ဥစားကြက်မွေးမြူသူများ သိထားသင့်သည့်အချက်များနှင့် ဥစားကြက်အစာစပ်နည်း

31/10/2022 15:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား

ဥစားကြက်မွေးမြူတဲ့အခါမှာ “ဥ” ဥ နှုန်းကောင်းမွန်စေဖို့ဟာ အလွန်အရေးကြီးလှပါတယ်။ ဥကြက်မဒန်း တွေဟာ  (၅) လ ဝန်းကျင်မှာ ဥစမ်းလေ့ရှိပြီး ဥတွေသေးနေပါလိမ့်မယ်။ တဖြည်းဖြည်းနဲ့ ဥနှုန်းတိုးလာပြီး ဥအရွယ်အစား ပိုကြီးလာပါမယ်။ ဥချိန်ပုံမှန်ရောက်ဖို့နဲ့ အရွယ်အစားကြီးဖို့ ကြက်မဒန်း (၅) လသားကို  ကြက်လတ်စာကနေ ဥကြက်စာအဖြစ် ပြောင်းပြီးကျွေးရပါမယ်။

 အစာအချိုးအစားကတော့ နည်းနည်းပဲ ကွာပါတယ်။ စတင်‘ဥ’ဥတဲ့အရွယ်၊ ဥအရွယ်အစား၊ အရောင် အသွေးစတာတွေက ကြက်ကြီးမျိုးရိုးဗီဇ၊  ကျွေးတဲ့အစာ၊ ပြုစုထိန်းသိမ်းတဲ့ အပေါ်မူတည်ပါတယ်။ ရောဂါ ကျရောက်မှုမရှိဖို့လည်း အရေးကြီးလှပါတယ်။

ဥစားကြက်မွေးမြူသူတွေ သိထားသင့်တဲ့ တခြားအချက်တွေကတော့ 

၁။ အခင်းစနစ်နှင့် အကျယ်အဝန်း 

ဥကြက်တွေကို အခင်းထူစနစ်၊ ဝါးကြမ်းစနစ်တို့နဲ့ မွေးမြူကြပါတယ်။ ဥကြက်မတွေအတွက် ကြမ်းခင်း နေရာလုံလောက်ဖို့အရေးကြီးပါတယ်။ ဥကြက်မတစ်ကောင်အတွက် (၄) စတုရန်းပေအပြည့်ပေးဖို့ လိုပါလိမ့်မယ်။

၂။ ဥကျင်းနေရာနှင့် အကျယ်အဝန်း

ကြက်တွေမအုမီ မှောင်တဲ့အခန်းထောင့်ဘက်မှာ ဥကျင်းများထားပေးသင့်ပါတယ်။ ဥကျင်းမထားရင် ကြမ်းခင်းပေါ်မှာပဲ ဥကြပါလိမ့်မယ်။ ဥကျင်းတွေက ဥချင်စဖွယ်ဖြစ်ဖို့နဲ့ ဥမကွဲစေဖို့ အရေးကြီးပါတယ်။

ဥကျင်းတွေက အရှေ့အကျယ် ၁၂ သို့မဟုတ် ၁၄ လက်မ၊ ဘေးအရှည် ၁၄ သို့မဟုတ် ၁၆ လက်မ၊  ဒေါင်လိုက်အမြင့် ၁၄ လက်မဝန်းကျင် ရှိမယ်ဆိုရင် ကြက်မ ၅ ကောင်၊ ၆ ကောင် ဥနိုင်ပါတယ်။ ဥ ကြက်မ အကောင် (၁၀၀) အတွက် ဥကျင်း (၁၅) ကျင်း၊ ကျင်း (၂၀) လိုအပ်ပါတယ်။ 

ဥကျင်းတွေ  သန့်ရှင်းစေဖို့ ကောက်ရိုးလဲပေးတာ၊ ညဘက်ကြက်မတွေ ဝင်မအိပ်အောင် အပိတ်တွေလုပ် ပေးထားပါ။ 

၃။ အစာခွက်နှင့် အစာကျွေးနည်း

အစာခွက်တွေက ကြက်တွေလိုအပ်တဲ့ အစာပမာဏ အလုံအလောက် ထည့်နိုင်ဖို့၊ တစ်ပြိုင်တည်း အစာ ဝင်စားနိုင်ဖို့ လုံလောက်တဲ့ အကျယ်အဝန်းရှိရပါမယ်။ ဥကြက်တွေကအစာများပြီး  အဆီပိတ်ရင် ‘ဥ’ မဥ နိုင်ပါဘူး။ အစာကို တစ်နေ့တာတွက်ချက်ပြီး နှစ်ကြိမ်ခွဲကျွေးပါ။ 

အစာပုံးအရွယ်အစားပေါ်မူတည်ပြီး ကြက်တွေတပြိုင်နက်တည်း  စားနိုင်ဖို့ စီမံထားပေးရပါမယ်။ ဝါးစား ခွက်အသုံးပြုတဲ့အခါ အစာဖိတ်စင်မှု နည်းစေဖို့အတွက် အပြည့်မထည့်ဘဲတစ်ဝက်ပဲထည့်ပါ။ အစာခွက်၊ အစာပုံးတွေ ချိတ်ဆွဲရာမှာလည်း ကြက်ကျောကုန်းထက် မမြင့်ပါစေနဲ့။

၄။ ရေလုံလောက်စွာထားပေးခြင်း 

ခြံအပြင်မှာလည်း ဝါးသယောက် ရေခွက်တွေ နေရာဆံ့သလောက် ထားပေးသင့်ပါတယ်။ ရေမပြတ်ရှိဖို့၊ သန့်ရှင်းနေဖို့ လိုအပ်ပြီး ခြံထဲမှာ သတ္တုရေခွက်ကြီးတွေ ချထားဖို့လည်း လိုအပ်ပါတယ်။  ဒီလိုထားပေး ခြင်းက ခြံအတွင်း  ရေငွေ့ပျံစေပြီး အပူချိန်ကျစေမှာပါ။ 

နွေရာသီမှာ ရေခွက်တွေပိုချပေးထားတာက ကြက်တွေ အပူရှပ်ခြင်းက  ကာကွယ်ရာ ရောက်ပါတယ်။ ကြက်တွေမစင်စွန့်ရာမှာ ဆီးပါဝင်ခြင်း ကိုယ်ခန္ဓာအပူငွေ့ ထွက်ပြီး ရေငွေ့ပါပါ သွားတဲ့အတွက် ရေဓာတ် ဆုံးရှုံးရပါတယ်။အသက်ရှူထုတ်ရာမှာလည်း  ရေငွေ့ပါသွားတတ်ပါတယ်။ အဲ့ဒီအတွက်ရေလုံလောက် အောင်ထားပေးပါ။

ဥကြက်ခြံက ဥအစဉ်အမြဲထွက်နေဖို့ စီစဉ်ရမှာဖြစ်ပြီး ဥသက် (၆) လမှာ နောက်တစ်သုတ်ထပ်တင်မှ ဥတုံး ကြက်မတွေ  ထုတ်ပစ်ချိန်မှာ ဥဆက်တိုက်ရနေမှာဖြစ်ပါတယ်။ ဥတုံးကြက်မ ထုတ်ပြီးမှ ပြန်စရင် ဥပြတ် ပြီး လုပ်ငန်းနှောင့်နှေးစေပါတယ်။

တဆက်တည်းမှာပဲ ဥစားကြက်တွေကိုကျွေးဖို့ အစာစပ်နည်း လေးပါဖော်ပြပေးပါမယ်။

ရက်သားကြက်ငယ်အတွက်

ပြောင်းဖူး                - ၄၀%

ဆန်ကွဲ                    - ၂၀%

ဖွဲနု                          - ၁၁%

ပဲဖတ်                      - ၉ %

နှမ်းဖတ်                   - ၅ %

ငါးပေါင်း                 - ၁၅ %

ပရိုတိန်း                 - ၂၁%

စွမ်းအင်                 - ၂၉၀၀ kcal

၈ ပတ်သားမှ ၁၂ပတ်သားအတွက်

ပြောင်းဖူး          - ၄၅%

ဆန်ကွဲ              -၂၀%

ဖွဲနု                   - ၁၃%

ပဲဖတ်               - ၇%

နှမ်းဖတ်            -၅%

ငါး(ရိုးရိုး)           - ၈%

ခရု                    -၂%

ပရိုတိန်း            - ၁၇%

စွမ်းအင်            - ၂၈၇၆ kcal

၁၃ပတ်မှ ၁၆ပတ်သားအတွက်

ပြောင်းဖူး             - ၄၅%

ဆန်ကွဲ                 - ၁၈%

ဖွဲနု                       - ၉%

ပဲဖတ်                   - ၈%

နှမ်းဖတ်                - ၅%

ငါး(ရိုးရိုး)               - ၁၀%

ခရု                       - ၅%

ပရိုတိန်း                - ၁၇.၉%

စွမ်းအင်                 -၂၈၀၆ kcal တို့ကို ကျွေးရမှာဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်