ဒူးရင်းသီးကောင်းမကောင်းရွေးနည်း

24/05/2022 17:30 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

အခုလိုမျိုးဈေးကြီးကြီးနဲ့ ဝယ်စားနေရတဲ့ ဒူးရင်းချိန်မှာ အရဲစွန့်ပြီးဝယ်စားလိုက်ကာမှာ အထဲမှာ အမွှာသေးသေလေးနဲ့ တိုးလို့ စိတ်တိုဖူးတဲ့ လူတွေရှိလား?....

 

ဆိုင်ရှင်ကခွဲပြလိုက်ရင်တော့ ကိစ္စမရှိပေမယ့် မခွဲပြလိုက်ရင်လည်း ကိုယ့်ဟာကိုယ် အမွှာကြီးကြီးနဲ့ အသားများတာတွေရွေးဖို့ အောက်ကအချက်လေးတွေ ဆက်ဖတ်ကြည့်ကြရအောင်ပါ။

 

(၁)အမြင်စွမ်းအင်ကိုအသုံးချခြင်း

 

အသီးပုံစံကို ကြည့်လိုက်လို့ ပုံစံမမှန်တာ၊ ချိုင့်နေတာမျိုးက မြှောင်းထဲမှာ အသားမပြည့်တတ်တဲ့တာမျိုး ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး အလုံးဝိုင်းဝိုင်းလေးတွေကို ရွေးယူပါ။ ဘောလုံးလို ဝိုင်းနေတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ ဘဲဥပုံ (သို့မဟုတ်) ရှည်မျောမျောလေးပေါ့။

 

နောက်တစ်ခုကတော့ အညှာကို လည်းကြည့်လို့ရပါတယ်။ အညှာစိမ်းစိမ်းစိုစိုလေးဆို ကောင်းပါတယ်။ အညိုရောင်ဖြစ်လေလေ ခူးထားတာကြာပြီဖြစ်ပြီး မလတ်ဆတ်တော့လေလေပါပဲ။ 

 

အသားများများလိုချင်ရင်တော့ ဆူးကျဲပြီး ဆူးညီတာလေးတွေကိုပဲ ရွေးသင့်ပါတယ်။ အညှာထိပ်လေးတွေကိုလည်း ကြည့်လို့ရပါတယ်။ အညှာထိပ်လေးတွေ ညီနေမယ်ဆိုရင် ကြွေသီးပါ။ ဝယ်ဖို့သင့်တော်ပါတယ်။

 

(၂) အနံ့ခံကြည့်ခြင်း

 အနံ့ခံကြည့်လိုက်လို့ အမွှေးနံ့သင်းသင်းလေး ရမယ်ဆိုရင် မှည့်နေပြီလို့ပြောလို့ ရပါတယ်။ ချက်ချင်းခွဲစားမယ် ဆိုရင်တော့ ဒါမျိုးဝယ်သွားလို့အဆင်ပြေပါတယ်။ အနံ့တအားပြင်းနေတာမျိုးကိုတော့ရှောင်ပါ။ ဒါဆိုရင် အမှည့်လွန်နေပြီ ဆိုတဲ့လက္ခဏာပါပဲ။ဘာနံ့မှမရဘူးဆိုရင်တော့ မဝယ်ပါနဲ့။ မမှည့်သေးတာဖြစ် နိုင်သလို မှည့်ချင်မှတောင် မှည့်တော့မယ့်အနေအထားပါ။

 

ဒူးရင်းရဲ့ အောက်ခြေဟာဆိုရင် အသားအထူဆုံး အပိုင်းတွေဖြစ်လို့ တိကျတဲ့ အနံရဖို့ ခက်ခဲမှာ ဖြစ်တဲ့အတွက် နမ်းကြည့်တဲ့အခါ ထိပ်နဲ့ အောက်ခြေ မဟုတ်တဲ့ ဘေးဘက်တွေကိုသာ နှာခေါင်းကို ထားကြည့်ပြီး အနံ့ခံကြည့်ရမှာဖြစ်ပါတယ်။

 

(၃) လှုပ်ကြည့်ခြင်း

ဒူးရင်းသီးကို လှုပ်ကြည့်လိုက်လို့ အသံကြားရတဲ့အခါ ဒူးရင်းသားတွေက အမြှောင်းတွေကနေ ကောင်းစွာ ကွဲကွာနေတာကို ဖော်ညွှန်းတဲ့အတွက် ရွေးချယ်သင့်တဲ့ အလုံးပဲဖြစ်ပါတယ်။ အသံတွေမကြားရတဲ့အခါ မမှည့်သေးတဲ့ အသီးဖြစ်ပြီး ဆူညံသံတွေတအားကြားရမယ်ဆိုရင်တော့ အမှည့်လွန်နေတဲ့အသီး ဖြစ်နိုင် ပါတယ်။

ယေဘုယျအားဖြင့် အပင်နုတွေက ဒူးရင်းသီးတွေဟာ ချိုတဲ့အရသာကိုပေးပြီးတော့ အပင်ရင့်တွေက ဒူးရင်းသီးက နည်းနည်းခါးသက်တဲ့ အရသာကိုပေးပါတယ်။

အရေးကြီးဆုံးအချက်ကတော့ ဒူးရင်းသီးကိုရွေးတဲ့အခါ ပေါ့တဲ့အသီးကို ရွေးရမှာပဲဖြစ်ပါတယ်။

Ref: https://asianfoodnetwork.com/en/articles/how-to-choose-a-good-durian-.html

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်