အစိမ်းရောင်လမ်း (Green Way) မှာ သိချင်တာတွေ ဘယ်လိုရှာဖွေကြမလဲ

18/01/2023 18:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အစိမ်းရောင်လမ်း(Green Way App) မှာ ကိုယ်သိချင်တာတွေရှိပေမဲ့ တစ်ခုချင်းစီ လိုက်ရှာဝင်ဖို့အခက်အခဲရှိတယ် ဆိုရင် ညာဘက်အပေါ်ထောင့်လေးမှာရှိတဲ့ မှန်ဘီလူးပုံစံလေးကိုနှိပ်ပြီး ကိုယ်သိချင်တာတွေကို တိုက်ရိုက်စာရိုက် ပြီး ရှာဖွေလို့ရပါတယ်။

ဒီထဲကို ဝင်ရှာတဲ့နေရာမှာ မှားယွင်းမှုတချို့ကြောင့် ရှာမရတာမျိုးတွေ ဖြစ်နေကြတာလည်းတွေ့ရပါတယ်။ ဒါကြောင့် ရှာဖွေလိုသူတွေအနေနဲ့ အောက်ပါလမ်းညွှန်ချက်လေးတွေအတိုင်း ရှာဖွေပေးကြဖို့ အကြံပြုလို ပါတယ်။

Key words ဖြင့် ရှာဖွေရာတွင် အမှားအယွင်းဖြစ်တတ်ခြင်းအချို့

  1. စာလုံးပေါင်းသတ်ပုံမှားခြင်း (ဥပမာ - ကဏန်းကို ‘ဂဏန်းဟုမှားခြင်း၊ ငရုတ်သီးကို ‘ငရုပ်သီး’ ‘ငြုပ်သီး’ ဟု မှားခြင်း စသည်...)
  2. စာရိုက်ရှာရာတွင် ၃ ချက်မပြည့်ခြင်း ( ဥပမာ - ‘ဘဲ’ ဟုရိုက်ရှာရာတွင် ‘ဘကုန်း’ နှင့် ‘နောက်ပစ်’ အတွက် စာရိုက်ချက် ၂ ချက်သာရှိသဖြင့် Space bar တစ်ချက်ပုတ်ပေးရန်လိုပါသည်)
  3. ဖောင့်မမှန်ခြင်း (Unicode font ဖြစ်ရမည်ဖြစ်ပြီး Zawgyi font ဖြင့် ရိုက်ရှာမည်ဆိုပါက မရနိုင်ပါ)
  4. စာရေးဆရာနာမည်ဖြင့်ရှာပါက တချို့က အင်္ဂလိပ်လိုဖြစ်ပြီး တချို့က မြန်မာနာမည်ဖြင့်ဖြစ်ပါသည်။ (တစ်ခုမရပါက နောက်တစ်မျိုးပြောင်းရှာပေးပါရန် အကြံပြုလိုပါသည်)
  5. မေးခွန်းများမေးခြင်း (မည်သည့်မေးခွန်းမဆို အမေးအဖြေကဏ္ဍတွင်သာ မေးပေးပါရန်)
  6. ဈေးနှုန်းများမေးခြင်း (နေ့စဉ်ဈေးနှုန်းများကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)

ရှာလိုသည့်ကဏ္ဍများအတွက် အကြံပြုလိုသည့် key word များ

  1. စပါးနှင့်ပတ်သက်သည်များသိလိုပါက ( စပါး၊ စပါးပိုး၊ စပါးရောဂါ၊ စပါးပေါင်း၊ ပိုးနှင့်ရောဂါနာမည်အတိအကျ၊ ပေါင်းမြက်နာမည်အတိအကျ၊ စပါးဈေးကွက် စသဖြင့်...)
  2. မတ်ပဲနှင့်ပတ်သက်သည်များသိလိုပါက ( ‘မတ်ပဲ’ နာမည်တစ်လုံးရှာရုံဖြင့် အတော်များများ ရှာနိုင်ပါလိမ့်မည်။  ပိုးနာမည်၊ ရောဂါနာမည် အတိအကျများ... စသဖြင့်...)
  3. (အခြားပဲမျိုးစုံ၊ ငရုတ်ကဲ့သို့ အခြားသီးနှံများအတွက် ရှာဖွေလိုပါကလည်း အထက်ပါ မတ်ပဲအတွက် ရှာဖွေနည်းလမ်းညွှန်ချက်များအတိုင်း ရှာဖွေနိုင်ပါသည်)
  4. မွေးမြူရေးအတွက်ရှာဖွေလိုပါက ( သက်ဆိုင်ရာတိရစ္ဆာန်နာမည်များဖြစ်သည့် ငါး၊ ပုစွန်၊ နွား၊ ဆိတ်၊ ဝက် ၊ ကြက် အစရှိသဖြင့် ရှာဖွေနိုင်ပါသည်။ ဘဲ အတွက်ဆိုပါကတော့ Space bar တစ်ချက်ထပ်ပုတ်ပေးရန် လိုအပ်ပါမည်။ ရောဂါနာမည်များအတိအကျဖြင့်လည်း ရှာဖွေနိုင်ပါသည်)
  5. အာဟာရနှင့်ကျန်းမာရေး၊ အခြားအထွေထွေ ဗဟုသုတများအတွက်ဆိုပါကလည်း သိလိုသည်များကို စာလုံးပေါင်းသတ်ပုံမှန်မှန်ဖြင့်ရှာဖွေပါက ရနိုင်ပါသည်

ကဏ္ဍအလိုက် key word တန်းရိုက်ပြီး ရှာဖွေလိုပါက...

  • မြေဆီလွှာ
  • အပင်အာဟာရ
  • စိုက်ပျိုးနည်း
  • ပိုးမွှားရောဂါ
  • စိုက်ပျိုးစီးပွား
  • ခေတ်သစ်စိုက်ပျိုးရေး
  • ရိတ်သိမ်းချိန်လွန်နည်းပညာ
  • တန်ဖိုးမြှင့်ထုတ်ကုန်
  • စိုက်ပျိုးရေ
  • စိုက်ပျိုးဗဟုသုတ

စသဖြင့် တိုက်ရိုက်ရှာဖွေနိုင်ပါသည်။ ယင်းသို့မဟုတ်ပါကလည်း Home page ထဲဝင်၍ အဆိုပါကဏ္ဍများကို တိုက်ရိုက်နှိပ်ပြီးလည်း ဝင်ရောက်နိုင်ပါသည်။ အလားတူ မွေးမြူနည်းပညာ၊ ရေလုပ်ငန်းနည်းပညာ၊ အထွေထွေ ဗဟုသုတများကိုလည်း တိုက်ရိုက်ဝင်ရောက်၍ဖြစ်စေ၊ key word ဖြင့်ရိုက်ရှာပြီးဖြစ်စေ ဝင်ရောက်နိုင်ပါသည်။

(တချို့ကတော့ မရှိသေးတာတွေဖြစ်နေလို့ မကျတာမျိုးဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ သိလိုတာ၊ တင်ပေးစေချင်တာတွေ ကို အမေးအဖြေကဏ္ဍ သို့မဟုတ် အစိမ်းရောင်လမ်းကို တိုက်ရိုက်ဆက်သွယ်ပြီး တောင်းဆို အကြံပြုနိုင်ပါတယ်)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်