ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးနည်းစနစ် (IPM)

13/08/2020 17:00 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား ပြီး ILO Myanmar, VISION ZERO FUND ILO Myanmar, VISION ZERO FUND မှ ပေးပို့ထားပါသည်။

    ဘက်စုံသီးနှံကာကွယ်နှိမ်နင်းရေးနည်းစနစ် (IPM)ဆိုသည်မှာ ဖျက်ပိုးအရေအတွက်ကို စီးပွားရေးထိခိုက်စေသောအဆင့်သို့ မရောက်အောင် လျော့ချရန်အတွက် ဓါတုဆေးတစ်မျိုးတည်းကိုသာ အသုံးပြုခြင်းမဟုတ်ဘဲ သင့်တော်သောနည်းလမ်းများဖြင့် အချိန်အခါနေရာဒေသကိုလိုက်၍ ရနိုင်သမျှနည်းလမ်းများကို တွဲဖက်ကျင့်သုံးသော နည်းစနစ်ဖြစ်ပါသည်။ 

ကာကွယ်နှိမ်နင်းရေးနည်းစနစ်များမှာ - 

၁. စိုက်ပျိုးနည်းစနစ်ဖြင့် ကာကွယ်ခြင်း

၂. ရုပ်ပိုင်းဆိုင်ရာပြောင်းလဲ၍ ကာကွယ်ခြင်း

၃. လူအင်အားဖြင့် ကာကွယ်ခြင်း

၄. ဇီ၀နည်းဖြင့် ကာကွယ်ခြင်း 

၅. ဓါတုပိုးသတ်ဆေးဖြင့် ကာကွယ်ခြင်းတို့ဖြစ်ပါသည်။ 

စိုက်နည်းစနစ်ဖြင့် ကာကွယ်နှိမ်နင်းခြင်း

    ဤစနစ်တွင် စိုက်ပျိုးရေးနည်းစနစ်များဖြစ်သော ခံနိုင်ရည်ရှိသောမျိုးများ ရွေးချယ်ခြင်း၊စိုက်ခင်းကို သန့်ရှင်းခြင်း၊ သီးနှံ အချိန်မှန်စိုက်ခြင်းနှင့် သီးလှည့်စိုက်ခြင်း၊ မျိုးစေ့သန့်စင်ခြင်း၊ ဓါတ်မြေဩဇာ အချိုးကျသုံးစွဲခြင်း၊ ထယ်မထိုးခင် ရေလွှမ်းခြင်း၊ ပျိုးခင်းကို ဇကာများဖုံးအုပ်အသုံးပြုခြင်း၊ သီးနှံကျန်းမာသန်စွမ်းရန် ထိန်းသိမ်းခြင်း၊ ဖျက်ပိုးများဖျက်ဆီးမှုမှ ကင်းဝေးစေရန် ၎င်းတို့အတွက် ဆိုးရွားသောအခြေအနေများ ဖန်တီးပေးခြင်းကဲ့သို့သော တိုးတက်သောလယ်ယာစိုက်ပျိုးရေးစနစ်များ ပါဝင်သည်။

လူအင်အားဖြင့် ကာကွယ်ခြင်း

    ဤနည်းစနစ်သည် ဖျက်ပိုးများကို ဓါတုဆေးဝါးများကိုမသုံးစွဲဘဲ လူအင်အားဖြင့်ကာကွယ်ခြင်းဖြစ်ပါသည်။ ဥပမာအားဖြင့် - စပါးဆစ်ပိုးကျရောက်ပါက ဆစ်ပိုးဥမြုံများရှိသော စပါးအရွက်ထိပ်ကိုဖြတ်၍ ဖျက်ဆီးခြင်း၊ ကြွက်များကို ကြွက်ထောင်ချောက်ဖြင့်ဖမ်း၍ ကာကွယ်ခြင်း စသည်တို့ဖြစ်ပါသည်။ 

ရုပ်ပိုင်းဆိုင်ရာပြောင်းလဲ၍ ကာကွယ်ခြင်း

    ဤနည်းစနစ်သည် အပင်ထွက်ပိုးသတ်ဆေးများ အသုံးပြုခြင်း၊ နေရောင်ခြည်လေဒီယိုသတ္တိကြွမှုစနစ်ကို အသုံးပြု၍ကာကွယ်ခြင်း၊ ဖျက်ပိုးအထီးများကို မြုံအောင်ပြုလုပ်ပြီး ဖျက်ပိုးအရေအတွက်နည်းအောင် လျော့ချခြင်း၊ အပူချိန် အနမ့်အမြင့်ပြောင်းလဲ၍ ဖျက်ပိုးအရေအတွက်လျော့ကျအောင်ပြုလုပ်ခြင်းနှင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို အသုံးပြု၍ ဖျက်ပိုးများကို သေစေနိုင်ခြင်း စသည်တို့ဖြစ်ပါသည်။ 

ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း

    ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းခြင်းသည် ခေတ်သစ်ဘက်စုံကာကွယ်နှိမ်နင်းစနစ်များတွင်အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ထိုစနစ်တွင် ဖျက်ပိုးများထိန်းချုပ်ရန်နှင့် ၎င်းတို့ကို ဖျက်ဆီးရန်အတွက် သားရဲတိရိစ္ဆာန်များ၊ ကပ်ပါးကောင်များ၊ ကပ်ပါးမှိုများကို အသုံးပြုခြင်းနှင့် ၎င်းတို့၏အရေအတွက်များကို တိုးပွားခြင်းတို့ပါဝင်သည်။ ထို့ကြောင့် ဘက်စုံသီးနှံကာကွယ်နှိမ်နင်းစနစ်သည် ဘေးကင်းခြင်း၊ ရေရှည်တည်တံ့စေခြင်းနှင့် စီးပွားရေးတွက်ခြေကိုက်သော နည်းစနစ်ဖြစ်သည်။ သို့သော်လည်း ဤစနစ်သည် ဓါတုဆေးများအသုံးပြုသကဲ့သို့ လျင်မြန်စွာ အစွမ်းသက်ရောက်မှုမရှိခြင်းနှင့် အချို့သောဖျက်ပိုးမျိုးစိတ်များကိုသာ နှိမ်နင်းနိုင်သည်။

ဓါတုပိုးသတ်ဆေးဖြင့် ကာကွယ်နှိမ်နင်းခြင်း

    ဤစနစ်တွင် ဓါတုပိုးသတ်ဆေးများကို အသုံးပြုခြင်းတို့ ပါဝင်သည်။ ၎င်းစနစ်သည် ဖျက်ပိုးများကို ထိရောက်လွယ်ကူစွာ နှိမ်နင်းနိုင်ပါသည်။ သို့သော်လည်း ဓါတ်ပိုးသတ်ဆေးများသည် မိတ်ဆွေပိုးများကိုလည်း သေစေနိုင်ပါသည်။ ဓါတုပိုးသတ်ဆေးသုံးစွဲခြင်းသည် တောင်သူနှင့် စားသုံးသူများ၏ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဖျက်ပိုးများသည်လည်း ဆေးယဉ်ပါးလာနိုင်ပါသည်။ 

    အထက်ပါနည်းစနစ်များမှ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးအတွက် လုံခြုံစိတ်ချမှုကို အောက်ပါပုံ (၂)တွင် လေ့လာပါ။ 

လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေး (OSH) နှင့် ဘက်စုံသီးနှံကာကွယ်နိမ်နင်းရေး (IPM)

ကိုးကား - ဘက်စုံသီးနှံကာကွယ်ရေးနည်းစနစ်များ 

https://ppdmyanmar.org/Mm/biological-control-section/#1528512683529-ef4964fc-7de2

ဆောင်းပါးရေးသာသူ - ဒေါ်သင်းသင်းလဲ့ (လက်ထောက်ညွှန်ကြားရေးမှူး)၊ သီးနှံပိုးမွှားကာကွယ်ရေးဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်