ယခုတစ်ပါတ်အတွင်းစျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

22/02/2019 15:01 PM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆန်၊စပါး

ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာတော့ ဆန်ကြမ်းဈေးရော ဆန်ချောဈေးပါ အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်ကတော့ ထမင်းကောင်းဆန်ကောင်းရင် အရောင်းအဝယ်ကောင်းပြီး ဆန်မကောင်း ထမင်းမကောင်းရင်တော့ အရောင်းအဝယ်မကောင်းတာတွေ့ရပါတယ်။

ဆန်ချောဖြစ်တဲ့ ပေါ်ဆန်းဆန်ကတော့ တစ်ပတ်အတွင်း တစ်အိတ်ကို ၁၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပြီး တစ်အိတ်ကို ၃၂၀၀၀ ကနေ ၃၅၀၀၀ ပေါက်ဈေးရှိပါတယ်။ ကြားပျံကလည်း တစ်အိတ်ကို ၃၇၀၀၀ ကနေ ၄၀၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်လောက်ဈေးကျဆင်းသွားပါတယ်။

ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစား စပါးဈေးကငြိမ်နေပြီး ဆန်ဈေးတွေကတော့တက်လာပါတယ်။ အရောင်းအဝယ်ကလည်း ကောင်းနေတယ်လို့သိရပါတယ်။ ဒုတိယတန်းစားစပါးနဲ့ဆန်အချို့လည်း ဈေး တက်လာခဲ့ပါတယ်။

ပထမတန်းစားဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းစပါးကတော့ တင်း ၁၀၀ ကို ၁၀၃၃၉၀၄ ပေါက်ဈေးရှိပါတယ်။ ဆန်ကတော့ တစ်တင်းခွဲကို ၃၉၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပေါ်ဆန်းရင်ကလည်း တင်း ၁၀၀ ကို ၉၄၆၂၀၀ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲကို ၅၀၀ ကျပ် တက်လာကာ ၃၈၀၀၀ ပေါက်ဈေးရှိပါတယ်။ ဖျာပုံ ပေါ်ဆန်းမွှေးစပါးကတော့ တင်း ၁၀၀ ကို ၉၂၀၀၀၀ ရှိပြီး ဆန်ကတော့ တစ်တင်းခွဲကို ၃၇၅၀၀ နဲ့ ၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ဒုတိယတန်းစားဖြစ်တဲ့ ရွှေသွယ်လေးနဲ့ ဧရာမင်းကတော့ တင်း ၁၀၀ ကို ၆၉၀၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းခွဲကို ၂၈၀၀၀ ကျပ် နဲ့ ဈေးငြိမ်နေပါတယ်။ မနောသုခစပါး ကတော့ တင်း ၁၀၀ ကို ၆၁၁၈၀၀ ရှိပြီး တင်း ၁၀၀ ကို ၂၇၀၀၀ ကျော်ဈေးတက်လာခဲ့ပါတယ်။ဆန်ကလည်း တစ်တင်းခွဲကို ၂၃၀၀၀ ရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ မီးကောက်စပါးကလည်း တင်း ၁၀၀ ကို ၅၀၀၀ ကျပ်ဈေးတက်လာပြီး ဆန်ကတော့ တစ်တင်းခွဲကို ၅၀၀ ကျပ်တက်လာလာ ၂၃၀၀၀ ပေါက်ဈေးရှိပါတယ်။

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ဈေးထိုးတက်တာမျိုးမဟုတ်ပဲ ဈေးက တစ်အိအိ တက်နေခဲ့တာဖြစ်ပြီးတော့ ကုန်သည်တွေအနေနဲ့ ဈေးကွက်ကို သေချာထိန်းထားပုံရပါတယ်။ ပုံမှန် အရောင်းအဝယ်ဖြစ်နေပြီးတော့ ဈေးကလည်း တစ်နေ့တစ်နေ့ သောင်းဂဏန်းနီးနီးလောက် အတက်နဲ့ ရှိနေခဲ့တာပါ။

မုံရွာဈေးကွက်မှာ တော့ မတ်ပဲက တစ်တင်း ကို ၂၀၇၅၀ ပေါက်ဈေးရှိပြီး တစ်တင်း ကို ၂၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ပြီးခဲ့တဲ့ အပတ်နဲ့နှိုင်းယှဉ်ရင် တစ်တန်ကို ၃၀၀၀၀ နီးပါးဈေးတက်လာပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးကကျဆင်းသွားခဲ့ပြီးတာ့ ဒီတစ်ပတ်မှာတော့ ဈေးကအတက်အကျအပြောင်းအလဲ ရှိနေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ တစ်ပတ်လုံး ဈေးမဖွင့်ခဲ့ပါဘူး။ နယ်ဈေးကွက်မှာတော့ ဈေးတွေက ကျဆင်းနေခဲ့ပါတယ်။

မုံရွာဈေးကွက်မှာ ပဲစင်းငုံနီက တစ်တင်းကို ၂၅၈၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ၂၅၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၀၀၀ ကျပ်ရှိပြီး တစ်တင်းကို ၄၀၀ ကျပ် ဈေးတက်လာခဲ့ပြီး ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၅၀၀ ကျပ်တက်လာပြီး ၂၅၅၀၀ ပေါက်ဈေးရှိပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ဈေးတက်လာသလို အရောင်းအဝယ်ကလည်း ကောင်းနေတယ်လို့သိရပါတယ်။ ကုန်စည်ဒိုင်တွေကို တစ်နေ့ပဲတီစိမ်း အိတ် ၄၀၀ နီးပါးအဝင်ရှိပြီး ရှိသလောက် အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဈေးတက်တယ်ဆိုပေမယ့် အရည်အသွေးအလိုက်ကတော့ ဈေးကွာခြားမှုတွေ ရှိနေပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်း(ကြီး၊သေး)က တစ်တင်းကို ၂၇၀၀၀ ကနေ ၃၀၂၅၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၁၆၀၀ ပေါက်ဈေးရှိပြီ းတစ်တင်းကို ၁၆၀၀ ကျပ်ဈေးတက်လာပါတယ်။  ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို  ၁၆၈၀ ကျပ်ဈေးတက်လာပါတယ်။ပြည်ကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း အသေးက ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ပဲပုတ်

ပဲပုတ်ကတော့ လက်ရှိမှာ ဈေးက ကျဆင်းနေခဲ့ပါတယ်။ ပဲအဝင်ကလည်း နည်းနေပြီး အရောင်းအဝယ်ကလည်း နည်းတဲ့အတွက် ဈေးကကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ။

မုံရွာဈေးကွက်မှာ တစ်တင်းကို ၁၈၃၀၀ ပေါက်ဈေးရှိပြီး ၁၂၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၀၈၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ တော့ တစ်တင်းကို ၂၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် ဈေးတက်လာပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်