လယ်ယာသုံးစက်ပစ္စည်းများ ပျက်သည့်အခါ ဖြေရှင်းရမည့်လမ်းညွှန်ချက်များ

02/01/2025 15:31 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

စက်ပျက်မှု၏လက္ခဏာများဖြစ်သည့် ဆက်လက်မောင်းနှင်၍ မရခြင်း၊ အသံထွက်မမှန်ခြင်း၊ အင်ဂျင်အပူလွန်နေခြင်း၊ ချောဆီများ ယိုဖိတ်မှုဖြစ်ခြင်း စသည်လက္ခဏများ တွေ့ရှိပါက စက်ချို့ယွင်းမှုရှိနေသည် မှတ်ယူနိုင်သည်။

ထို့ကြောင့်တောင်သူများ မောင်းနှင်အသုံးပြုနေသော ထယ်၊ ထွန်စက်များ၏ အင်ဂျင်ပြဿနာများနှင့် စက်အစိတ်အပိုင်းပျက်စီးမှုများရှိခဲ့သော် ပြင်ဆိုင်သို့ သွားရောက်မပို့ဆောင်မီ လတ်တလောဖြေရှင်းရမည့် အဆင့်ဆင့်ဖြေရှင်းနည်းများကို အစိမ်းရောင်လမ်းရှိ မိတ်ဆွေများ အသုံးဝင်စေရန်အတွက် ဖော်ပြပေးလိုက်ရပါသည်။ 

အဓိကပြဿနာအရင်းအမြစ်ကိုသိအောင် ဖော်ထုတ်ရန်နှင့် ပြုပြင်ခြင်းကို မလုပ်ဆောင်မီ

အရေးပေါ်အခြေအနေဖြေရှင်းချက်အဖြစ် အင်ဂျင်ကို ချက်ခြင်းရပ်တန့်ပါ။ သို့မှသာ အခြားအစိတ်အပိုင်းများကို ထိခိုက်မှုမဖြစ်အောင်ကာကွယ်ရာရောက်မည်။  

မီးလောင်သည်အထိ မဖြစ်ပွားအောင် အပူလွန်ကဲမှုဖြစ်သည်ဆိုကတည်းက ပြုပြင်ဖို့လိုပါသည်။ အကယ်၍ အပူလွန်ပြီး အင်ဂျင်မီးလောင်တာမျိုး ဖြစ်ပွားပါက မီးငြှိမ်းသတ်ဖို့ ကြိုးစားပါ။ 

 

အစိတ်အပိုင်းများကို စစ်ဆေးမှုအဖြစ်

  • အင်ဂျင်ဝိုင်ဆီနှင့် ရေကိုကြည့်ပါ : အင်ဂျင်ဝိုင်ဆီယိုစိမ့်မှုနှင့် ရေတိုင်ကီထဲတွင် ရေသတ်မှတ်  level ရှိမရှိစစ်ဆေးပါ။
  • ဘက်ထရီ : အားအပြည့်ရှိမရှိ၊ ချိတ်ဆက်မှုများနှင့် ဝိုင်ယာများကို စစ်ဆေးပါ။
  • အင်ဂျင်အပူကိုစစ်ဆေးပါ : အပူချိန်ပြဒိုင်ခွက်များကို စက်အသုံးပြုနေစဉ်အတွင်း ကြည့်ရှုပါ။ စစ်ဆေးပါ

ပြုပြင်မှုဆောင်ရွက်မှုများအဖြစ်

  • ပျက်စီးနေသောအစိတ်အပိုင်းများကို အစားထိုးပါ (သို့မဟုတ်) ပြင်ဆင်ပါ။
  • အင်ဂျင်တစ်ခုလုံး၏ သန့်ရှင်းရေးပြုလုပ်ပြီး လိုအပ်သော ဆီ၊ ရေ များကို ဖြည့်ပါ။
  • စက်လည်ပတ်မှုစနစ်အား အပြည့်အစုံစစ်ဆေးပါ။

စမ်းသပ်ရာတွင်

  • ပြုပြင်ပြီးသောစက်အစိတ်အပိုင်းများကို စနစ်တကျစမ်းသပ်ပါ။
  • ချို့ယွင်းချက်များရှိပါက ကောင်းအောင်ဆက်လက်ပြုပြင်ပါ။ အခြားပျက်နိုင်ခြေရှိသော အစိတ်အပိုင်းကို သိအောင်စစ်ဆေးထားပြီး ထိုအစိတ်အပိုင်းများကို မကြာခဏ သတိပြု စစ်ဆေးပါ။  

ပုံမှန်စစ်ဆေးမှုအဖြစ် လစဉ် (သို့မဟုတ်) သတ်မှတ်ထားသောအချိန်အတိုင်း စက်အစိတ်အပိုင်းများကို စစ်ဆေးပါ။ ထိန်းသိမ်းမှုအဖြစ် အင်ဂျင်ဝိုင်ဆီနှင့် ရေများကို လိုအပ်သလိုဖြည့်ပါ။

ပြုပြင်မှုများနှင့် စက်ချို့ယွင်းမှု အကြောင်းအရာများကို မှတ်တမ်းထားပါ။ နောက်တစ်ကြိမ်ပြင်ဆင်သည့်အခါ အထောက်အထားအဖြစ် ပြောပြ အသုံးချနိုင်သည်။ 

စက်ချိုးယွင်းမှု၊ ပျက်စီးမှုသည် လွန်လွန်ကဲကဲဖြစ်နေပါက ကျွမ်းကျင်သူ (သို့) ကျွမ်းကျင်စက်မှုပညာရှင်အား ဆက်သွယ်၍ ပြင်ဆင်မှုအား ချက်ချင်းပြုလုပ်ရပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်