ရာတွင် လိုအပ်သော ကဏ္ဍတစ်ရပ်အဖြစ် စားသုံးသူအချို့မှာ ပိုမိုစိတ်ဝင်စားလျက်ရှိကြပါသည်။
ပိတ်စွယ်ပင် အနုကလေးများကို မျှစ်ကဲ့သို့ စိတ်၍ ချက်ကြော်စားခြင်း၊ပြုတ်စားလေ့ရှိပါသည်။ မြန်မာ့တိုင်းရင်းဖွား ကရင်အမျိုးသားများသည် ပိတ်စွယ်မြစ်ကို ပြုတ်၍ ဓားနှင့်ပါးပါးလှီးဖြတ်၍ ဟင်းလျာများနှင့် တွဲဖက်စားသုံးတတ်ကြပါသည်။ စားသုံးသူများ၏ ပြောဆိုချက်များအရ ပိတ်စွယ်မြစ်ကို စားသုံးရာတွင် အင်အားကို ပြည့်ဝစေပြီး ဆီးဝမ်းလေတို့ကို မှန်ကန်စေလေသည်။ ဆေးဖက်ဝင်သည်ဟု ပြောဆိုချက်များအရ၍ သိရှိရပါသည်။ စာရေးသူအနေနှင့် ဆေးကျမ်းထဲတွင် ဆေးဝါးအသုံးပြုနည်းကို ရှာဖွေကြည့်ရာတွင် တစ်စုံတစ်ရာကို မတွေ့ရှိရပေ။
သွားနှင့် ပတ်သက်သောရောဂါများ
ပိတ်စွယ်ပင် (ပဥ္စငါးပါးပြုတ်ဆေးရည်ကို မကြာခဏ ငုံးပေးခြင်းဖြင့် သွားကိုက်ခြင်း၊ သွားနာခြင်း၊ ဒန္တစိုရောဂါတို့ကို ပျောက်ကင်းစေသည့်အပြင် ဖောရောင်ရောဂါတွင် ရေချိုးပေးခြင်းဖြင့် ရောဂါကို ကျဆင်းစေနိုင်ပါသည်။)
ပိတ်စွယ်ပင် ငါးများ၊ အသား တစ်မျိုးမျိုးနှင့် ချက်စားပေးခြင်းဖြင့် ကြော်စားပေးခြင်းဖြင့် ဆီးနှင့်ပတ်သတ်သည့်ရောဂါတွင် ဆီးကိုလည်းရွှင်စေနိုင်ပါသည်။ အစာအိမ်လမ်းကြောင်းရောဂါတွင် အထက်လန်အပူလွန်ခြင်း၊ စိတ်ဆတ်ခြင်း၊ စိတ်တိုခြင်း၊ မျက်စိနီခြင်း၊ ဆီးနှင့် ဝမ်းချုပ်သည့် လက္ခဏာများကို ဖြေရှင်းပေးနိုင်ပါသည်။
ခန္ဓာကိုယ်၏အဟောင်းများချုပ်၍ အသစ်တို့ကို တစ်ဖန်ဖြစ်ပေါ်စေသည့် ဇီဝဖြစ်စဉ်များကို တိုးတက်စေပါသည်။ ကယ်လိုရီကီလိုဂရမ်နိမ့်စွာ ပါဝင်ခြင်းကြောင့် အလွယ်တကူဝမ်းဗိုက်ကို ပြည့်ဝစေသဖြင့် အစားလျှော့စားရန် မလိုအပ်သော ခန္ဓာကိုယ်ကို ဝဖြိုးစေမှုကိုလည်း တားမြစ်ပေးပါသည်။ အရက်မူးခြင်းကို ပြေစေပြီး ခန္ဓာကိုယ်ကို ပြန်လည်လန်းဆန်းစေနိုင်ပါသည်။
အသည်းရောင် အသားဝါနှင့် မိခင်နို့ကြောင်းပိတ်ခြင်း၊ ပိတ်စွယ်ပင်ပါဝင်သည့် ဟင်းလျာကို စားသုံးပေးခြင်းဖြင့် အသားရောင်ရောဂါ၊ အသားဝါရောဂါရှင်များ မကြာခဏ စားသုံးပေးခြင်းဖြင့် ရောဂါကို လျှော့ချပေးနိုင်လာသည်။ ထို့ပြင် မိခင်များအတွက် နို့ကြောင်းပိတ်ဆို့မှုကိုလည်း ပွင့်စေသည့် ဆေးဖက်ဝင်ဓာတ်စာ ဟင်းလျာပင်ဖြစ်ပါသည်။
သွေးတိုးရောဂါ
သွေးတိုးရောဂါရှင်များအတွက် သဘာဝဆေးနည်းတစ်လက်မှာ ပိတ်စွယ်ရွက် ၃၀ ကျပ်သားနှင့် တရုတ်နံနံပင် ၂ ကျပ်သားကို ပါးပါးလှီးပြီး ရေ ၂ ပုလင်းနှင့် ဆူလာအောင် ၅ မိနစ်ခန့် တည်ထားပါ။ ရရှိသော အရည်များကို ဆေးတစ်ခွက် ပမာဏဖြစ်ပါသည်။ ရေနွေးကြမ်းသောက်သကဲ့သို့ ထိုနေ့တွင် ဆေးရည်ကို ကုန်စင်စေရန်သောက်ပေးပါ။ ဤဆေးရည်၏ အာနိသင်မှာ ဝမ်းချူပ်ခြင်းကို ကင်းဝေးစေ၍ သွေးတိုးမြင့်တက်မှုကို ကျဆင်းစေပါသည်။
အပူဖျား၊ ရေငတ်၊ ဆီးကျင်
ပိတ်စွယ်ရွက် ၁၅ ကျပ်သား၊ မုန်ညင်းဖြူ ၁၅ ကျပ်သားတို့ကို ရေစင်စင်ဆေးပြီး ရေနှစ်ပန်းကန်ထည့်၍ ဟင်းချိုကဲ့သို့ ချက်ပါ။ ဟင်းချက်ဆူလာပြီး ခဏနေလျှင် နှမ်းဆီ၊ ဆား အနည်းငယ်မျှကို ရောစပ်ပါ။ တရုတ်ပဲငံပြာရည် အနည်းငယ်ကို ထည့်ရောပြီး ဟင်းချိုကဲ့သို့ သောက်ပေးပါ။ အရွက်များကိုလည်း စားသုံးပေးပါ။ ဤကဲ့သို့ တစ်နေ့ နှစ်ကြိမ်၊ နံနက်တစ်ကြိမ်၊ ညနေ တစ်ကြိမ် စားသုံးခြင်းအားဖြင့် အပူဖျားပြီး ရေငတ်ခြင်း၊ ဆီးကျင်ခြင်း၊ ဆီးနည်းခြင်းတို့ကို သက်သာပျောက်ကင်းစေပါသည်။
အရက်နာကျခြင်း
မိမိကြိုက်နှစ်သက်ရာ ငါး ၃၅ ကျပ်သားတုံး၍ ရေစင်စင်ဆေးထားပါ။ ပိတ်စွယ်ရွက် ၃၅ ကျပ်သားကို ရေဆေး၍ ပါးပါးလှီးပါ။ ရေလေးပန်းကန်ထည့်၍ ငါးနူးသည်အထိချက်ပါ။ ဆားသင့်ရုံခတ်ပြီး ဟင်းရည်ကို သောက်ပေးပါ။
Ref: Health Care Journal (Vol-3, No-19, 18-5-2011)
အံ့ဖွယ်ဆေးဖက်ဝင် သဘာဝဟင်းသီးဟင်းရွက်များ
ကျော်တင့်ဆွေ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
အောင်တင်ဝင်း
လွန်ခဲ့သော ၆ နှစ် ကဒူး ကုန် တယ်
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ဘာရောဂါကြတာလဲဗျ ဓာတ်မြေတောင်းတာလား ရောဂါကြတာလားသိရင်ပြောပြကြပါအုံးဗျ
naymyoaung • ဖြေကြားချက် 0 ခု
စပါးတစ်ပင်လုံးခြောက်ပြီးအောက်ကိုပျော့ပီးကျသွားပါတယ်အဲဒါရောဂါလားပိုးလားသိချင်ပါတယ်တစ်ခင်းလုံးအရွက်တွေခြောက်ကုန်တာပါ
Ko Myo Ko • ဖြေကြားချက် 0 ခု
စပါးရွက်ဖျားတွေခြောက်လာတာ အကွက်လိုက်သေကုန်တာကို ဘယ်လို ကာကွယ်ကုသလို့ရမလည်းခင်ဗျာ
kyaw swar lay • ဖြေကြားချက် 1 ခု
ဆရာခင်ဗျ အီမာမက်တင် ဘက်ဇိုရိတ် ၁၀% လန်ဒါဆိုဒ်ဟေသရင် ၁၅% အဲ့ AI နှစ်မျိုးအပြင် အခြား AI နဲ့ ဆေးအမည်လေးပြောပေးပါအူး ခရမ်းခေါင်းသီးလုံးဖောက်ပိုးနိုင်ချင်လို့ပါဆရာ အခု AI နှစ်မျိုးက ဆေးဖျန်းတာ ၃ ကြိမ်ရှိနေပီမို့ပါဆရာ
U Yan • ဖြေကြားချက် 5 ခု
ဆရာကြီးဗျာကျွန်တော်ကပိုတက်ကျွေးထားတာပါ စပါးဖုံးချိန်မှာ သူများတွေကပုလဲကျွေးတယ်အခင်းချင်ရှင်ကြည်ုရာမှာ ကျွန်တော့အခင်းက စပါးနှံအထွက်နောက်ကျသလိုခံစားရတယ် ဒါဟာပုံမှန်ဖြစ်နေကျလာသိချင်လိုပါ သူများထက်2ရက်စောပါတယ်ဆင်းသုခစပါးအချင်းချင်းပါ
KO Thiha lin • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....