ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

26/01/2018 13:59 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၂၂.၁.၂၀၁၈မွ၂၆.၁.၂၀၁၈)ထိ

ဒီတစ်ပတ်မှာတော့မတ်ပဲစျေးက သိပ်အပြောင်းအလဲမရှိပါဘူး။ ပဲစင်းငုံနီကတော့ စျေးတက်လာပါတယ်။ ကြက်သွန်နီကတော့ တစ်ဖြေးဖြေးစျေးကျဆင်းလာပါတယ်။ ပဲပုတ်အသစ်တွေစျေးကွက်အတွင်းပေါ်လာပြီဖြစ်လို့ စျေးကွက်အတွင်း အတက်စျေးနဲ့ရှိနေပါတယ်။

မတ္ပဲ(FAQ/RC)

ဒီတစ်ပတ်ရန်ကုန်စျေးကွက်မှာ မတ်ပဲက စျေးအပြောင်းအလဲသိပ်မရှိပေမယ့် နယ်ကုန်စည်ဒိုင်တွေမှာတော့ စျေးကကျဆင်းသွားပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲက အသစ်တွေဝင်လာပြီး အရည်အသွေးကောင်းတဲ့အတွက် ဝယ်လိုအားကောင်းလို့ စျေးကဆက်ပြီးကျဆင်းနိုင်ဖွယ်မရှိဘူးလို့ Agriwatch ကတော့ သုံးသပ်ထားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာမတ်ပဲက တစ်အိတ်ကို ၅၁၀၀၀ပေါက်စျေးရှိပြီး ၂၀၀၀လောက် စျေးကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၀၀လောက်စျေးကျဆင်းသွားပြိး လက်ရှိပေါက်စျေးက ၁၈၀၀၀ရှိပါတယ်။ မုံရွာမှာတော့ တစ်တင်းကို၁၇၄၀၀ပေါက်စျေးရှိပြီး တစ်တင်းကို၆၀၀ကျပ် စျေးကျဆင်းသွားပါတယ်။ မတ်ပဲက ပြီးခဲ့တဲ့ကာလတူအခြေအနေမှာ တစ်တင်းကို ၃၇၀၀၀ပေါက်စျေးရှိပေမယ့် ဒီ၂၀၁၈မှာတော့ တစ်တင်းကို ၁၇၀၀၀ကျော်သာ ပေါက်စျေးရှိပါတယ်။ တစ်နှစ်အတွင်း တစ်တင်းကိုငွေကျပ်၂၀၀၀၀လောက် စျေးကျဆင်းသွားခဲ့ပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီက ဒီတစ်ပတ်မှာတော့ စျေးတက်လာပါတယ်။ နှစ်ပတ်ဆက်တိုက်စျေးအတက်အကျသိပ်မရှိပါဘူး၊ ပဲအသစ်တွေက ဆက်တိုက်ဝင်လာနေတဲ့အတွက် ပဲအသစ်က အဟောင်းထက်စျေးမြင့်နေပါတယ်။ အိန္ဒိယနိုင်ငံမှာတော့ ပဲအသစ်တွေဝင်လာနေတဲ့အတွက် စျေးကကျဆင်းနိုင်ဖွယ်ရှိပြီးလက်ရှိမှာ စျေးအေးနေတယ်လို့ သိရပါတယ်။ မြန်မာဘက်ကတော့ ပဲစင်းငုံနီစျေးကိုတိုးမြင့်ရောင်းချလာတယ်လို့သိရပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာပဲစင်းငုံနီက  တစ်ပိဿာကို  ၆၀၀ကျော်ပေါက်စျေးရှိပြီးပခုက္ကူမှာတော့ တစ်ပိဿာ၅၃၈ကျပ်သာ ပေါက်စျေးရှိကာ တစ်ပိဿာကို၅၀လောက်ကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿကို၅၅၀ရှိပြီး ၄၀စျေးကျဆင်းသွားပါတယ်။ မုံရွာမှာတော့ စျေးအပြောင်းအလဲမရှိဘဲ တစ်ပိဿကို၅၇၅ကျပ်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကာလတူအခြေအနေမှာ ပဲစင်းငုံနီကတစ်ပိဿာကို ၁၄၀၀နီးပါးရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ တစ်ပိဿာကို၆၀၀သာရှိပြီး တစ်နှစ်အတွင်း တစ်ပိဿာကို ၈၀၀လောက်စျေးကျဆင်းခဲ့ပါတယ်။

ပဲပုတ်

ပဲပုတ်ကတော့ လက်ရှိမှာအသစ်တွေပေါ်လာတဲ့အတွက် အဟောင်းတွေစျေးကျဆင်းနေပြီး အသစ်တွေက စျေးတက်နေပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို၁၄၀၀ရှိပြီး ၂၀၀စျေးမြင့်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို၁၈၇၅ကျပ်ရှိပြီး ၁၀၀ကျပ်စျေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ စျေးအပြောင်းအလဲမရှိပါဘူး။

ၾကက္သြန္နီ

ကြက်သွန်နီကတော့ ဆက်ပြီးစျေးကျဆင်းနေပါတယ်။ ကြက်သွန်အသစ်တွေကလည်း ကုန်စည်ဒိုင်တွေကို အဆက်မပြတ်ဝင်ရောက်လာတဲ့အတွက် စျေးကကျဆင်းနေတာလည်းဖြစ်ပါတယ်။ နေ့စဉ်ကုန်စည်ဒိုင်တွေကို အိတ်ရ၀၀လောက်ဝင်နေပြီးရေနံချောင်း၊ တောင်တွင်း အစရှိနေရာတို့က အဓိကဝင်နေတာလည်းဖြစ်ပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီက တစ်ပိဿာကို ၅၅၀ကနေ၁၃၅၀ပေါက်စျေးရှိပြီး တစ်ပိဿာကို ၅၀၀ကျော်ေ စျေးကျဆင်းသွားပါတယ်။ နေပြည်တော်မှာလည်း ကြက်သွန်နီက တစ်ပိဿာကို၁၄၀၀ကနေ ၂၀၀၀ပေါက်စျေးရှိပြီး တစ်ပိဿာကို ၈၀၀စျေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၅၅၀ကနေ၁၃၅၀ရှိပြီး ၁၀၀လောက် စျေးကျဆင်းသွားပါတယ်။ ပြည်မှာတော့ ၁၅၀၀ကနေ ၁၅၅၀ရှိပြီး ၃၀၀စျေးကျဆင်းသွားပါတယ်။

စီပီပြောင်း

စီပီပြောင်းကတော့ ဒီတစ်ပတ်မှာလည်းစျေးတက်လာပါတယ်။ တရုတ်နိုင်ငံက အဓိကဝယ်ယူနေတာဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ စီပီပြောင်းထုတ်လုပ်မှုလျော့ကျတဲ့အတွက် မြန်မာနိုင်ငံကပြောင်းတွေကို အဓိကထားဝယ်ယူနေတာဖြစ်တယ်လို့ သိရပါတယ်။ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက တစ်ပိဿာကို ၅၂၀ကနေ၅၇၀အထိ တစ်ပိဿာကို ၄၀ကျော်လောက် မြင့်တက်လာပါတယ်။ ပြီးခဲ့နှစ်ကာလတူအခြေအနေမှာတော့  တစ်ပိဿာကို၂၈၀သာပေါက်စျေးရှိပါတယ်။

မဝတ်ရည်မွန်(AMIA)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်