တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များ စိုက်ပျိုးထုတ်လုပ်၍ တရုတ်ပြည်သို့တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေ
တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်များ စိုက်ပျိုးထုတ်လုပ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ ပူးပေါင်း၍ စတင်အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်တွေကို ဈေးကွက်ကသတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း ပြည့်မီစွာထုတ်လုပ်ပြီး ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားကြမှာ ဖြစ်ပါတယ်။ စိုက်ပျိုးထုတ်လုပ်သူတွေနဲ့၊ တင်ပို့သူလုပ်ငန်းရှင်တွေ စနစ်တကျ သိရှိလိုက်နာဖို့အတွက် လိုအပ်တဲ့အချက်တွေကို ထုတ်ပြန်ပေးထားပါတယ်။ အသေးစိတ်ကိုတော့ နီးစပ်ရာစိုက်ပျိုးရေးဦးစီးဌာနရုံးများနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးများတွင် ဆက်သွယ်မေးမြန်း အကူအညီရယူနိုင်ပါတယ်။
ဟု သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က ပြောသည်။
မြန်မာနိုင်ငံတွင်း ကျွဲ၊ နွားများမွေးမြူရာတွင် မိရိုးဖလာ လွှတ်ကျောင်းမွေးမြူရေးစနစ်မှ အစာစနစ်တကျကျွေးမွေးသည့်စနစ် ဖွံ့ဖြိုးလာစေရေး၊ တိရစ္ဆာန်အစာရှားပါးချိန်တွင် ကျွေးမွေးရန် အာဟာရကြွယ်ဝသောအစာ ရရှိစေရေး၊ ပြည်တွင်းရှိ ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများအတွက် အာဟာရဓါတ်မြင့်မားပြီး အထွက်နှုန်းကောင်းစေသော တိရစ္ဆာန်အစာများ ဖူလုံစွာသုံးစွဲနိုင်ကြစေရေး စသည့်ရည်ရွယ်ချက်များအပြင် ပြည်ပပို့ကုန်အမယ်သစ် တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချနိုင်ပြီး နိုင်ငံအတွက် စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
တိရစ္ဆာန်စာချဉ်ဖတ်တွေကို ပြုလုပ်ထိန်းသိမ်းထားမယ်ဆို တချို့ဒေသတွေမှာ (၂)နှစ်ခန့်ကြာတဲ့အထိ သိမ်းဆည်းကျွေးမွေးနိုင်ပါတယ်။ အအေးပိုင်းဒေသမှာဆိုရင်တော့ နှစ်ပေါင်း(၂၀)အထိ သိမ်းဆည်းထားနိုင်ပါတယ်။ အစာချဉ်ဖတ်ကို ကျွေးမွေးမယ်ဆိုရင် နို့စားနွားမတွေမှာ နို့ထွက်နှုန်းတွေ တိုးလာမယ်၊ နို့ခွဲနွားငယ်တွေရဲ့ ကြီးထွားနှုန်းမြင့်မားလာမယ်၊ ခိုင်းကျွဲနဲ့ ခိုင်းနွားတွေဆိုရင်လည်း လုပ်အားစွမ်းအင် တိုးမြှင့်လာစေနိုင်ပြီး၊ အသားစားနွားတွေအတွက်လည်း အသားတက်နှုန်း တိုးမြင့်မားလာစေနိုင်တဲ့ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။
ဟု သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ပြောသည်။
တိရစ္ဆာန်အစာ ပြောင်းချဉ်ဖတ်ထုတ်လုပ်မှု လုပ်ငန်းစဉ်များကို ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တောင်သူများ၊ လုပ်ငန်းရှင်များ လက်တွေ့လေ့လာနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် တိရစ္ဆာန်အစာပင် ပြောင်းစိုက်ခင်း ရိတ်သိမ်းခြင်းနှင့် ပြောင်းချဉ်ဖတ်ပြုလုပ်ခြင်းသရုပ်ပြအခမ်းအနား ကို စက်တင်ဘာလ(၂၇)ရက်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သဲကောလေးကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ဗျူးပွိုင့်
လွန်ခဲ့သော ၄ နှစ် ကဘယ်လိုလုပ်လဲ
မေဇင်ထွန်း
လွန်ခဲ့သော ၄ နှစ် ကလုပ်နည်းတင်ပေးထားတာရှိပါတယ်ရှင်
Thet Paing
လွန်ခဲ့သော ၄ နှစ် ကပြုလုပ်နည်းလေး မေးမြန်းပြီး ဒီကနေ တင်ပေးရင် ပိုကောင်းမှာပါ
ဆက်စပ်မေးခွန်းများ
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
ko naing phyo wai • ဖြေကြားချက် 0 ခု
ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ
စည်သူလွင် • ဖြေကြားချက် 1 ခု
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား
Sawsamson • ဖြေကြားချက် 2 ခု
စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ
kyaw khaing oo • ဖြေကြားချက် 1 ခု
မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ
Wai Linn • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....