စားနပ်ရိပ်က္ခာဖူလုံစေဖို့ ငါးမွေးမြူရေး တိုးမြှင့်စို့

08/03/2019 14:35 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံအတွင်း ငါသယံဇာတများ မပပျောက်စေအောင် ထိန်းသိမ်းစောင့်ရှောက်သည့်အနေဖြင့်လည်းကောင်း၊ ပြည်သူများ စျေးနူန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်စေရေးအတွက် မွန်ပြည်နယ်စိုက် ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဦးစီးဌာန၏ ငါးလုပ်ငန်းဦးစီးဌာန ငါးလုပ်ငန်းစခန်း (သထုံ)၊ ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ကျန်းမာသန်စွမ်းသော မျိုးကောင်းမျိုးသန့်ငါးမျိုးများကို ခေတ်နှင့်အညီ တိုးတက်လာသော လူဦးရေနှင့် စားနပ်ရိက္ခာအတွက် အချိုးကျသဟဇာတဖြစ်အောင် သဘာဝအတိုင်း ငါးသားဖောက်ခြင်း၊ ငါးဆေးထိုးသားဖောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ ငါးသား ပေါက်များအား ငါးမွေးမြူရေးလုပ်ငန်းရှင်များ လက်ဝယ်သို့ သက်သာသော စျေးနူန်းမြင့်ရောင်း ချ ဖြန့်ဖြူးပေးနိုင်ရန် ငါးသားပေါက်များကို တိုးမြှင့်ထုတ်လုပ်နေကြောင်း သိရသည်။

အခမဲ့သင်တန်းများ ဖွင့်လှစ်ပေး

အဆိုပါ သင်တန်းကျောင်းတွင် ပြည်နယ်အတွင်းရှိ ငါးမွေးမြူရေးလုပ်ငန်းကို စိတ်ပါတင်စားသူများအား တစ်နှစ်လျှင် သုံးကြိမ်ခန့် အခြေခံငါးဆေးထိုးသားဖောက်သင်တန်းများ၊ ငါးသယံဇာတ ထိန်းသိမ်းရေးသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးနေသည်။ စဉ်ဆက်မပြတ် မွေးမြူရေးငါးမျိုးများကို ငါးပြုစုမွေးမြူပြီး အင်းအိုင်၊ ချောင်းမြောင်း၊ လယ်ကွင်းများအတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးနိုင်ရန်အတွက်လည်းကောင်း၊ ငါးမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေကြသူများအား စီးပွားဖြစ်လုပ်ကိုင်နိုင်စေရန်အတွက် ငါးသားပေါက်များကို စျေးနူန်းချိုသာစွာဖြင့် ရောင်းချပေးနေကြောင်း သိရသည်။

ငါးမျိုးစိတ်များကို ထိန်းသိမ်း

စိတ်ဝင်စားစရာကောင်းသည်မှာ ယခုအချိန်၌ ငါးသယံဇာတများ ရှားပါးလာနေသည့်အတွက် မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းသင်တန်းကျောင်းများ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ငါးမျိုးစိတ်များအား ထိန်းသိမ်း၍ သဘာဝအတိုင်း သားဖောက်ခြင်း၊ ငါးဆေးထိုးသားဖောက်၍ မျိုးပွားခြင်းတို့ကြောင့် ငါးမျိုးစိတ်များကို အောင်မြင်စွာ မွေးမြူလာနိုင်သည်ကို တွေ့မြင်ရသည်။

ငါးမျိုးပွား၍ မွေးမြူရေး

သဘာဝအတိုင်း ငါးမျိုးပွားခြင်းသည် မွေးမြူထားသည့် ငါးကန်အတွင်းမှ မိမိရွေးချယ်သည့် ငါးမျိုး (ရွှေဝါငါးကြင်း) အား ပထမဦးစွာ အရွယ်ရောက်ပြီးသော၊ ကျန်းမာသန်စွမ်းသော ငါးထီးငါးမများကို ရွေးချယ်ရကြောင်း၊ (ဥပမာ) ငါး ထီးအကောင် ၂၀၊ ငါးမ ၁၀ ကောင်ကို မွေးမြူရေးကန်ထဲတွင် ဗေဒါပင်များထည့်ထားသော အလျား ၁၀ ပေ၊ အနံ ၆ ပေ ရှိသော ခြင်ထောင်အတွင်းသို့ ထည့်၍ အပေါ်မှ ရေပန်းများဖြင့် ရေပြင်ကို လှုပ်ရှားစေပြီး တစ်ညတာထားရှိစေခြင်းဖြင့် ငါးများမိတ်လိုက်၍ မျိုးဥများစွာရရှိကြောင်း၊ ထိုနည်းတူ ငါးဆေးထိုးသားဖောက်ခြင်းကို (ငါးတန်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးဖန်းမ၊ ငါးသိုင်းခေါင်းပွ၊ ရေချိုငါးမှတ်၊ အလှမွေးငါး) ငါးမျိုးစုံအား ပြုလုပ်ပေးနိုင်ကြောင်း အထူးသဖြင့် အထီး၊ အမ ရွေးချယ်၍ ငါးဟော်မုန်းဆေးများကို အချိုးကျရောစပ်ပြီး ငါးအရွယ်အစားအလိုက် သင့်တော်သော ဆေးအချိုးအစားအတိုင်း ငါး၏ အရှေ့ရေယက်အောက် (သို့မဟုတ်) ငါး၏ကျောကုန်းသို့ ဆေးထိုးပေးရကြောင်း ယင်းနောက် သီးသန့်နေရာ အုတ်ကန်အတွင်း ဆေးထိုးထားသောငါးများကို ထည့်၍ အပေါ်မှ ရေပန်းများကို အဆက်မပြတ် ဖွင့်လှစ်ပေးထားရကြောင်း၊ ငါးဆေးထိုးသားဖောက်ခြင်းကို ညနေပိုင်းများတွင် ပြုလုပ်လေ့ရှိပြီး နောက်တစ်နေ့နံနက်ပိုင်းတွင် မျိုးဥများ ရရှိပြီဖြစ်ကြောင်း၊ ယင်းနောက် တစ်ရက်အကြာတွင် ငါးအကောင်ပေါက်လေးများ ဖြစ်ပေါ်လာကြောင်း၊ ဆေးထိုးသားဖောက်ခြင်းလုပ်ငန်းကို စတင်ချိန်မှ သုံးရက်အတွင်း ငါးသားပေါက်ကလေးများ ရရှိရှင်သန်ကြောင်း ငါးလုပ်ငန်းစခန်း (သထုံ) မှ စခန်းတာဝန်ခံ ဦးဝင်းဗိုလ်က ပြောသည်။

စနစ်တကျ ရှင်သန်ကြီးထွားလာစေရန်

မျိုးဥများမှ သုံးရက်အတွင်း (ငါးအကောင်ပေါက်လေးများ) ရရှိလာသည့် ငါးမှုန်အဆင့်မှာပင် ငါးကန်များအတွင်းသို့ ပြောင်းရွေ့ရှင်သန်ကြီးထွားလာအောင် မွေးမြူဆောင်ရွက်ရကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဖွဲနု၊ ပဲဖတ်နှင့် အဆင်ပြေ

“ငါးမြစ်ချင်း နဲ့ ငါးခုံးမ၊ ငါးတန်၊ ငါးမုတ်၊ တီလားပီးယား၊ ငါးတွေကို အဓိကမွေးမြူထားပါတယ်။ ရောင်းတန်းဝင်ငါး ရရှိဖို့အတွက် အချိန်တစ်နှစ်ကျော် စောင့်ရပါတယ်။ ကုမ္ပဏီတွေကထုတ်တဲ့ ငါးစာတစ်အိတ်တန်ဖိုးက စျေးနှုန်းကြီးတဲ့အတွက် ဝယ်မကျွေးနိုင်ဘူးလေ၊ ကုန်ကျစားရိတ်နည်းအောင် တခြား အစာ(ဖွဲနု၊ ပဲဖတ်) စသည်ဖြင့် နေ့စဉ်ကျွေးရပါတယ်။ မျိုးငါးများအတွက် ငါးသားပေါက်တွေကို ငါးအမျိုးအစား အရွယ်အစားအလိုက် သူ့စျေးနဲ့သူ သထုံငါးလုပ်ငန်းစခန်းက လိုသလောက်ဝယ်ယူရပါတယ်။ ငါးသားပေါက်တွေကို ကန်လေးထဲမှာ ခြောက်လလောက် အစာကျွေးပြုစုပြီး အကောင်ကြီးလာမှ ကန်ကြီးထဲကို ပြောင်းထည့်ပြီး မွေးပါတယ်။ ကန်လေးထဲကို ထပ်ပြီး မိမိကြိုက်တဲ့ ငါးမျိုးသား ပေါက်တွေ ပြန်ဝယ်ထည့်ပါတယ်။ ကန်ကြီးထဲက ရောင်းတန်းဝင်ငါး ဖြစ်လာတဲ့အခါ ပြန်ရောင်းပါတယ်။ တစ်သုတ်ပြီးတစ်သုတ် လှည့်ပြီး တစ်နိုင်တစ်ပိုင်ပဲမွေးတဲ့အတွက် မိသားစုစားဝတ်နေရေး အဆင်ပြေပါတယ်" ဟု မွန်ပြည်နယ် ပေါင်မြို့နယ်တွင် ငါးမွေးမြူရေးလုပ်ငန်းအား ငါးမွေးကန်တစ်ဧကခွဲခန့် လုပ်ကိုင်နေသူ ဦးစိန်သန်းမွန်က ပြောသည်။

အလှငါး မွေးမြူသူများ၏ စိတ်အေးချမ်းရာ

ရောင်စုံငါးကြင်း၊ အလှမွေးငါး စသည်တို့ကို ငါးချစ်တတ်သူများက ဟိုတယ်၊ စားသောက်ဆိုင်၊ ပန်းခြံ နေအိမ်များတွင် ပုံစံအမျိုးမျိုးနှင့် အလှမွေးမြူလေ့ရှိသောကြောင့် အရွယ်အစား၊ အရောင်၊ အမျိုးအစားအလိုက် စျေးနှုန်းကြီးစွာပေး၍ မွေးမြူကြသောကြောင့် အလှမွေးတိရစ္ဆာန်များထဲတွင် နာမည်ကြီးထင်ရှားသည့်အပြင် အိမ်ခြံဝင်းအတွင်း ပေ ၂၀ ပတ် လည် ငါးကန်တူး၍ ရောင်စုံအလှမွေးငါးများကို မွေးမြူထားသည့် ဝင်းပကျေးရွာမှ ကျေးရွာသားတစ်ဦးက " ငါးအစာ ကျွေးတိုင်း ငါးတွေကိုကြည့်ပြီး စိတ်ချမ်းသာကြည်နူးရပါတယ်" ဟု ဆိုသည်။

တိုးတက် ထုတ်လုပ်မည်

ငါးလုပ်ငန်းသင်တန်းကျောင်းမှ မွေးမြူရရှိလာသော ငါးအမျိုးအစား၊ အရွယ်အစားအလိုက် ငါးသားပေါက်မျာကို မွန် ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများက အဆင်ပြေချောမွေ့စွာ ဖုန်းဆက်အော်ဒါမှာယူ၍ လာရောက်ဝယ်ယူကြကြောင်း သိရသည်။ မွန်ပြည်နယ်အတွင်း ငါးကန်ဧရိယာ တစ်ထောင်ကျော်ရှိပြီး ငါးမွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၀၀ ခန့်ရှိကြောင်း သိရသည်။ ယခု ငါးသားဖောက်သည့် ငါးလုပ်ငန်းစခန်း၏ ဧရိယာ မှာ ၁၉ ဒသမ ၉၂ ဧက၊ မျိုးငါးကန် ၂ ဒသမ ၅ ဧက၊ ပြုစုကန် ၈ ဒသမ ၅ ဧက ရှိပြီး စခန်းတာဝန်ခံ အပါအဝင် ဝန်ထမ်း ၇ ဦးဖြင့် ဖွဲ့စည်းထားကာ၊ ယခင် ၂၀၁၇ – ၂၀၁၈ ခုနှစ်တွင် ငါးသားပေါက်ကောင်ရေ ၄၂ သိန်းခန့် ထုတ်လုပ်နိုင်ခဲ့ပြီး ငါးသားပေါက်ကောင်ရေ ၃၄ သိန်းကို ရောင်းချနိုင်ခဲ့ကာ ၈ ဒသမ ၄ သိန်းအား ငါးမျိုးစိုက်ထည့်နိုင်ခဲ့ကြောင်း သိရသည်။ ယခု ၂၀၁၈ -၂၀၁၉ ခုနှစ်တွင်မှု တစ်နှစ်ထက်တစ်နှစ် ပိုမို၍ ငါးသားပေါက်များကို တိုး တက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည့်အတွက် သားငါးရိက္ခာတိုးပွားလာစေရန် ငါးမွေးမြူရေးလုပ် ငန်းအား တိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းအားပေးလိုက်ရပါသည်။

မြန်မာ့အလင်း

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်