ပဲပင်ပေါက်စားသုံးပေးရင် ရရှိနိုင်မယ့် အကျိုး (၆)မျိုး
ပဲပင်ပေါက်လို့ပြောလိုက်ရင် ထွေထွေထူးထူးပြောစရာမလိုဘဲတောင် လူတိုင်းလိုလိုသိထားပြီးဖြစ်ပါတယ်။ ပဲပင်ပေါက်ကို ကြော်စားလို့ရသလို အသုပ်တွေထဲမှာလည်း ထည့်ထည့်သုပ်ပြီးတော့ပဲဖြစ်ဖြစ်၊ ဟင်းချိုချက်ပြီးတော့ပဲဖြစ်ဖြစ်၊ အချဉ်စိမ်ပြီးတော့ပဲဖြစ်ဖြစ် စားလေ့ရှိကြပါတယ်။ ဒီလိုစားလို့ကောင်းတဲ့ ပဲပင်ပေါက်ကို နေ့တိုင်းစားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိမလဲဆိုတာ ဆက်ပြီးဖတ်ကြည့်လို့ရပါတယ်။
ပဲပင်ပေါက်စားရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေလဲ
ပဲပင်ပေါက်က အာဟာရဓါတ်ကြွယ်ဝသလို ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် ကျန်းမာစေနိုင်ပါတယ်။
၁) ကိုယ်ခံအားကောင်းစေတယ်
ပဲပင်ပေါက်မှာ ဗီတာမင်စီပါဝင်တာကြောင့် ကိုယ်ခံအားကိုကောင်းစေနိုင်ပြီး ရောဂါပိုးတွေကူးစက်မှုကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင် ပါဝင်နေတာကြောင့်ခန္ဓာကိုယ်ကို ကျန်းမာစေပြီး ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်ပါတယ်။ဗီတာမင်အေ ပါဝင်နေတာကြောင့်လည်း ခန္ဓာကိုယ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။
၂) ဇီဝကမ္မဖြစ်စဉ်တွေကိုကောင်းမွန်စေနိုင်ပါတယ်
ပဲပင်ပေါက်မှာ ဇီဝကမ္မဖြစ်စဉ်တွေကို အကောင်းဆုံးလည်ပတ်စေနိုင်ဖို့ ထောက်ပံ့ပေးနိုင်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်ပါတယ်။ ဒီအင်ဇိုင်းကို အခြားစားစရာတွေကနေရရှိဖို့ ခက်ခဲပါတယ်။ ဒါ့အပြင် ပဲပင်ပေါက်မှာ ဆဲလ်တွေဖြစ်ပေါ်မှု၊ ကိုယ်တွင်းအင်္ဂါတွေ ကျန်းမာအောင်ထောက်ပံ့ပေးမှုနဲ့ ကြွက်သားတွေ ကျန်းမာသန်စွမ်းအောင်လုပ်ဆောင်ပေးတဲ့ ပရိုတင်းက ကြွယ်ဝစွာပါဝင်ပါတယ်။ အရိုးနဲ့ကြွက်သားတွေသန်မာပြီး ကိုယ်တွင်းအင်္ဂါတွေကျန်းမာစေဖို့ စားသုံးပေးသင့်ပါတယ်။
၃) အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်
ပဲပင်ပေါက်မှာပါတဲ့အင်ဇိုင်းက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပြီး အူနံရံတွေကို အာဟာရဓါတ်တွေအကောင်းဆုံးစုပ်ယူနိုင်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ အမျှင်ဓါတ်ကြွယ်ဝတာကြောင့် ဝမ်းချုပ်တာကနေ ကင်းဝေးစေပါတယ်။
၄) ဝိတ်ကျစေနိုင်တယ်
ကယ်လ်လိုရီပါဝင်မှုနည်းပြီး ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပေါများစွာပါဝင်ပါတယ်။ အမျှင်ဓါတ်ပါဝင်မှုကြောင့် အဆာခံနိုင်စေပြီး ကိုယ်အလေးချိန်ချချင်သူတွေ နေ့တိုင်းစားသုံးပေးသင့်ပါတယ်။
၅) သွေးအားနည်းတာကို သက်သာစေနိုင်တယ်
ခန္ဓာကိုယ်မှာ သံဓါတ်နည်းလာတဲ့အခါ သွေးအားနည်းရောဂါကို ခံစားရနိုင်ပါတယ်။ ဒီတော့ သံဓါတ်ချို့တဲ့မှုကြောင့် သွေးအားနည်းတာ၊ အစာခြေစနစ်ပြဿနာတွေ ခံစားရတာ၊ ခြေကုန်လက်ပမ်းကျတာ၊ အမောမခံနိုင်တာတွေမဖြစ်စေဖို့အတွက် ပဲပင်ပေါက်လေးကို စားသုံးပေးသင့်ပါတယ်။ ပဲပင်ပေါက်မှာပါတဲ့ သံဓါတ်နဲ့ ကော့ပါးဓါတ်တွေက ခန္ဓာကိုယ်ထဲမှာ သွေးနီဥဆဲလ်တွေဖြစ်ပေါ်စေပြီးကိုယ်တွင်းသွေးလည်ပတ်မှုကို ကောင်းစေနိုင်ပါတယ်။
၆) အမြင်အာရုံကောင်းစေနိုင်တယ်
ဗီတာမင်အေကြွယ်ဝတာကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အမြင်အာရုံပြဿနာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ မျက်စိအတွင်းတိမ်ဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့် မျက်လုံးအရမ်းအာရုံစိုက်ပြီး အလုပ်လုပ်နေရသူတွေအတွက် ပဲပင်ပေါက်ဟာ ဆေးတစ်ခွက်ဖြစ်ပါတယ်။
ပဲပင်ပေါက်ရဲ့ကျန်းမာရေးကောင်းကျိုးလေးတွေသိရပြီးဆိုတော့ ပဲပင်ပေါက်လေးကိုတစ်ပတ်ကို ၃ ကြိမ်လောက်တော့ စားသုံးပေးဖို့အကြံပေးချင်ပါတယ်။
Reference : hellosayarwon.com
စောသက်နွယ်
လွန်ခဲ့သော ၄ နှစ် ကတခါဖတ်ဖူးတာတော့ပဲပင်ပေါက်အစားများသူကအစာအိမ် ယူရစ်အက်စစ်အထုပ်များတယ် စိတ်ကျရောဂါဖြစ်တယ်လို့ဖတ်ဖူးပါတယ်။
ဆက်စပ်ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပွင့်ဝင်ချိန်ပဲပင်များ သေဆုံးရသည့် ကိုကာကွယ်နိုင်မည့် နည်းလမ်းများကို သိချင်ပါတယ်
ဦးနေလင်းထက် • ဖြေကြားချက် 1 ခု
ပဲတီစိမ်း(ဝါးခယ်မ)စိုက်ပျိုးရာတွင် အပင််များအပွင့်ဝင်ချိန်မှ စတင်သေဆုံးရသည့် အကြောင်းအရင်းကို သိချင်ပါတယ်ခင်ဗျ
Nay L H • ဖြေကြားချက် 1 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
Aye Chan Min • ဖြေကြားချက် 0 ခု
ဆရာကြီးခများ သဘာဝပိုးသတ်ဆေးကောင်းတာလမ်းညွန်ပေးပါခများ chemical ပိုးသတ်ဆေးတွေဈေးကြီးလို့ပါ
U Than Toe Aung • ဖြေကြားချက် 1 ခု
ဆရာတို့ ပုံမှာ ငရုတ်ပင်က ဘာဖြစ်တာလဲ ရောဂါလား ပိုးမွှားလား ပညာရှင်များဝေဖန်ပေးကျပါဦး
MgMinlwinsoe • ဖြေကြားချက် 5 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from မထက်ယမင်းဦး
အားလုံး