ဆေးဖက်ဝင်ဟင်းသီးဟင်းရွက်များ ချက်စားရအောင်

29/12/2021 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာလူမျိုးတို့အရ ဟင်းသီးဟင်းရွက်များကို တို့မြှုပ်စားခြင်း၊ ဟင်းချို၊ ဟင်းခါး၊ ကြော်ချက်စားခြင်းတို့သည်လည်း ကျန်းမာရေးနှင့် ခန္ဓာကိုယ်ကြံ့ခိုင်စေဖို့အတွက် အဖိုးတန်သော စားသုံးမှုပုံစံပင်ဖြစ်ပါသည်။ ဦးကြီး အန်တီတို့ စားလေ့ရှိကြတဲ့ ဆေးဖက်ဝင်ဟင်းသီးဟင်းရွက်တွေက ဘာတွေဖြစ်မလဲ? ဒီဆောင်းပါးမှာ ဟင်းသီးဟင်းရွက် (၄) မျိုးအကြောင်းပြောသွားပါမယ်။

ကသစ်ရွက်

ကသစ်ရွက်နုများကို ပြုတ်ပြီး တို့စားခြင်း၊ ကြော်ချက်၍စားခြင်း၊ ဟင်းချိုခတ်သောက်ခြင်းများဖြင့် စားသောက်နိုင်ပါသည်။ မြန်မာ့တိုင်းရင်းဆေးပညာအရ ကသစ်ရွက်သည် ရောဂါဘယအချို့ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

ကသစ်ရွက်နုလတ်လတ်ဆတ်ဆတ်များကို အုန်းနို့နှင့်ချက်ပြီး သောက်သုံးပေးခြင်းဖြင့် မိခင်တို့အားနို့ထွက်အားကို ကောင်းမွန်စေပါသည်။ အုန်းနို့ဆေးရည်ကို ပြင်ပမှလိမ်းပေးလျှင်လည်း မီးယပ်ထိမ်ခြင်းကို ပြန်လသက်ဆင်းစေနိုင်ပါသည်။ အရွက်ကိုထောင်း၍ အရည်ကိုသောက်ပေးခြင်းဖြင့် မီးယပ်သွေးအားနည်းပါးခြင်းကို ကုစားနိုင်သည်။ အရေပြားကျန်းမာရေးပြဿာနာအတွက် အရွက်က ပျောက်ကင်းစေနိုင်ပါသည်။ အခေါက်ကိုပြုတ်သောက်ခြင်းဖြင့် အဖျားရောဂါကိုလည်း သက်သာစေနိုင်သည်ဟု သိရပါသည်။

ကောက်ရိုးနွယ်

ဟင်းလျာအရံအဖြစ် ထမင်းဝိုင်းများတွင် အတို့အနေဖြင့်၊ ကြော်ချက်အနေဖြင့် တည်ခင်းကြသည်။ ပိုးရောဂါ၊ နာတာရှည် ဆီးပူညောင်းကျရောဂါ၊ လေပြွန်လတ်ရောင်ရောဂါ၊ ကလေးများ ဝမ်းသက်ရောဂါနှင့်ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းသက်သာစေနိုင်ပါသည်။

ကျောက်ဖရုံသီး

လူမျိုးဘာသာမရွေးလွယ်ကူစွာစားသုံးနိုင်တဲ့ ကျောက်ဖရုံသီးကို ယိုထိုး၍လည်းကောင်း၊ အသားနဲ့ချက်၍သော်လည်းကောင်း၊ ပြုတ်တို့စား၍သော်လည်းကောင်း အများအပြားစားသုံးကြပါသည်။ 

ကျောက်ဖရုံသီးသည် အာဟာရဖြစ်စေပြီး အားကိုဖြစ်စေသည် ဆီးရွှင်စေသည်။ ကျောက်ဖရုံသီးအစေ့အဆန်များသည် သန်ကောင်၊ တုတ်ကောင်များကို ကျဆင်းစေနိုင်ပါသည်။

ကြက်ဟင်းခါးသီး

“အခါးဓာတ်နှင့် အဖျားဖြတ်” ဆိုသည့်အတိုင်း ကြက်ဟင်းခါးသီးသည် ကျန်းမာရေးအတွက်ဆေးတစ်လက်ဖြစ်ပေသည်။ ကြက်ဟင်းခါးသီးကို ဆယ့်နှစ်ရာသီပတ်လုံး ရရှိနိုင်သော်လည်း မိုးရာသီတွင် ဈေးချိုချိုဖြင့် ရနိုင်ပါသည်။

ကြက်ဟင်းခါးသီးကို ကြော်၊ ပြုတ်တို့၊ မီးဖုတ်တို့ စားသည့်နည်းလမ်းများက အများစုစားသုံးသည့်နည်းဖြစ်ပြီး ဟင်းခါး၊ ဟင်းချို၊ အသားနှင့်ရောချက်၍လည်း စားသုံးနိုင်ပါသည်။ 

ဝမ်းဗိုက်နာပျောက်ဆေးအဖြစ် အသုံးပြုနိုင်သည်။ ကြက်ဟင်းခါးသီးအတွင်းသား၊ အရွက်ရည်နှင့် အစေ့တို့သည် သန်ပိုးကိုကျဆင်းစေနိုင်ပြီး အရွက်သည် မိခင်နို့ရည် ကိုပွားစေသည်။

အသီးနှင့်အရွက်ရည်ကို မြင်းသရိုက်ရောဂါ၊ နူနာရောဂါ၊ အသားဝါရောဂါတို့အတွက် ကောင်းပါသည်။ အသီးသည် ဂေါက်ရောဂါ၊ အသည်းရောဂါ၊ ဗေလုံး၊ သရက်ရွက်ရောဂါရှိသူများ စားသုံးသင့်သည်။ ကြက်ဟင်းခါးသီးအရည်ကို တစ်နေ့တစ်ကြိမ်သောက်ပေးခြင်းဖြင့် သွေးတွင်းသကြားဓာတ် တစ်ဖြည်းဖြည်း ကျဆင်းလာသည် ဟု သိရပါသည်။ 

ကြက်ဟင်းခါးသီးစားသုံးပေးခြင်းသည် အစားအစာစားသုံးမှုပမာဏကို လျော့နည်းစေနိုင်သောကြောင့် ကိုယ်အလေးချိန်ကျဆင်းမှုကို လျော့နည်းစေပါသည်။ ဂလူးကိုစ့်သကြားဓာတ်ကို ဝမ်းတွင်းမှ စုပ်ယူမှုကို မြန်စေပါသည်။ နလန်ထခါစ အစားအသောက်ပျက်သူများကြက်ဟင်းခါးသီးကြော်စားပေးခြင်းဖြင့် ပါးစပ်အမြန်ကောင်းစေသည်။

နည်းပညာများကို ကျော်တင့်ဆွေ၏ “အံ့ဖွယ်ဆေးဖက်ဝင် သဘာဝဟင်းသီးဟင်းရွက်များ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်