နိုင်ငံတကာအဆင့် နည်းပညာနှင့် ဈေးကွက် စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပြီဖြစ်တဲ့ မြန်မာ့သရက်တောင်သူများ၏ ထုတ်ကုန်များအတွက် အုပ်တစ်ချပ် သဲတစ်ပွင့် သို့မဟုတ် ဒီထက် အဆပေါင်းများစွာ ကူညီဖြည့်ဆည်းနိုင်ရန်အလို့ငှာ -
မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အဖွဲ့ဝင်များသည် ပရဟိတစိတ်ဓာတ်များကို အခြေခံ၍ အောက်ပါဒေသများသို့ ခရီးလှည့်လည်၍ သရက်စိုက်တောင်သူ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာကြမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
၂၆-၈-၁၈ - မုံရွာ/ချောင်းဦးနယ်အတွက် ကြေးမုံရွာ မုံရွာမြို့နယ် တွင်တွေ့ဆုံကြပါမည်။
၂၇-၈-၁၈ မနက်ပိုင်းတွင် ဘုတလင်မြို့နယ် တော်ဦးဘရွာ
၂၇-၈-၁၉ မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့နယ် သပြေကန်ရွာ
၂၈-၈-၁၈ ကန့်ဘလူမြို့
၂၉-၈-၁၈ ကောလင်းနှင့် ကသာမြို့
ခရီးစဉ်ပေါ်မူတည်၍ ရက်အရွှေ့အပြောင်း ရှိနိုင်ပါသည်။
အခြားဒေသအချို့ကိုလည်း ခရီးစဉ်တဆက်ထဲ သွားရောက်တွေ့ဆုံဆွေးနွေးရန် အခွင့်ပေးပါက ဆက်လက် အသိပေးသွားမှာဖြစ်ပါတယ်။
ယခုခရီးစဉ်အတွင်း ဒေသအလိုက် နီးစပ်ရာမြို့/ရွာများသို့ လာရောက် ဆွေးနေးွလိုသော တောင်သူ/လုပ်ငန်းရှင်များ ရှိပါက နေရာထိုင်ခင်းစီစဉ်သူများ အစဉ်ပြေရန်အတွက် ပိုစ့်အောက်တွင် ကြိုတင်၍ မှတ်ချက်များရေးထားပေးကြပါခင်ဗျာ။
အသေးစိတ်စုံစမ်းလိုပါက
ကျော်စွာဟိန်း 095202999 ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
အသင်း၏ ရည်ရွယ်ချက်ဖြစ်သော
(၁) မြန်မာနိုင်ငံမှ ထွက်ရှိသော သရက်သီးများ နိုင်ငံတကာစျေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်။
(၂) သရက်နှင့် ပက်သက်သော နည်းပညာများကို မျှဝေဆွေးနွေးနိုင်ရန်။
(၃) သရက်စီးပွားဖြစ် စိုက်ပျိုသူနှင့် ဝါသနာရှင်များ အချင်းချင်း အတွေ့အကြုံဖလှယ်နိုင်ရန်။
(၄) ပညာရှင်များအား ဖိတ်ခေါ်ဆွေနွေးစေခြင်းဖြင့် သရက်စိုက်ပျိုးမှု နည်းပညာများ မြှင့်တင်ရန်။
(၅) သရက်စိုက်ပျိုးသူနှင့် ရောင်းဝယ်သူများ အချင်းချင်းတွေ့ဆုံ၍ စျေးကွက်မြှင့်တင်ရန်။
(၆) ပြည်တွင်းရှိ သရက်မျိုးကောင်းမျိုးသစ်များအား ဆက်သွယ်ဖော်ထုတ်ရန် စသည့် ရည်ရွယ်ချက်တို့ကို စိတ်တူကိုယ်တူဖြင့် ပါဝင်လုပ်ဆောင်သူများအား အသင်းဝင်ရန် ဖိတ်ခေါ်ပါသည်။
အသင်းဝင်လျောက်လွှာ ရရှိနိုင်သော နေရာများ
ရန်ကုန် - (၁) ကျွန်းတောလမ်းနှင့် နာနတ်တောလမ်းထောင့်၊ ကမာရွတ်မြို့နယ်
(၂) နတ်မောက်လမ်း(ကန်တော်ကြီးပတ်လမ်း)၊ မြေပဒေသာကျွန်း၊ ဗဟန်းမြို့နယ်(ဂျပန်သံရုံးရှေ့)
မန္တလေး - (၁) T-27 ပုလဲလမ်း၊ (၃၁x၃၂)နှင့် (၇၇x၇၈) လမ်းကြား၊ မန္တလေး။
source - မြန်မာသရက် စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator