သင်္ဘောဒန့်သလွန်မြစ်

08/05/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သင်္ဘောဒန့်သလွန်မြစ်အပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်ပြီး၊ (ရေခဲအမှတ်အောက်) -၄၀ ဒီဂရီဖာရင်ဟိုက်မှ အပူချိန် ၃၀ ဒီဂရီဖာရင်ဟိုက်အတွင်း အပင်ဖြစ်ထွန်းသည်။ အမြစ်ကိုစားရပြီး အပင်အမြင့်မှာ ၁-၄ ပေနှင့် အကျယ်မှာ ၁-၂ ပေရှိသည်။ အရွက်များမှာ စိမ်းပြီး ပြောင်နေသည်။ သေးငယ်သော အဖြူရောင်ရှိသည့် ပန်းပွင့်များစွာပွင့်သည်။ သင်္ဘောဒန့်သလွန်ပင်သည် အလွန်သက်တမ်းရှည်သောအပင်ဖြစ်သော်လည်း သက်တမ်းတိုအောင် ပြုလုပ်ကြသည်။ အပင်ပြန့်ကားမှုကို ထိန်းသိမ်း၍ စိုက်ပျိုးရသည်။ ပင်ကိုအတိုင်း ပြန့်ကားနေပါက ပေါင်းမြက်သဖွယ်ဖြစ်သွားသည်။ 

အေးခဲမှု ၃-၄ ကြိမ်ခံရအောင် မြေကြီးတွင်ထားပြီးမှ ရိတ်သိမ်းလျှင် အကောင်းဆုံးအနံ့ကိုရရှိသည်။ အမြစ်များသည် သုံးစွဲသင့်သောအရွယ်ရောက်အောင် ၂-၃ ရာသီခန့်လိုအပ်သည်။ မြေကြီးကို ခက်ရင်းနှင့်ဆွပြီး အမြစ်များကို လက်နှင့်ဆွဲ၍ နှုတ်ယူရသည်။ ၆-၁၂ လက်မရှည်သောအမြစ်များကို စားသုံးပြီး၊ သေးငယ်သောအမြစ်များကို နောင်နှစ်တွင် ပြန်၍စိုက်ပျိုးရသည်။ သို့မဟုတ် အမြစ်များကို မြေကြီးတွင်ချန်ထားပြီး ဆောင်းရာသီဒဏ်ခံနိုင်အောင် ကောက်ရိုးဖြင့် ဖုံးအုပ်ပေးရသည်။

ရိတ်သိမ်းထားသောဥများကို ရေမဆေးဘဲ ပလပ်စတစ်အိတ်တွင်ထည့်၍ ရေခဲသေတ္တာထဲ၌ သိုလှောင်ထားနိုင်သည်။ သင်္ဘောဒန့်သလွန်ဥကိုထောင်းပြီး ငရုတ်ကောင်းကဲ့သို့ အသားနှင့် ရောရသည်။ အသားသည် အနံ့စူးရှပြီး အရသာမြိုးမြိုးမြက်မြက်ဖြစ်လာသည်။ အမြစ်ကိုရေဆေး၍ ပါးပါးလှီးပြီးညက်အောင်ထောင်းကာ လတ်လတ်ဆတ်ဆတ်စားကြသည်။ သို့မဟုတ် ထောင်းထားသောအမြစ်ကို ရှာလကာရည် အနည်းငယ်ဆမ်းပြီး ရေခဲသေတ္တာထဲတွင် သိုလှောင်ပါက ၆ လအထိခံနိုင်သည်။

ဒေါက်တာချစ်၏ စားဖို့ စိုက်စို့ ဈေးကွက်တိုးချဲ့ဗျို့ စာအုပ်အတွဲ (၂) မှ ကောက်နုတ်ဖော်ပြပါသည်။

ယခုဆောင်းပါးသည် လူကြီးမင်းတို့အတွက် အကျိုးတစ်စုံတစ်ရာဖြစ်ထွန်းမှုရှိ/မရှိ "အသုံးဝင်ပါတယ်" အသုံးမဝင်ပါ" ကိုရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်