အလုပ်ခေါ်စာ 📣

23/04/2022 14:05 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

ATM Co.,Ltd သည် အရည်အသွေး ပြည့်မှီသော ဓါတုလွတ်စိုက်ပျိုးရေးဆေးများကို အင်ဒိုနီးရှားနိုင်ငံမှ တိုက်ရိုက်တင်သွင်းဖြန့်ဖြူ ရောင်းချသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ 

 

ဈေးကွက်ချဲ့ထွင်ရန်နှင့် ကုမ္ပဏီရောင်းအားမြင့်တင်ရန်အတွက် အောက်ပါဝန်ထမ်းများခေါ်ယူပါမည်။ 

 

(Area Sales Manager) 

 

ဧရာဝတီတိုင်း (1) ဦး

ကရင်ပြည်နယ် (1) ဦး

 

ရာထူးအတွက်လိုအပ်ချက်များ

 

၁. B.Agr.Sc (or) Dip.Agr နှင့် ဘွဲ့ရပြီးသူဖြစ်ရမည်။

 

၂. ဓါတုလွတ် စိုက်ပျိုးရေးဆေးများအကြောင်းကို ကောင်းစွာနားလည်မှုရှိပြီး customer အပေါ် သေချာစွာရှင်းပြ ရောင်းချနိုင်ရမည်။

 

၃. Area Sales Manager ရာထူးဖြင့် လုပ်ငန်းအတွေ့ အကြုံ (၃)နှစ် နှင့် အထက် ရှိရပါမည်။ မိမိတာဝန်ကျရာ နေရာရှိ ကိုယ်စားလှယ်များနှင့် ရင်းနှီးမှုရှိပြီး ဈေးကွက်အသစ်ထိုးဖောက်နိုင်ရမည်။

 

၄. ကိုယ်စားလှယ်အသစ်ရှာဖွေခြင်း၊ အော်ဒါတင်ခြင်း၊ ငွေသိမ်းခြင်း နှင့် ပစ္စည်းမိတ်ဆက်ခြင်းများကို တစ်ယောက်ထဲလုပ်ဆောင်နိုင်ရမည်။ ကုမ္ပဏီမှ ချမှတ်သော sale target ကိုပြည့်မှီအောင်ဆောင်ရွက်ရပါမည်။

 

၅. အသင်းအဖွဲ့နှင့်ပြုလုပ်ရမည့်ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်နိုင်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူဖြစ်ရပါမည်။

 

၆. ကြိုးစားသင်ယူလိုစိတ်ရှိသူဖြစ်ရပါမည်။

 

၇. အကျင့်စာရိတ္တ ကောင်းမွန်ပြီး ကုမ္ပဏီတွင် ရေရှည်အလုပ်လုပ်နိုင်သူကို ဦးစားပေးရွေးချယ်သွားပါမည်။

 

အလုပ်လျှောက်ရန် စိတ်ဝင်စားသူများ  09977835920 သို့  (ရုံးချိန်အတွင်း)စုံစမ်းနိုင်ပါသည်။ Mail မှ တစ်ဆင့် CV form ပေးပို့လျောက်ထားနိုင်ပါသည်။

 E-mail: [email protected]

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်