ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ ၁ ပိဿာကို ၁၂၀၀ ကျပ်ဝန်းကျင်ဈေးကျသွားတဲ့ ကြက်သွန်ဖြူဈေးကွက်အပါအဝင် တစ်ပတ်အတွင်း ပဲမျိုးစုံဈေးကွက်သုံးသပ်ချက်
မတ်ပဲ
မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတွေ ပြန်မြင့်တက်လာပြီး သိန်း ၃၀ ကျော်အထိ ဈေးပြန်ရောက်ရှိ လာပါတယ်။ ပိတ်ရက်နားနီးလာတာနဲ့ အမျှ ဝယ်ယူမှုတွေ များလာလို့ ဈေးပြန်မြင့်တက်လာတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။ ဒါ့အပြင် ပြည်တွင်း ရွှေဈေးနဲ့ ငွေလဲလှယ်နှုန်းဈေးမြင့် တက်လာတာတွေကလည်း ပဲဈေးကို မြင့်တက်လာစေတာလို့ လည်း သိရပါတယ်။
လက်ရှိ ပဲဈေး မြင့်တက်တာတွေက ပိတ်ရက်ကြောင့်ဖြစ်နိုင်သလို အခြားအကြောင်းတွေကြောင့်လည်း တက်လာတာဖြစ်လို့ ရေရှည်ဆက်ပြီး တက်ဖို့က ခန့်မှန်းရခက်တယ်လို့ ကုန်သည်ကြီး အချို့က ပြောပါတယ်။
လက်ရှိမှာတော့ ပြည်တွင်း မတ်ပဲဈေး မြင့်တက်လာမှုနဲ့အတူ အိန္ဒိယနိုင်ငံမှာပါ မတ်ပဲဈေးတွေ မြင့်တက်လာပြီး ချန်နိုင်း ဈေးကွက်မှာ မြန်မာ မတ်ပဲ တစ်တန်ကို ၉၅၇၅ ရူပီးထိ ပေါက်ဈေးရှိပြီး တစ်ပတ်အတွင်း တစ်တန်ကို ၁၇၅ ရူပီးလောက် မြင့်တက်လာခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၁၁၂၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ယှဉ်ရင် တစ်တန်ကို ၁၅၀၀၀၀ လောက် ဈေးမြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို ၃၃၇၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၉၃၀၀၀ ကျပ်ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၀၃၀ မှ ၅၀၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀ ကျပ်ဈေး တက်လာပါတယ်။
မန္တလေးဈေးကွက်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၂၈၀၀၀၀ မှ ၂၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။
ကုလားပဲ
ပြီးခဲ့တဲ့ အပတ်က ဈေးကျဆင်းနေတဲ့ ကုလားပဲကတော့ ဒီတစ်ပတ် ဈေးကွက်အတွင်း မှာ အတက်အကျ အနည်းငယ်နဲ့ ဈေးငြိမ်နေပါတယ်။ ပွဲတော်ကာလ ပိတ်ရက်ရှည် အတွက် ဝယ်ယူသိုလှောင်တာတွေကြောင့် ဝယ်လိုအားပေါ်လိုက်ပြီး အရောင်းအဝယ်ကောင်းနေတယ်လို့ သိရ ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၃၉၁၅ မှ ၄၀၈၅ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာကို ၄၀၈၀ မှ ၄၂၅၀ ရှိပြီး တစ်ပိဿာကို ၈၅ ကျပ်၊ ကုလားပဲခြမ်းကတော့ တစ်ပိဿာကို ၅၄၂၅ မှ ၅၇၀၀ ရှိပြီး ၃၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ ကုလားပဲ v2 က တစ်အိတ်ကို ၂၄၀၀၀၀ ကျပ် ကုလားပဲ ၉၂၉က တစ် အိတ် ကို ၂၃၅၀၀၀ ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၅၀၀၀ကျပ်၊ ကုလားပဲ v7 ကတော့ တစ်အိတ်ကို ၂၄၈၀၀၀ မှ ၂၅၀၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့ သောကြာ နေ့နဲ့ယှဉ်ရင် ဈေးအပြောင်းအလဲ မရှိပါဘူး။

ကြက်သွန်နီ
ကြက်သွန်နီကတော့ဈေးဆက်တိုက် ကျဆင်းနေပါတယ်။ တစ်ပိဿာကို ၃၀၀၀ အောက်ထိ ပြန်ကျဆင်းခဲ့ပေမယ့် ပွဲတော်ကာလ ရက်အကျဈေးနဲ့ ဝယ်ယူတာတွေကြောင့် ရက်ပိုင်းအတွင်း ပြန်မြင့်တက်လာပါတယ်။ နေ့စဉ် ရန်ကုန်ဘုရင့်နောင်ဈေးကွက်ကို ကားအစီးရေ ၅၀ နီးပါး ပိဿာချိန် ၃ သိန်းနီးပါး အဝင်ရှိနေပါတယ်။
ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်နီ ဆိပ်ဖြူ၊ မြစ်သား၊ တောင်တွင်း၊ မြင်းခြံ၊ မုံရွာတို့ကနေ အဝင်ရှိနေပြီး တစ်ပိဿာကို ၁၆၀၀ ကနေ ၃၀၀၀ ကြားရှိကာ ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ
အရင်တစ်ပတ်က ဈေးအနည်းငယ်ပြန်မြင့်တက်လာခဲ့တဲ့ ကြက်သွန်ဖြူကလည်း ဈေးတွေ ပြန်ကျဆင်းသွားပါတယ်။ အမြင့်ဈေးနဲ့ ရှိနေချိန် ရောင်းချမှု များလာတဲ့အတွက်ဈေးကပြန်ကျဆင်းသွားတာလို့ ကုန်သည်တွေက ဆိုပါတယ်။ လက်ရှိ ဈေးကွက်ထဲကိုလည်း ကြက်သွန်ဖြူ အသစ်တွေ ဆက်တိုက် အဝင်ရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင် ဈေးကွက်ကို အိတ် ၁၀၀၀ ပိဿာချိန် ၁၀၀၀၀ လောက် အဝင်ရှိနေပြီး အဝင်များလာပါတယ်။တစ်ပိဿာကို ၆၈၀၀ မှ ၇၈၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၂၀၀ ကျပ်ဈေးပြန်ကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ(ကြူကုတ်)ကလည်း တစ်ပိဿာ ကို ၁၀၃၀၀ မှ ၁၀၄၀၀ ပေါက်ဈေးနေရှိပြီး ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။
(AMIA သီးနှံသတင်းဈေးကွက်အေဂျင်စီ၏ ဖော်ပြချက်အတိုင်း ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေးဖြန်းခြင်လိုးဘယ်ဆေးကိုသုံးရမလဲဗျ။
U Win Zaw • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပင် စိမ်းညှိုးနေလို့ နှုတ်ကြည့်တာ အမြစ်ကအခေါက်ကွာနေတယ် ဘာဖြစ်တာလဲဗျ
Nga Chan • ဖြေကြားချက် 3 ခု
ထရိုင်ကိုဒါးမားကို မန္တလေး (သို့မဟုတ်) တံတားဦးအနီးတဝိုက် ဘယ်မှာဝယ်ယသလို့ရလဲသိချင်ပါတယ်ဗျ
Nyan Lwin Tun • ဖြေကြားချက် 1 ခု
မတ်ပဲနဲ့ပဲကီးခင်းထဲတွင် ရွေးချယ်ပေါင်းသတ်ဆေး ဘာဖျန်းရမလဲ သိရင် ပြောပေးပါ ဦးဗျ
Thura Htun • ဖြေကြားချက် 2 ခု
ဆရာ ခရမ်းချဥ်ပထမ ပုံလေးကြည့်ပေးပါအူးဆရာ အပင် ၄၀၀ ကျော်မှအဲ့တစ်ပင်ပဲအလိုဆရာ ဆရာ အရင် ၄ ရက်က ဒိုင်ဇီနဲ့ ဆိုင်ပါမီသရင် ဖျန်းတယ် ဒီနေ့ ၁ ။ ခရမ်းချဥ်အတွက် အမိုင်နို 3 ဇွန်း မင်းသား 5 ဇွန်း ဗုံးစူပါ 2 ဇွန်း ၂ ။ ပဲတောင့်ရှည်မှာလဲ ပွင့်ထွေးနဲ့လှေးတွေ့ရလို့ အမိုင်နို 3 ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ 2 ဇွန်း ၃ ။ ခရမ်းခေါင်းအတွက် အမိုင်နို ၂ ဇွန်း ကယ်စီပလပ် ၅ ဇွန်း ဗုံးစူပါ ၃ ဇွန်း ဖျန်းခဲ့ပါတယ်ဆရာ ခရမ်းခေါင်းမှာ သီးလုံးဖောက်လေးတွေအနည်းငါ်ထပ်တွေ့ရလို့ပါခင်ဗျ အရင်ကထက်စာရင် နည်းနည်းပဲကျန်ပါတော့တယ်ဆရာ အပင်တွေကလဲ ရောဂါကင်းတယ်လို့ ထင်မိပါတယ်ဆရာ ကြည့်ပေးပါအူးဆရာ ဆရာတို့နဲ့တွေ့ခွင့်ရတာ တကယ့်ရွှေပါပဲခင်ဗျ ပင်ပန်းသမျှ အမောတွေပြေပါတယ်ခင်ဗျ ဗုံးစူပါ Ai နှစ်ခုက ဘာတွေအတွက်ကောင်းလဲဆရာ အချိန်းရရင်ရှင်းပြပေးပါအူးဆရာ ကျေးဇူးပါဆရာ့
U Yan • ဖြေကြားချက် 2 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026