စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီမံကိန်း ဖော်ဆောင်သွားမည်

15/05/2019 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြု စီမံကိန်း ( Agricultural Development Support Project ) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သိရပါတယ်။

ဆည်ရေသောက်ဒေသက တောင်သူများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ အဆိုပါစီမံကိန်းကို ဖော်ဆောင်တာဖြစ်တယ်လို့ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့် လွင်ဦးက ပြောပါတယ်။ 

“ဆည်ရေသောက်ဧရိယာနားမှာရှိတဲ့ တောင်သူတွေအတွက် ဖွံ့ဖြိုးတိုးတက်စေဖို့ ဒီစီမံကိန်းကိုပြုလုပ် တာပါ။ တောင်သူတွေအတွက် လိုအပ်မယ့် မျိုးသန့်ပွားပေးဖို့အတွက် လုပ်သွားမယ်။ ဒီဧရိယာတွေမှာ ဘယ်လိုမျိုး စမ်းသပ်စိုက်ပျိူးမလဲဆိုတာတွေ လုပ်ဆောင်သွားမှာပါ”

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း ( Agricultural Development Support Project) ကို ၂၀၁၆ မှစတင်ကာ (၇)နှစ်တာကာလ အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်း အဆိုပါဌာနမှ သိရပါတယ်။

အဆိုပါစီမံကိန်းကာလအတွင်း အဆင့်မြှင့်လယ်ယာမြေဖော်ထုတ်ခြင်း ၊ မိဘမျိူးစေ့နှင့် ဆင့်ပွားမျိုးစေ့များ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ခြင်း၊ စပါး၊ ပဲမျိူးစုံနှင့် ဆီထွက်သီးနှံများ အထွက်နှုန်း စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ကို အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သိရပါတယ်။

အဆိုပါစီမံကိန်းကို စစ်ကိုင်းတိုင်းဒေသကြီး မြောက်ယမား ၊ မာလဲနတ်တောင်ဆည် ၊ ဆင်သေဆည် နဲ့ စွာဆည်ရေ သောက်ဧရိယာဒေသများမှာ အကောင်အထည်ဖော် လုပ်ဆောင်တာဖြစ်ကြောင်းလည်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်