အစိမ်းရောင်လမ်း
လယ်ယာသုံးစက်ကိရိယာများ ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် အချက်များ

လယ်ယာသုံးစက်ကိရိယာများ ရွေးချယ်ဝယ်ယူရာတွင် သတိပြုရမည့် အချက်များ

လယ်ယာသုံးစက်ကိရိယာများရွေးချယ်ဝယ်ယူသည့်အခါ အောက်ပါအချက်များကို သတိပြုရန်လိုအပ်ပါသည်။

လိုအပ်ချက်နှင့် အသုံးပြုနိုင်မှု

  • သင့်လယ်ယာအမျိုးအစားနှင့် လုပ်ငန်းလိုအပ်ချက်အရ စက်ကိရိယာသည်  သင့်တော် လုံလောက်သည့်သုံးစွဲမှုကို ဖြည့်ဆည်းနိုင်ရမည်။ သုံးမည့်အတိုင်းအတာနှင့် စက်စွမ်းအား ကိုက်ညီမှုရှိရမည်။
  • စက်ကိရိယာ၏ပမာဏ(မြင်းကောင်ရေအား)၊ စွမ်းဆောင်ရည်၊ လုပ်ငန်းပိုင်းဆိုင်ရာ သင့်လျော်မှုကို စဉ်းစားပါ။

အရည်အသွေးနှင့် အတိုင်းအတာ

  • အရည်အသွေးမြင့်မားသောစက်ကိရိယာများကို ရွေးချယ်ပါ။
  • သတ်မှတ်အတည်ပြုထားသော စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသည့် စက်များကိုသာ ရွေးချယ်ပါ။ 

အမှတ်တံဆိပ်နှင့် ကုမ္ပဏီအကြောင်း

  • စက်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီ၏ နာမည်ကြီးမှုနှင့် ယုံကြည်စိတ်ချရမှုကို စစ်ဆေးပါ။
  • အမှတ်တံဆိပ်အသစ်များထက် အတွေ့အကြုံရှိသူများထံမှအကြံဉာဏ်ယူပါ။

အာမခံနှင့် ပြန်လည်ပြုပြင်ပေးမှု

  • အာမခံကာလနှင့် အာမခံဖြင့်ဖြည့်ဆည်းပေးမည့် ဝန်ဆောင်မှုများကိုစစ်ဆေးပါ။
  • ပြုပြင်ထိန်းသိမ်းမှုအတွက် လိုအပ်သောအစိတ်အပိုင်းများနှင့် ဝန်ဆောင်မှုရရှိနိုင်မှုကို သေချာစဉ်းစားပါ။

စျေးနှုန်းနှင့် ဘတ်ဂျက်

စျေးနှုန်းနှင့် လယ်ယာအတွက် အသုံးချနိုင်မည့်၊ ထုတ်လုပ်နိုင်မည့် အကျိုးကျေးဇူးများကို ဆန်းစစ်ပြီး သင့်ဘတ်ဂျက်နှင့် ကိုက်ညီမှုရှိမရှိစစ်ဆေးပါ။

သုံးစွဲသူများ၏ အကြံပြုချက်

စက်ကို ယခင်အသုံးပြုနေသူများနှင့် စက်နှင့်ပက်သက်သည့် အတွေ့အကြုံရှိသူ၊ စက်ပြင်ကျွမ်းကျင်သူများထံမှ အကြံပြုချက်များနှင့် တွေ့ကြုံရတတ်သည့် ပြသနာများကို သေချာလေ့လာပြီးမှ ဆုံးဖြတ်ပါ။

လမ်းညွှန်ချက် နှင့် စာရွက်စာတမ်းများ

စက်ပစ္စည်းဝယ်ယူပြီးနောက် ကုမ္ပဏီမှပေးအပ်သည့် စာချုပ် စာတမ်း၊ ဘောက်ချာ၊ အာမခံ၊ စက်ပစ္စည်းအသုံးပြုမှု လမ်းညွှန်စသည့် လိုအပ်သော စာရွက်စာတမ်းများကို သေချာ စစ်ဆေးယူပါ။ လုံခြုံစွာ သိမ်းဆည်းပါ။ ညွှန်ကြားချက်များအတိုင်း စက်ကိုအသုံးပြုပါ။ 

စမ်းသပ်အသုံးပြုမှု

မဝယ်ယူမီ စက်၏စွမ်းဆောင်ရည်နှင့် အသုံးပြုနိုင်မှုကို သေချာစမ်းသပ်ပါ။

ဒီအချက်များအားလုံးကို မှန်ကန်စွာလိုက်နာဆောင်ရွက်ခြင်းဖြင့် သင့်လယ်ယာလုပ်ငန်းအတွက် သင့်တော်သော စက်ကိရိယာများကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
Htet Ar Kar

Htet Ar Kar

လွန်ခဲ့သော ၇ လ က

wold102

You

ဆက်စပ်မေးခွန်းများ

ဒီငရုတ်သီးပင်က အဲ့လိုဖြစ်နေတာ ဘာလုပ်ရမလဲဟင် ဖြေပေးကြပါဦးရှင့်

Mon Mon • ဖြေကြားချက် 3 ခု

Rubber စိုက်ဖို့ ြမေ ၇ ဧက ပြင်ပီးပါပီ။ မျိ ုးက BPM 24ပါ။ ကျင်းတူးစိုက်နဲ့၊ ပေါက်စိုက်တာ ဘယ်ဟာပိုကောင်းလဲ ခင်ဗျ...အားနည်းချက်၊ အားသာချက်လေး အကြြံပ ုပေးကြပါခင်ဗျါ...

myonyein • ဖြေကြားချက် 2 ခု

စပါး

Hnin Oo • ဖြေကြားချက် 1 ခု

မြေတိုင်းကိရိယာဝယ်ချင်ပါတယ်ဗျ ဘယ်မှာဝယ်လို့ ရနိုင်မလဲ

U Kyaw Kyaw • ဖြေကြားချက် 1 ခု

အပွင့်ခြောက်ပြီးအသီးမတင်တာများနေလို့ပါပိူးသတ်ဆေး၊မှိုသတ်ဆေး၊အသီးအပွင့်တင်ဆေး၃ရက်ခြားဖျန်းထားပြီးလို့၄ရက်လောက်ရှိပါပြီ။အရွက်၊အညွှန့်၊သားတက်များဖြက်ဖို့လိုအပ်ပါသလား၊လိုအပ်ပါကဘယ်အချိန်၊ဘယ်အရွက်၊ဘယ်သားတက်များဖြတ်ရမလဲဖြေကြားပေးပါအုံး၊အသီးပွင့်များမခြောက်အောင်ဘယ်အချက်တွေကိုရှောင်ရမလဲခင်ဗျာ။

zawhtut • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....