ကျန်းမာသောဆိတ်နှင့် မကျန်းမာသောဆိတ်၏ သွင်ပြင်လက္ခဏာများ

22/08/2023 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျန်းမာသောဆိတ်သည်

  • အစာကောင်းမွန်စွာစားသုံးခြင်း၊ စားမြုံပြန်နေခြင်း
  • တောက်ပသောအမွေးနှင့် နူးညံ့ပြီး ဆွဲဆောင်နိုင်သော အရေပြားရှိခြင်း
  • တောက်ပသောမျက်လုံးနှင့် ပန်းရောင်မျက်ခွံရှိခြင်း
  • ပျော်မြူးနေခြင်း၊ ဖြတ်လတ်နေခြင်း
  • နို့စားဆိတ်မျိုးတွင် နို့ထွက်နှုန်းမှန်ခြင်း
  • ဆိတ်ချေးပုံမှန်ယိုချခြင်း
  • ခြေ၊ လက်များ ခိုင်မာစွာရပ်နေခြင်း

မကျန်းမာသောဆိတ်သည်

  • အုပ်စုမှခွဲပြီး မှိုင်၍ ရပ်နေတတ်ခြင်း
  • အစာကောင်းစွာမစားခြင်း
  • စားမြုံ့ပြန်မှုပုံမမှန်ခြင်း
  • အသားအရေခမ်းခြောက်နေခြင်း (မစိုပြေခြင်း) 
  • သာမန်ကိုယ်အပူချိန်၏အထက် (သို့) အောက်တွင်ရှိနေခြင်း
  • မျက်လုံးနှင့် ပါးစပ်ဝန်းကျင်တွင် အရောင်ပြောင်းခြင်း
  • ဝမ်းလျှောခြင်း
  • နှာခေါင်းနှင့် ပါးစပ်ဝန်းကျင်တွင် အရိအရွဲများရှိခြင်း
  • မျက်လုံးများနီရဲခြင်း
  • ခြေမသန်ခြင်း
  • သွားလာလှုပ်ရှားမှုမမှန်ခြင်း
  • အမွေးကျွတ်ခြင်း (သို့) အမွေးကြမ်းခြင်း
  • ပိန်ချုံးခြင်း
  • နို့စားဆိတ်များ နို့ထွက်ကျဆင်းခြင်း

ကျန်းမာသောဆိတ်၏ ဇီဝကမ္မဆိုင်ရာအချက်များ

  • ကိုယ်ခန္ဓာအပူချိန် - ၃၈.၇ - ၄၀ ဒီဂရီစင်တီဂရိတ် 

(စအိုတိုင်းတာမှု)  (၁၀၁.၀၇ - ၁၀.၄.၅ ဒီဂရီဖာရင်ဟိုက်)

  • နှလုံးခုန်နှုန်း - ၇၀ - ၈၀/မိနစ်
  • အသက်ရှုနှုန်း - ၁၂ - ၂၀/မိနစ်

ဆိတ်ငယ်လေးများတွင် အသက်ရှုနှုန်းနှင့် နှလုံးခုန်နှုန်းပိုမြန်ပါသည်။

  • ရူမင်လှုပ်ရှားနှုန်း (အစာအိမ်) - ၁-၁.၅/မိနစ်

*ကိုယ်ခန္ဓာအပူချိန်ရယူရန် ဆိတ်ကိုထိန်းချုပ်ပြီး နားနေသည့် အနေအထားဖြင့် စအိုအတွင်း သာမိုမီတာသွင်း၍ တိုင်းယူနိုင်ပါသည်။ သွေးခုန်နှုန်းကို ခြေထောက်အတွင်းအပေါ်ပိုင်းရှိ သွေးလွှတ်ကြောမကြီးပေါ်တွင် လက်ချောင်းဖြင့် ညင်သာစွာဖိ၍ တစ်မိနစ်အတွင်း အကြိမ်ရေမှတ်သားရပါမည်။ အသက်ရှုနှုန်းကို နံရိုး၏အောက်ပိုင်းတွင် လက်ချောင်းတင်ပြီး တစ်မိနစ်အတွင်း အကြိမ်ရေမှတ်သားတိုင်းတာနိုင်ပါသည်။ 

ဆိတ်မွေးမြူရေးခြံများ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွင် ခွာလှီးခြင်း၊ ကိုယ်ခန္ဓာအလေးချိန် ချိန်ယူခြင်း၊ နေ့စွဲနှင့် မှတ်တမ်းထားရှိခြင်း၊ ပုံမှန်သန်ချဆေးတိုက်ကျွေးခြင်း၊ ဒေသအတွင်း အစိုးရတိရစ္ဆာန်ဆေးကုဌာန၏ ရောဂါပျံ့နှံမှုလေ့လာထားမှုအရ ကာကွယ်ဆေးပုံမှန်ထိုးမှု အစီအစဉ်ရေးဆွဲခြင်း၊ မိမိခြံကိုကြည့်ရှုပေးသည့် တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် မွေးမြူရေးလုပ်ငန်းတူလုပ်ကိုင်သူများ စုစည်း၍ တိရစ္ဆာန်ကျန်းမာရေး ပြဿနာဖြေရှင်းမှု ဆွေးနွေးတိုင်ပင်များပြုလုပ်ရန်လိုအပ်ပါသည်။

FSWG မှထုတ်ဝေသော "ကျေးလက်ဒေသဆိတ်မွေးမြူရေး" စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ဒီစာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်


ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်