လုပ်ငန်းတစ်ခုစဖို့ ချေးငွေယူတော့မယ်ဆိုရင်

20/03/2020 20:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

လုပ်ငန်းတစ်ခုခုစဖို့ပဲဖြစ်ဖြစ် လက်ရှိလုပ်ကိုင်နေတဲ့စီးပွားရေးတိုးချဲ့ဖို့ပဲဖြစ်ဖြစ် အရင်းအနှီးငွေလိုအပ်နေတယ်ဆိုရင် ဘယ်လိုအရင်ပြင်ဆင်စဉ်းစားထားသင့်ပါသလဲဆိုတာ တင်ပြပေးပါမယ်။

(၁) ဘယ်လောက်လိုအပ်နေတာလဲ။ 

လစဉ်ဝင်ထွက်အသုံးစရိတ်စီမံကိန်းဆွဲပါ။တိုင်းပြည်စီးပွားရေးအခြေအနေအရကျိုးကြောင်းဆီလျော်ဖြစ် ဖို့လိုပါတယ်။ အကြမ်းအားဖြင့် ၁ နှစ်မှ ၃ နှစ်အထိ တွက်ချက်လိုက်ပါ။

(၂) ဒီလုပ်ငန်းပိုင်ရှင်တစ်ဦးအနေနဲ့ လိုနေတဲ့ငွေဘယ်လိုရအောင်ရှာဖွေနိုင်မလဲ သုံးသပ်ပါ။  

စီးပွားရေးအသိုင်းအဝိုင်းက သူသိပ်မများပါဘူး။ အလွဲသုံးစားလုပ်ခဲ့မှုတွေ လိမ်လည်မှုတွေ ရှိခဲ့ရင် ကိုယ့်နာမည်ပြန်လည်တည်ဆောက်ဖို့ အရမ်းခက်ခဲပါလိမ့်မယ်။ သူများတွေက ယုံကြည်မှုထပ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ပုဂ္ဂိုလ်ရေးဂုဏ်သတင်း အရည်အချင်းအသိုင်းအဝိုင်း ပြန်တွေးခေါ်ပါ။ ရိုးသားပါ။ အရင်ကဘာတွေလုပ်ဖူးသလဲ၊ လုပ်ခဲ့သလဲ၊ ကိုယ့်ကို ထောက်ခံပေးမယ့်သူတွေရှိသလား၊ ပိုင်ဆိုင်မှုတွေပြနိုင်လား။ ကိုယ့်ရာဇဝင်ဘယ်လိုလဲဆိုတာ ကိုယ်အသိဆုံးဖြစ်မှာပါ။ လုပ်ငန်းခွင်အရကြည့်မယ်ဆိုရင်လဲ ဒီလိုစီးပွားရေးကဏ္ဍတိုးတက်မှုရှိလား။ အပြိုင်တွေများလား။ ​ခေတ်မမှီတော့ဘူးလား ပြန်စစ်ပါ။ ကိုယ်လုပ်ချင်တိုင်းအောင်မြင်ဖို့ဆိုတာ အမြဲတမ်း မဖြစ်နိုင်ပါဘူး။ ဒီလုပ်ငန်းလောကအကြောင်းကိုပိုင်ရှင်ကပိုသိနိုင်ပေမယ့် ငွေပေးမယ့်သူက နားလည်အောင်တင်ပြပေးဖို့ လိုပါတယ်။ 

(၃) ငွေရခဲ့ပြီဆိုရင် ဘယ်လိုသုံးမှာလဲ။

ဘာအတွက်လဲ။ စက်ပစ္စည်းဝယ်မှာလား။ ဝန်ထမ်းထပ်ငှားမှာလား။ နေရာထပ်ချဲ့မှာလား။ ဆိုင်ခန်းဖွင့်ဖို့လား။ ဝယ်ယူမယ့်ဖောက်သည်တွေ အဆင်သင့်ရှိနေပြီလား။ အသေးစိတ် စီစဉ်ထားပါ။ ကိုယ့်ခေါင်းထဲမှာရှိနေတာတွေကို ဘယ်သူမှမသိနိုင်တဲ့အတွက် ရေးချပါ။ တွက်ပြပါ။ စီးပွားရေးအခြေအနေမကောင်းဘူး ငွေထပ်လိုနေတယ် ထပ်ထည့်ရမယ်ဆိုရင်ရော အဲဒါက ပြန်လှည့်နိုင်လာမှာသေချာရဲ့လား။ ကျရှုုံးနေတာကိုငွေထပ်ထည့်သင့်လား။ ရပ်သင့်လား အမှန်စစ်ဆေးပါ။ ငွေထပ်ရင်းရမယ်ဆိုရင် ဆုံးရှုံးထားတာတွေပြန်ရရှိဖို့ ဖြစ်နိုင်မနိုင်ပြန်စစ်ပါ။ 

(၄) ပုဂ္ဂိုလ်ရေးအရရော လုပ်ငန်းစာရွက်စာတမ်းအထောက်အထား ဘာတွေစနစ်တကျရှိသလဲ။

မြေယာပိုင်ဆိုင်မှုဂရမ် ကားဆိုင်ကယ်စက်ပိုင်ရှင်စာအုပ်ရှိလား။ အဲဒါတွေအပေါင်လုပ်မှာလား။ အခွန်ပြေစာ အရောင်းပြေစာ လုပ်ငန်းဝင်ငွေထွက်ငွေစာရင်း ငွေတောင်းခံလွှာဘောက်ချာများ အငှားအရမ်းရှေ့နေစာချုပ်များ လုပ်ငန်းလိုင်စင် စည်ပင်ခွင့်ပြုချက် နို့တစ်စာ(Notice)အားလုံးအသေးစိတ်ဖော်ပြထားနိုင်အောင်လုပ်ပါ။ နှစ်စဉ်စည်းကမ်းနဲ့စာရင်းအကောင်အထည်လုပ်ထားတာတွေ ပြပါ။ ဘာမှမပြနိုင်ဘူး မပြချင်ဘူး အပေါင်ပစ္စည်းလဲမရှိဘူးဆိုရင်တော့ ငွေရဖို့ခက်ပါလိမ့်မယ်။ ရခဲ့ရင်ပမာဏနည်းမယ် အတိုးများမယ် အချိန်အနည်းငယ်ပဲသုံးပြီး ပြန်ပေးရလိမ့်မယ်။ များများပြည့်စုံအောင်ပြနိုင်လေ ပိုအဆင်ပြေနိုင်ပါလိမ့်မယ်။

(၅) ဘယ်လိုမျိုးဝင်ငွေရှာနိုင်ပြီး ဘယ်လိုပြန်ပေးချေမှာလဲ။

ဒီအချက်ကအရေးအကြီးဆုံးပါ။ လုပ်ငန်းရှင်အများစုဟာလောဘ ရှိကြပါတယ်။ အကြီးဆုံးချဲ့မယ်။ အမြန်ဆုံးလုပ်မယ်။ အများဆုံးပြုလုပ်မယ်ဆိုတာမျိုးတွေ ရှိပါတယ်။ အရင်ကအောင်မြင်ခဲ့တိုင်းထပ်အောင်မြင်မယ်လို့ ပြောလို့မရပါ။ စျေးကွက်အရွယ်အစားအခြေအနေကြည့်ရှုလေ့လာပြီးမှအကောင်အထည်ပြုပါ။ စီးပွားရေးလုပ်ငန်းတိုင်းမှာ ကြိုတင်မမြင်ပဲဖြစ်လာနိုင်တာတွေ အများကြီးရှိပါတယ်။ ပုံမှန်လည်ပတ်နေချိန်အတွင်းမှာ ကြားခံအသက်ရူ ချောင်အောင် တစ်ခုအမြဲထားပါ။ ရသလောက် မချေးပါနဲ့။ ပေးသလောက်မယူပါနဲ့။ လိုအပ်မှလုပ်ပါ။ အတိုးပိသွားနိုင်တယ်။ သတိထားပါ။ သေချာတွက်ချက်နိုင်ပြီးမှ ချေးငွေကပေးနိုင်တဲ့အန္တရာယ်တွေ ယူပါ။

Mother Finance

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်