အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက် အသုံးပြုသူတိုင်း လိုက်နာရန် အချက်(၅)ချက်

ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက် အသုံးပြုသူတိုင်း လိုက်နာရန် အချက်(၅)ချက်

(၁) အညွှန်းအတိုင်း လိုက်နာပါ

    ထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်ကဲ့သို့သော စက်ကြီးများအသုံးပြုတဲ့အခါ အသုံးမပြုခင် ကြိုတင်လေ့လာထားတာတွေကို အမှန်တကယ်အသုံးပြုချိန်မှာတော့ အတိအကျလိုက်နာနိုင်ဖို့ ခက်ခဲတတ်ပါတယ်။ စက်ဝယ်ယူချိန်က ပါရှိတဲ့ အညွှန်းစာအတိုင်း အတတ်နိုင်ဆုံး လိုက်နာအသုံးပြုရင်တော့ အကောင်းဆုံးပါပဲ။

(၂) တတ်ကျွမ်းသူများထံ ပြသပါ

    လယ်ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်တွေရဲ့ စက်ယန္တရားများ ရုတ်တရတ် ထိုးရပ် (စက်သေ) သွားပါက ဟိုစပ်စပ်ဒီစပ်စပ် ပြင်ဆင်ကြည့်ခြင်းတွေကို မပြုလုပ်သင့်ပါဘူး။ အမှန်တကယ်နားလည်တတ်ကျွမ်းတဲ့ ဖြစ်နိုင်ရင် မိမိဝယ်ယူထားတဲ့ စက်ပစ္စည်းကို ထုတ်လုပ်တဲ့ကုမ္ပဏီကို ဆက်သွယ်ပါ။ အဆိုပါ ကုမ္ပဏီရဲ့ Aftersales Service ပေးခြင်းကို စနစ်တကျ ခံယူပါ။ 

(၃) မပျက်မကွက် စစ်ဆေးပါ

    စက်ပျက်ပျက် မပျက်ပျက်၊ သက်တမ်းကုန်ဆုံးချိန်အထိ မစောင့်ဆိုင်းနေဘဲ နှစ်စဉ် စစ်ဆေးမှုတွေ မပျက်မကွက်ပြုလုပ်ပေးပါ။ လိုအပ်ရင်လိုအပ်သလို သက်တမ်းတိုးခြင်း၊ ခေတ်မီအစိတ်အပိုင်းများ ဖြည့်စွက်ထည့်သွင်းခြင်း၊ အရေးကြီးအစိတ်အပိုင်းတွေ အစားထိုးခြင်းတွေကို နှစ်စဉ်ပြုလုပ်သင့်ပါတယ်။

(၄) အသုံးမပြုခင် စစ်ဆေးပါ

    အန္တရာယ်အကင်းဆုံးနဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ နေ့စဉ်စစ်ဆေးမှုများပြုလုပ်ပြီးမှ စက်နှိုးမောင်းနှင်ခြင်းပဲ ဖြစ်ပါတယ်။ ဆီ၊ ရေ၊ လေ လိုအပ်တာ ဖြည့်စွက်ပါ။ နေ့စဉ်စစ်ဆေးပြီးမှ မောင်းနှင်တဲ့အတွက် ရလာမယ့်အကျိုးကျေးဇူးကတော့ သေးငယ်ပြီး အလွယ်တကူပြုပြင်ရုံနဲ့တင် ပြီးစီးသွားမယ့်ပြဿနာမျိုးတွေကို သိရှိစေတယ်။ စက်အကြီးအကျယ်ပျက်စီးယိုယွင်းခြင်းမျိုး မကြုံတွေ့ရနိုင်တော့ဘူး။ ရေရှည်ကုန်ကျစရိတ်ကိုလည်း ကာမိသွားစေတယ်။ ဒါ့အပြင် မောင်းနှင်ချိန်မှာ လုံခြုံစိတ်ချ အန္တရာယ်ကင်း ဘေးရှင်းစေပါတယ်။ 

(၅) အရည်အသွေးမြင့်များသာ တပ်ဆင်ပါ

    ဈေးနှုန်းသက်သာမှုကို အဓိကထားပြီး အရည်အသွေးနိမ့်ကျတဲ့ Spare Parts (အပိုပစ္စည်းများ) ကို အသုံးပြုခြင်းက ထပ်ခါထပ်ခါ ဦးနှောက်ခြောက် ခေါင်းစားရစေနိုင်သလို၊ ထွန်စက်ဝယ်ယူတုန်းက ကုန်ကျစရိတ်ထက်တောင် ပိုလို့ကုန်ကျသွားစေတတ်ပါတယ်။ ဒါ့ကြောင့် အစားထိုး/ပြုပြင်စရာတွေ ကြုံတဲ့အခါ အရည်အသွေးကောင်းမွန် စိတ်ချရတဲ့ အပိုပစ္စည်းများကိုသာ အသုံးပြုပေးပါ။

You

ဆက်စပ်မေးခွန်းများ

ငရုတ်စုပ်းစားပိုးအမြစ်ပြတ်နိင်ဆေးညွန့်ကြပါအုံး

ကိုဝေယံအောင် • ဖြေကြားချက် 0 ခု

3လက်မရေတွင်းကို3လက်မပိုက်နဲ့ရေသွင်းဖို့ပန့်သုံးတာအဆင်ပြေနိင်မလားဗျအကြုံပြုပေးပါမိတ်ဆွေအပေါင်းတို့

ကိုဝေယံအောင် • ဖြေကြားချက် 0 ခု

ကျောက်ဖရုံဘယ်ဈေးပေါက်လည်းရောင်းစရာရှိလို့ပါ

ပြည့်ဖြိုးအောင် • ဖြေကြားချက် 1 ခု

ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အ​ြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်

U Yan • ဖြေကြားချက် 2 ခု

သခွါးပင် အရွက်တွေတွန့်ကုန်တယ် အညွန့် အဖျားလေးတွေ မီးလောင်သလိုခြောက်ပီကြွေကုန်တယ်ခင်ဗျ ဘာကြောင့်လဲခင်ဗျကူညီပါဦး

kosoe • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။