ကျန်းမာရေးအတွက် လက်ဖက်ရည်ကြမ်း
လက်ဖက်ရည်ကြမ်းကတော့ ဦးကြီးတို့ အန်တီတို့နဲ့ မစိမ်းပါဘူး။ ယာထဲ ခြံထဲ လယ်ထဲ မှာပဲဖြစ်ဖြစ် အလုပ်လုပ်ပြီးလို့ ခဏနားတဲ့အချိန်၊ ထမင်းစားတဲ့အချိန်တွေ၊ စကားဝိုင်းဖွဲ့ပြောတဲ့နေရာမှာတော့ မပါမဖြစ်ပါပဲ။ ဆိုတော့ အမြဲသောက်ဖြစ်နေတဲ့ လက်ဖက်ရည်ကြမ်းက ကျန်းမာရေးအတွက် ဘယ်လိုအထောက်အကူပြုမလဲဆိုတာ ဒီနေ့မှာ ဖော်ပြပေးလိုက်ပါတယ်။
တစ်ရက်လျှင် အနည်းဆုံး လက်ဖက်ရည်နှစ်ခွက်ခန့်သောက်ပေးခြင်းသည် ကင်ဆာရောဂါကို ၅၀ ရာခိုင်နှုန်းနီးပါးမျှ လျော့နည်းစေသည်ကို ကာရိုလင်စကာသိပ္ပံမှ သုတေသီများက တွေ့ရှိခဲ့ကြသည်။ ဒီတွေ့ရှိချက်ကို လက်ဖက်ရည်ကြမ်းတွင်ပါဝင်သော အင်တီအောက်ဆီးဒင့် (Antioxidants) ဓာတ်တိုးဆန့်ကျင်မှု၏ ဂုဏ်သတ္တိကြောင့်ဖြစ်နိုင်ကြောင်း အနီးစပ်ဆုံး ဆုံးဖြတ်ထားကြပါသည်။
လက်ဖက်ရည်ကြမ်းတွင်ပါဝင်သော သဘာဝဓာတ်များ
အမိုင်နိုအက်စစ်၏ အနွယ်ဝင်ဖြစ်သော သိုင်ယာနင်းဓာတ် အများဆုံးပါဝင်သည်။ ဆေးသိပ္ပံပညာရှင်များ၏ အဆိုအရ သိုင်ယာနင်း သဘာဝဓတ်သည် ဦးနှောက်ကို အေးငြိမ်းစေသည့်အာနိသင် ဂုဏ်သတ္တိများကို ပေးစွမ်းနိုင်သောကြောင့် စိတ်ပိုင်းဆိုင်ရာဖိစီးမှုကို သက်သာစေသည်ဟု သိရသည်။
လက်ဖက်ရည်ကြမ်းကို တစ်နေ့လျှင် လေးခွက်နှင့်အထက် သောက်သုံးသူများသည် လုံးဝမသောက်သူများနှင့်စာလျှင် စိတ်မပျော်ရွှင်မှုနှင့် စိတ်ကျရောဂါခံစားရမှုများကို ၄.၄ % ပိုမိုနည်းပါးကြောင်းကို သိရှိရသည်။
ထို့အပြင် လက်ဖက်ရည်ကြမ်းကို နေ့စဉ်သောက်သုံးပေးခြင်းသည် ကျောက်ကပ်ရောဂါကိုမဖြစ်ပွားစေရန် ကာကွယ်ပေးနိုင်ကြောင်း ဆေးသုတေသနသတင်းတွင် ဖော်ပြထားသည်။ လက်ဖက်ရည်ကြမ်းတွင်ပါဝင်သော သဘာဝဆေးဖက်ဝင်ဓာတ်များသည် သွေးတွင်း ကိုလက်စထရောများကို ကျဆင်းစေရန် ကူညီဆောင်ရွက်ပေးနိုင်ပါသည်။ ထို့ပြင် သွေးသန့်မှုကိုလည်း ဆောင်ရွက်ပေးသည်။ ခန္ဓာကိုယ်မှ မလိုလားအပ်သော အညစ်အကြေးများကိုလည်း ဖယ်ရှားရာတွင် အထောက်အကူပြုစေနိုင်သည်။ သွေးတွင်း သကြားဓာတ်ပမာဏကိုလည်း လျော့နည်းကျဆင်းစေနိုင်ကြောင်း အမေရိကန် သုတေသနပညာရှင်များမှ ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
လက်ဖက်ရည်ကြမ်းကို နေ့စဉ် ပုံမှန် နှစ်လီတာ (ရေသန့်ဘူးနှစ်ဘူး) ခန့်ကို သောက်ပေးသည့် အလေ့အကျင့်သည် ကျောက်ကပ်အတွင်းတည်ရှိနေသော အညစ်အကြေးများ၊ အဆိပ်အတောက်များကို သန့်စင်ပေးနိုင်ပေသည်။ ကျောက်ကပ်၏ ထာဝရကျန်းမာရေးကို ကူညီမှုပေးနိုင်သည်။
လက်ဖက်ရည်ကို ပုံမှန်သောက်ပေးခြင်းသည် ဦးနှောက်နှင့် နာ့ဗ်ကြောများအား လန်းဆန်းမှုရရှိစေပြီး ဦးနှောက်ဆဲလ်များ ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါသည်။
မမျိုးဥကင်ဆာနှင့် လက်ဖက်ရည်ကြမ်း
မမျိုးဥကင်ဆာရောဂါခံစားရမှုကို လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် လျှော့ချပေးစေနိုင်ကြောင်းကိုလည်း ဆွီဒင်ဆေးသိပ္ပံ သုတေသနပညာရှင်များမှလည်း ထုတ်ပြန်ထားပါသည်။ တစ်နေ့တာအတွက် အနည်းဆုံး လက်ဖက်ရည်တစ်ခွက်နှင့်အထက်သောက်ပေးခြင်းဖြင့် ၄၆ ရာခိုင်နှုန်း၊ တစ်ခွက်နှုန်းသောက်ပေးခြင်းဖြင့် ၂၄ ရာခိုင်နှုန်း၊ တစ်ခွက်အောက် သောက်ပေးခြင်း (ရက်ခြားသောက်လေ့ရှိသူများ) ဖြင့် ၁၈ ရာခိုင်နှုန်း ရောဂါအန္တရာယ်နည်းပါးကြောင်းကို သိရှိရပါသည်။
သွေးအားနည်းရောဂါရှိသူများအနေဖြင့် နံနက်စာစားသုံးခြင်းနှင့် ညစာစားသုံးရာတွင် လက်ဖက်ခြောက်ခတ်ထားသော ရေနွေးကြမ်းသောက်ခြင်း၊ အစာစားပြီးနောက် လက်ဖက်ရည်သောက်ခြင်း၊ လက်ဖက်သုပ်စားခြင်းတို့ကို ရှောင်ကြဉ်သင့်ပါသည်။ လက်ဖက်နှင့် လက်ဖက်ရည်တို့တွင်ပါဝင်သော အဖန်ဓတ်သည် အစာခြေလမ်းကြောင်းတစ်လျှောက်တွင် ရောက်ရှိနေသော အာဟာရဓာတ်များစုပ်ယူမှုကို နှေးကွေးစေခြင်းကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော အာဟာရဓာတ်များကို ဆုံးရှုံးစေနိုင်သောကြောင့်ပင်ဖြစ်သည်။
ဒါကြောင့် လက်ဖက်ရည်ကြမ်းကိုရှောင်ရှားသင့်သည့် အနေအထားမှာလည်း ရှောင်ရှားနိုင်ပြီး ကျန်းမာရေးအရ အသုံးတည့်ပုံများကြောင့်လည်း အကျိုးရှိစွာအသုံးချနိုင်ကြပါစေ။
အံ့ဖွယ်ဆေးဖက်ဝင် သဘာဝဟင်းသီးဟင်းရွက်များ ကျော်တင့်ဆွေ စာအုပ်မှကောက်နုတ်ဖော်ပြပါသည်။
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
ဆက်စပ်မေးခွန်းများ
မတ်ပဲချွေပြီးထွက်လာတဲ့အပင်အခွံမှော်တွေကိုထည်ထိုးပြီးမြေကြီးနဲ့ဖုံးလိုက်တာဘာတွေကောင်းစေလဲ NPKအချိုးညီမျှလားသူက
Sawsamson • ဖြေကြားချက် 0 ခု
မတ်ပဲပင်အရင်ဆုံးထွက်တဲ့အရွက်နှစ်ရွက်ကတစ်ချို့ကျဝါပြီးကြွေသွားတယ်တစ်ချို့ကျအကောင်းတိုင်းရှိနေတယ်ဘာကြောင့်လဲဗျ
Sawsamson • ဖြေကြားချက် 1 ခု
စပါးကိုနိုက်ထရိုဂျင်ကို ပုလဲကျွေးမယ်ပြီးရင် ကျန်တဲ့ Pနဲ့K ကိုကျရွက်ဖျန်းအားဆေးဘဲသုံးမယ်ဆိုရင်အဆင်ပြေနိုင်လား Pနဲ့Kကစေျးကြီးလို့ပါ
Sawsamson • ဖြေကြားချက် 1 ခု
မင်္ဂလာပါခင်ဗျာ ကျွန်တော် ဒီတခါ သိချင်တာက ကျနော့် ငရုတ်ခင်းက ပုလဲဓါတ် ပိုသုံးလိုက်လို့ အပင်ခြေက မြေမာလာပါတယ် အဲဒါ ကျောက်မှုန့်ကို အပင်ခြေကို ထည့်လို့ရသလား သိချင်လို့ပါ ဖြေပေးကျပါဦး ခဗျ
Aung Aung • ဖြေကြားချက် 0 ခု
ဆရာကြီးတို့ရေ မင်းဧရာစပါးက အရွက်ကွက်ကြားခြောက်နေတာရယ် ပိုးအနီလေးေကာင်တွေတွေ့လို့
Zaw Than Oo • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသနှင့် သဘာဝဘေး သုံးသပ်ချက်
14/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....