ရိတ်သိမ်းချိန်လွန် ရောဂါများ - မှည့်ပြောက်စွန်းရောဂါ (Anthracnose )

27/02/2019 17:00 PM တွင် ဒေါ်သက်သက်နွယ် ဒေါ်သက်သက်နွယ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သရက်တွင် (Anthracnose) မှည့်ပြောက်စွန်းရောဂါ ကျရောက်မှုများပါသည်။ အပူပိုင်းဒေသများအတွက် အရေးကြီးဆုံး ရောဂါဖြစ်သည်။ သရက်သီး၊ သရက်ရွက်၊ အကိုင်း၊  ပန်းခိုင်၏ မျက်နှာပြင်တွင် အနက်ရောင် အစက်အပြောက်ကလေးများ ဖြစ်ပေါ်လာပြီး အစက်အပြောက်လေးများ စုပေါင်းစပ်ကာ အနက်ကွက်ကြီးဖြစ်ပေါ်လာကာ တဖြေးဖြေး ချိုင့်ခွက်ကာ ခြောက်သွေ့သွားသည်။  အသီးမရိတ်သိမ်းမီတွင်လည်းကောင်း (Pre harvest) နှင့် ရိတ်သိမ်းပြီး သိုလှောင်ချိန်  (Post harvest and storage) တွင် မှည့်ပြောက်စွန်းရောဂါကို လက္ခဏာကိုတွေ့ရသည်။ အသီးငယ်စဉ်ရောဂါရပါက အသီးကြွေခြင်းဖြစ်နိုင်သည်။ မိုးရေဖြင့်အဓိက ကူးစက်သည်။ မိုးရွာသော ရက်များတွင် စိုစွတ်မှုများသောကြောင့် ရောဂါအခြေအနေဆိုးဝါးသည်။ ပန်းပွင့်များ မဲခြောက်သွားသည်။ ရောဂါဖြစ်စေမှုသည် ရောဂါကျအရွက်များ၊ အကိုင်းများ၊ ပန်းခိုင်များတွင် ခိုအောင်းရှင်သန်နိုင်သည်။ တစ်ရာသီမှ တစ်ရာသီသို့ ကူးစက်စေနိုင်သည်။ အသီးငယ်များပေါ်တွင် ညိုမဲရောင်အစက်များ စတင်တွေ့ရပြီး အသီးကြွေခြင်း ဖြစ်နိုင်ပါသည်။ အသီးမျက်နှာပြင်တွင် ချိုင့်ဝင်နေသော အနက်ရောင်အကွက်များ အဖြစ်တွေ့ရသည်။ အသီးများပုပ်ပြီး အနက်ရောင်အဆင့်သို့ ကူးပြောင်းသွားသည်။ အသီးရင့်လာသည်နှင့်အမျှ ရောဂါတိုးတက်လာပြီး မှည့်သောအချိန်ထိ အနက်ရောင်အကွက်များ၊ အစင်းများ ဖြစ်လာသည်။ တစ်ခါတစ်ရံ အသီး၏ မျက်နှာပြင်ကို ကွဲအက်စေသည်။ အစိုဓာတ်ရှိသော အခြေအနေတွင် အနက်ရောင် အစက်များ ကျယ်ပြန့်လာပြီး အနာကွက်ပေါ်တွင် ပန်းရောင်၊ လိမ္မော်ရောင် မှိုအစုအဝေးကို မျက်စိဖြင့် မြင်နိုင်သည်။

ကာကွယ်နှိမ်နှင်းခြင်း

ကာကွယ်နှိမ်နှင်းနည်းကို ပန်းပွင့်ချိန်မတိုင်မှီတွင် စတင်သင့်ပါသည်။ သရက်ပင် အပင်အပေါ်ပိုင်းမှ ရေပေးသွင်းခြင်း (Overhead irrigation) စနစ်ကို ရောဂါ ကျစိုက်ခင်းတွင် မသုံးသင့်ပါ။ ပင်လုံးပြန့် (သို့) ပင်လုံးပြန့်မဟုတ်သောမှိုသတ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။

Thet Thet Nwe


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်