ကျန်းမာရေးအကျိုးအာနိသင်ရှိတဲ့ ငှက်ပျောရွက်

11/01/2022 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ငှက်ပျောရွက်ကို မုန့်ပေါင်းစားတဲ့နေရာမှာ၊ ဟင်းသီးဟင်းရွက် စသဖြင့် ထုပ်ပိုးမှုအတွက်အတွက် အများဆုံးအသုံးပြုကြတာပဲဖြစ်ပါတယ်။ စားဖို့လည်းမဟုတ်တော့ ဆေးဖက်ဝင်တဲ့အချက်တွေကိုလည်း သိသူရှားပါလိမ့်မယ်။ ငှက်ပျောရွက်မှာလည်း ဆေးဖက်ဝင်တဲ့ကျန်းမာရေးအာနိသင်တွေရှိနေပါတယ်။

ငှက်ပျောရွက်က အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိပါတယ်။

ချောင်းဆိုးရင်ကြပ်

ငှက်ပျောရွက်ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရင်ကြပ်ချောင်းဆိုးသက်သာစေဖို့အတွက် အသုံးပြုခဲ့ကြတာပါ။ လေ့လာမှုတွေအရ ငှက်ပျောရွက်ဟာ ကိုယ်ခံအားကိုတိုးစေနိုင်သလို၊ ချေင်းဆိုးသက်သာစေပြီး နာကျင်ရောင်ရမ်းမှုကို လျော့ပါးစေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်း အထက်ပိုင်းမှာရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာကိုလည်း အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။

အအေးမိဖျားနာတာကို ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ဗိုင်းရပ်စ်တွေကို တိုက်ဖျက်နိုင်တဲ့ အာနိသင် ရှိပါတယ်။ ချွဲတွေကိုပျော်စေနိုင်ပြီး လည်ချောင်းယားယံခြင်းကို သက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အရည်ညှစ်ပြီး ရေနဲ့ရောလို့ ၁၀ မိနစ်လောက်ကျိုးပေးပါ။ ပြီးရင် ပျားရည်လေးနဲ့ ရောပြီး သောက်ပေးလို့ရပါတယ်။

လေပြွန်ရောင်ရမ်းနာ

သင်မှာ နာတာရှည် ချောင်းဆိုးကြောင့် လေပြွန်ရောင်ရမ်းနာများ ရှိမယ်ဆိုရင် သဘာဝဆေးအနေနဲ့ ငှက်ပျောရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ကူးစက်ရောဂါပိုးတွေကြောင့်ဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်းကိုသာမကဘဲ ချွဲကျပ်ပြီး ဆိုးတဲ့ချောင်းကိုပါ သက်သာစေနိုင်ပါတယ်။ polysaccharides ဒြပ်ပေါင်းပါဝင်နေတာကြောင့် ချွဲဖြစ်ပြီး ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်။ ချောင်းခြောက်ဆိုးတာကို သက်သာစေနိုင်ပါတယ်။

ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပြီး ရေနွေးထဲမှာ ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်စိမ်လို့ ပေါင်းခံရည်ယူပါ။ ပြီးရင်စိမ်ထားတဲ့အရည်ကိုသောက်ပေးပါ။ တစ်နေ့ကို ၃ ခွက်လောက်အထိသောက်ပေးလို့ရပါတယ်။

အရေပြားယားယံတာကို သက်သာစေနိုင်တယ်

အရေပြားမှာ ရောင်ရမ်းတာ၊ ယားယံတာ နဲ့ နာကျင်တာတွေသက်သာစေဖို့အတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ ငှက်ပျောရွက်မှာ အရေပြားကို ယားယံမှုသက်သာစေပြီး အသားအရေချောမွေ့လို့ ကျန်းမာတဲ့ အရေပြားတစ်ရှုးတွေကို ဖြစ်ပေါ်စေနိုင်တဲ့ allantoin ဒြပ်ပေါင်းကြွယ်ဝစွာပါဝင်နေပါတယ်။ နေလောင်ဒဏ်ကနေ ကာကွယ်ပေးနိုင်သလို ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။ အသားအရေကို ကြည်လင်စေနိုင်ပါတယ်။ ငှက်ပျောရွက်ကိုစင်အောင်ဆေး အရည်ညှစ်ပြီး အရေပြားမှာ စွတ်ပေးရုံပါ။

အနာတွေကို သက်သာစေနိုင်ပါတယ်

ထိခိုက်ဒဏ်ရာတွေအတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ အနာကျက်စေနိုင်တဲ့ အာနိသင်ရှိနေပါတယ်။ allantoin ပါဝင်တဲ့အတွက် အနာကျက်စေနိုင်ပြီး အသေးစားပြတ်ရှဒဏ်ရာ၊ အနာ၊ ပျားတုပ်တာ၊ ပိုးကောင်ကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။

ငှက်ပျောရွက်ကြိတ်ရည်ကို ပျားရည်နဲ့ရောစပ်ပြီး အနာကိုလူးပေးလို့ရပါတယ်။ ငှက်ပျောရွက်ကို ရေစင်အောင်ဆေးပေးပြီး အနာပေါ်မှာ ကပ်ပေးလို့လည်းရပါတယ်။

ခံတွင်းအနာကို သက်သာစေနိုင်တယ်

ခံတွင်းထဲကအနာတွေ သက်သာစေဖို့အတွက်လည်း ငှက်ပျောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ ငှက်ပျောရွက်က ခံတွင်းအနာတွေကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ငှက်ပျောရွက်ကို အခြောက်ခံလို့ အမှုန့်ကြိတ်ပြီး ပျားရည်လေးနဲ့ရောလို့ အစားမစားခင်စားပေးပါ။

ဝမ်းချုပ်သက်သာစေနိုင်ပါတယ်

နာတာရှည်ဝမ်းချုပ်တာကိုသက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဝမ်းပျော့ပျော့သွားစေနိုင်ပါတယ်။ ငှက်ပျောရွက်တင် မဟုတ်ပါဘူး ဝမ်းမှန်စေဖို့အတွက်လည်း စားသုံးပေးလို့ရပါတယ်။ ငှက်ပျောရွက်ကို ပြုတ်ပြီး ပြုတ်ရည်ကိုသောက်ပေးပါ။ ငှက်ပျောရွက်၊ ရှောက်ရွက်ကိုအခြောက်ခံလို့ အမှုန့်ကြိတ်ပြီး ဆတူရောပါ၊ ရေဆူဆူထဲကို အမှုန့်တွေကိုထည့်ပြီး ၅ မိနစ်က နေ ၁၀ မိနစ်လောက်အထိထားပေးပါ။ ဒီအရည်ကိုသောက်သုံးတာက အစာအိမ်နာတာကိုပါသက်သာစေနိုင်ပါတယ်။ အစာခြေစနစ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။

သွေးတွင်းကိုလက်စထရောကို ကျစေနိုင်ပါတယ်

ငှက်ပျောရွက်က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ ငှက်ပျောရွက်ပြုတ်ရည်ကို တစ်နေ့နှစ်ကြိမ် ပုံမှန်သောက်သုံးပေးသူတွေက သွေးတွင်းကိုလက်စထရောကျဆင်းတာကို တွေ့ရှိခဲ့ရပါတယ်။ သွေးတွင်းကိုလက်စထရောများသူတွေအတွက် စားသုံးပေးသင့်တဲ့ သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပေါ့။

ဆီးချိုသက်သာစေနိုင်တယ်

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။ ရေမှာပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်သလို ကာဗိုဟိုက်ဒရိတ်စုပ်ယူမှုကိုလျော့ကျစေနိုင်ပါတယ်။ အမျိုးအစား -၂ ဆီးချိုရောဂါရှိသူတွေအနေနဲ့ ငှက်ပျောရွက်ပြုတ်ရည်ကို တစ်နေ့နှစ်ကြိမ်သောက်သုံးပေးတာက သွေးတွင်းသကြားဓာတ်ကိုကျဆင်းစေနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။

Hello ဆရာဝန် ဝက်ဆိုဒ်မှ ကူးယူဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်