ရှားပါးဆေးဖက်ဝင် စပီရူလိုင်းနားရေညှိပင်

17/08/2022 11:00 AM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

စပီရူလိုင်းနားဆိုတာက ပင်လယ်ရေမှော်လို ရေညှိပင်တစ်မျိုးဖြစ်ပြီး ကြည်လင်သန့်ရှင်းတဲ့ ပတ်ဝန်းကျင်ရှိ ရေကန်တွေ၊ မြစ်တွေမှာပေါက်ရောက်ပေမယ့် နိုင်ငံတိုင်းမှာမရှိပါဘူး။ ဗမာလိုတော့ စပီရူလိုင်းနားကို စိမ်းပြာရေညှိလို့ ခေါ်ပါတယ်။

စပီရူလိုင်းနားက

  • မက္ကဆီကိုနိုင်ငံရှိ တက်ကိုကိုကန်(Lake Texcoco)
  • ချက်နိုင်ငံရှိ ချက်ရေကန် (Lake Chad) နှင့် ဘိုဒူရေကန် (Lake Bodou)၊ ရောင်ဘူရေကန်
  • ကင်ညာနိုင်ငံရှိ နာကူရူးရေကန် (Lake Nakuru)နှင့် အယ်လီမန်တီရှားရေကန် (Lake Elementeitia)
  • အီသီယိုးပီးယားနိုင်ငံရှိ အရာဂွတ်ဒီရေကန်(Lake Arangudiadi)နှင့် ကီလိုတီးစ်ရေကန် (Lake Kilotes)
  • တရုတ်နိုင်ငံရှိ ချန်ကိုင်းရေကန် (Chenghai Lake) တို့မှာ ရရှိနိုင်ပါတယ်။

မြန်မာနိုင်ငံမှာဆိုရင်လည်း စပီရူလိုင်းနားထွက်ရှိပါတယ်။  ၄ နေရာတောင်ရှိပြီး အားလုံးကတော့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာပါ။ အဲ့ဒါတွေကတော့  ဘုတလင်မြို့နယ် ရှိတွင်းတောင်၊ ကနီမြို့နယ်အတွင်းရှိ တောင်ပျောက်အင်းနဲ့ တွင်းမအင်း၊ စစ်ကိုင်းမြို့နယ်ရှိ ရေခါးအင်းတို့ပဲ ဖြစ်ပါတယ်။

ဒီလိုမျိုးရှားပါးပြီး သဘာဝအတိုင်းတွေ့ရတဲ့ စိမ်းပြာရေညှိဟာဆိုရင် အလှအပနဲ့ ကျန်းမာရေးအတွက် အလွန်အကျိုးရှိတဲ့အပြင် အာဟာရဓာတ်နဲ့ အသားဓာတ်များစွာပါဝင်ပါတယ်။ 

စပီရူလိုင်းနားဟာဆိုရင် ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး ဖြည့်စွက်အားဖြည့်စာ တစ်မျိုးလည်းဖြစ်ပါတယ်။ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကို ထောက်ပံ့ပေးနေတဲ့ အာဟာရဓာတ်များစွာနဲ့ အန်တီအောင့်စီဒန့် တွေပါဝင်နေလို့ပဲ ဖြစ်ပါတယ်။

စပီရူလိုင်းနား တစ်ဂရမ်မှာဆိုရင် ပရိုတင်း၊ ဗီတာမင် ဘီဝမ်း၊ ကယ်လ်ဆီယမ်နဲ့ အိုင်းယွန်း (သံဓာတ်) တွေဟာ အခြားအစားအစာတွေနဲ့ ယှဉ်ရင်ပါဝင်မှုပိုများပါတယ်။ ပရိုတင်းဓာတ်တွေလည်း အများကြီးပါဝင်တာကြောင့် အစာချေဖျက်တာကို ကူညီပေးနိုင်တဲ့အပြင် ကိုလက်စထရော (မလိုအပ်တဲ့အဆီ) ကိုလည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

ဒါ့အပြင် စပီရူလိုင်းနားဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟဲဗီးမက်တယ် (အာဆင်းနစ်ဓာတ်...) စတာတွေကို တိုက်ထုတ်ပေးနိုင်တဲ့အစွမ်းရှိပြီး ကလိုရိုဖီးလ်ပါဝင်မှုမြင့်မားတာကြောင့် သွေးတွင်းမှာရှိတဲ့ အဆိပ်တွေကို ဖယ်ရှားကာ ကိုယ်ခံအားကို မြင့်တက်စေပါတယ်။

နောက်ထပ်အနေနဲ့ စပီရူလိုင်းနားမှာ ပရိုတင်းနဲ့ GLA (ဂမလီနိုလင်းနစ်) လို့ခေါ်တဲ့ အက်ဆစ်ဓာတ် အများကြီးပါဝင်ပါတယ်။ GLA ဆိုတာက ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်တဲ့ အက်ဆစ်ဓာတ်ပဲ ဖြစ်ပါတယ်။ GLA ဓာတ်က မိခင်ရဲ့နို့မှာပါရှိတတ်ပြီး အစားအစာတွေမှာ ပါဝင်မှုနည်းတာကြောင့် ရှားပါးဓာတ်လို့တောင်ပြောလို့ရပါတယ်။ စိမ်းပြာရေညှိမှာဆိုရင်တော့ GLA ဓာတ်အပြင် အိုမီဂါ 3,6,9s လည်း ပါဝင်ပါတယ်။

ပြီးတော့ အန်တီအောင့်စီဒန့်လည်းပါဝင်တာမို့ ဆဲလ်တွေပျက်စီးခြင်းမှ ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အစွမ်းထက် ဖိုင်ကိုစိုင်ယာနင်လည်း ပါဝင်နေပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေ ရစေနိုင်လဲ?

စပီရူလိုင်းနားက

1.     ခန္ဓာကိုယ်တွင်း အန်တီအောင့်စီဒန့်ပမာဏကို တိုးလာနိုင်ခြင်း

2.     သွေးပေါင်ချိန်ကို လျော့ကျစေနိုင်ခြင်း

3.     သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးခြင်း

4.     ကိုလက်စထရောကိုကျစေနိုင်ခြင်း

5.     အသဲကျန်းမာရေးအတွက်အထောက်အကူပြုခြင်း

6.  အဝလွန်ခြင်းမဖြစ်စေရန်ကာကွယ်ပေးခြင်း စတာတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

စပီရူလိုင်းနားသောက်သုံးခြင်းဟာ လူတော်တော်များများမှာ အန္တရာယ်ကင်းပေမယ့် တစ်ချို့လူတွေမှာတော့..

ခန္ဓာကိုယ်မှာ အဖုအပိန့်တွေ ထွက်လာခြင်း၊ 

ခေါင်းကိုက်ခြင်း၊ ကြွက်သားတွေနာကျင်ခြင်း၊ 

ချွေးထွက်လွန်ခြင်း၊ အိပ်မပျော်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။

အဲ့ဒါမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာဆရာဝန်ရဲ့ အကြံပြုချက်ကို ရယူပြီးမှသာ ဆက်လက်သောက်သုံးရန်သင့်မသင့် ဆုံးဖြတ်သင့်ပါတယ်။

Ref: https://www.redsunproducts.com/red-sun-spirulina-supplement.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်