အလုပ်သင်လျှောက်လွှာ ခေါ်ယူခြင်း

08/04/2019 13:50 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံအခြေပြု အစိုးရမဟုတ်သော အဖွဲ့အစည်းဖြစ်ပြီး ရေရှည်တည်တံ့သော လူနေမှုပုံစံများ ထွန်းကားလာစေရန် အားပေးလုပ် ဆောင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Gaia Organization (GO) မှ အလုပ်သင်လျှောက်လွှာများ ခေါ်ယူနေပါသည်။ 

အလုပ်သင်အဖြစ် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အစီအစဉ်၊ စားသုံးသူနှင့် ထုတ်လုပ်သူများကြား ချိတ်ဆက်ပေးခြင်းနှင့် မျှတသောဈေး ကွက် ဖြစ်ပေါ်လာစေရန် အားပေးလုပ်ဆောင်ခြင်း၊ အသွင်ပြောင်းပညာရေးစနစ်နှင့် ရေရှည်တည်တံ့သော လူနေမှုပုံစံများကို လေ့လာနိုင်ရန်အတွက်  တစ်နှစ်လျှင် နှစ်ဦးရွေးချယ်ပြီး တစ်ဦးလျှင် ၄ လစီ လေ့လာသင်ယူနိုင်ပါသည်။ လျှောက်လွှာများကို ၂၀၁၉ ခုနှစ်၊ ဧပြီလ(၂၂) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

အလုပ်သင်ခေါ်ယူခြင်း၏ ရည်ရွယ်ချက်များ

(၁) လူမှုဖွံ့ဖြိုးရေလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် အသိပညာနှင့် စွမ်းဆောင်ရည်များ တိုးပွားလာပြီး မိမိအဖဲ့အစည်း (သို့) လူမှုအဖွဲ့အစည်းတွင် ပြန်လည်အသုံးချရန်။ 

(၂) လူမှုအဖွဲ့အစည်းပြောင်းလဲခြင်းအတွက် မှန်ကန်သောခံယူချက်နှင့် တာဝန်ယူတတ်သောစိတ်ဓာတ် များ ရှိလာစေရန်။ 

ပထမအလုပ်သင်ကာလ

(၁) မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လ၊ ၂၀၁၉ (၄လ)

ဒုတိယအလုပ်သင်ကာလ

(၂) စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ၂၀၁၉ ခုနှစ် (၄လ)။

လျှောက်ထားသူသည်

(၁) လူမှုဖွံ့ဖြိုးရေးလုပ်ငန်းကို စိတ်ဝင်စားသူဖြစ်ရမည်။

(၂) စွမ်းဆောင်ရည်မြှင့်တင်ခြင်း သင်တန်းများတွင် ပံ့ပိုးကူညီရန် စိတ်ဝင်စားသူဖြစ်ရမည်။

(၃) လေ့လာသင်ယူမှုဖြစ်စဉ်များတွင် တက်တက်ကြွကြွပါဝင်လိုသောသူဖြစ်ရမည်။

(၄) မိမိဒေသ၊ အဖွဲ့အစည်းအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းကို အမှန်တကယ် ပြန်လည်လုပ်ကိုင်နိုင်သူဖြစ်ရ မည်။

(၅) အလုပ်သင်ကာလကို အစမှအဆုံး စိတ်ဝင်စားစွာ ပါဝင်လေ့လာနိုင်သူဖြစ်ရမည်။

(၆) အသက် (၂၀-၃၅) နှစ်အတွင်းရှိသူ ဖြစ်ရမည်။

(၇) မတူကွဲပြားသော ကိုးကွယ်ယုံကြည်မှုများ၊ လူမျိုးများနှင့် လိုက်လျောညီထွေ ပေါင်းသင်းဆက်ဆံ နိုင်ရမည်။

(၈) မူးရစ်သောက်စားရမ်းကားတတ်သူ မဖြစ်ရ။

(၉) အများနှင့် ပူးပေါင်းလုပ်ဆောင်ချင်သူ၊ အဖွဲ့အစည်းစိတ်ဓာတ် ပြည့်ဝသူဖြစ်ရမည်။

(၁၀) လျှောက်ထားသူသည် မြန်မာစာ၊ မြန်မာစကားကို ရေး၊ ဖတ်၊ ပြောဆိုနိုင်သူ ဖြစ်ရမည်။

(၁၁) ခရီးသွား (ကား၊ ရထား၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ နွားလှည်း၊ စက်ဘီး၊ လမ်းလျှောက်) နိုင်သူဖြစ်ရမည်။

ပံ့ပိုးပေးမည့် အရာများ

(၁) အလုပ်သင်ကာလအတွင်း ပံ့ပိုးငွေအဖြစ် တစ်လလျှင် ကျပ် ၁၅၀,၀၀၀ (ကျပ်တစ်သိန်း ငါး သောင်း) တိတိကို ထောက်ပံ့ပါမည်။

(၂) အဖွဲ့စည်း၏စီမံကိန်းများ၊ သင်တန်းများတွင် လေ့လာသင်ယူခွင့်ရမည်။

(၃) အဖွဲ့အစည်း၏ မိတ်ဖက်များမှ ဖိတ်ကြားသောသင်တန်းများ၊ အလုပ်ရုံများတွင် ပါဝင်တက် ရောက်ခွင့်ရမည်။

(၄) Gaia Organization မှ ပြုလုပ်သော အစီအစဉ်များအတွက် ခရီးထွက်ရပါက ခရီးစရိတ်၊ စားစရိတ်၊ တည်းခိုစရိတ်များကို ခံစားခွင့်ရှိမည်။

မှတ်ချက်။    ။

(၁) အလုပ်သင်လျှောက်လွှာများကို Gaia Organization မှ စိစစ်ရွေးချယ်သွားမည်ဖြစ်ပါသည်။

(၂) လူမှုအကျိုးပြုလုပ်ငန်း လုပ်ဆောင်သောအဖွဲ့အစည်းမှ ထောက်ခံပေးသောသူကို ဦးစားပေးမည်။

(၃) လျှောက်ထားသူများအနက် လူတွေ့မေးမြန်းမည့် သူများကိုသာ (၂၀၁၉ ဧပြီလ ၂၆ ရက်) နေ့တွင် ဆက်သွယ်အကြောင်းကြားပေး မည်ဖြစ်ပါသည်။

လျှောက်လွှာများကို အောက်ဖော်ပြပါလိပ်စာသို့ စာတိုက်ဖြင့်သော်လည်းကောင်း၊ အီးမေးလ်ဖြင့်သော် လည်းကောင်း ပေးပို့နိုင်ပါသည်။

Gaia Organization ရုံး

အမှတ်(၂၂)၊ ပိတောက်ရိပ်ငြိမ် (၁) လမ်း၊ မရမ်းကုန်း (၃) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။

အီးမေးလ် - [email protected], [email protected]

Office Ph: 01654759

Mobile Ph: 09421053151

လျှောက်လွှာပုံစံရယူရန်

 

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်