စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ပစ္စည်းတွေရောင်းတဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ယခု covid ကာလမှာ ဆိုင်တွေပိတ်ထားရတဲ့ ရည်ညွှန်းစာတော့ မဟုတ်ဘူးဗျ
မိမိရဲ့ ကိုယ်ပိုင်ဆိုင်လုပ်ငန်းကို ဝယ်လိုအားမြှင့်တက်ချင်တဲ့သူတွေ၊ အရောင်းမြှင့်တက်ချင်တဲ့သူတွေ၊ ကိုယ့်ရဲ့ဆိုင်တွင် customer (ဈေးဝယ်သူ) အများကြီးကို အချိန်တိုတိုအတွင်းမှာ ထိတွေ့နိုင်မယ့်နည်းလမ်းတစ်ခု၊
ပြီးတော့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ ခေတ်မှီပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို အစပြုအကောင်အထည်ဖော်လိုတဲ့သူတွေအနေနဲ့
အစိမ်းရောင်လမ်းရဲ့ Market Place မှာ လာရောက်ပူးပေါင်းနိုင်ပါပြီ ဖြစ်ကြောင်းး အသိပေးအပ်ပါသည်။
ပူပေါင်းချင်သူများ ဒီလင့်ကို နှိပ်ပြီး ပါဝင်နိုင်ပါပြီ။ https://forms.gle/TYPrUXMfPL7gFUD99
အစိမ်းရောင်လမ်း
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်