ယခုတစ်ပတ်အတွင်း ဈေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

19/10/2018 14:55 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၁၅.၁၀.၂၀၁၈ မှ ၁၉.၁၀.၂၀၁၈)ထိ

မတ်ပဲ (FAQ/RC)

မတ်ပဲကတော့ ရန်ကုန်ဈေးကွက်မှာရော နယ်ဈေးကွက်မှာ ဈေးတက်လာခဲ့ပါတယ်။ အောက်တိုဘာလ ပထမအပတ် ကတည်းက စတင်ဈေးမြင့်တက်လာခဲ့တာလည်းဖြစ်ပြီး သုံးပတ်ဆက်တိုက် ဈေးတက်နေခဲ့ပါတယ်။ 

ပြည်တွင်း ဝယ်လိုအားအပြင် ပြည်ပဝယ်လိုအားကလည်း များတဲ့အတွက် ဈေးကမြင့်တက်လာခဲ့ပါတယ်။ ထို့ပြင် အသစ် တွေကလည်း ဝင်ရောက်တော့မှာဖြစ်လို့ အဟောင်းလက်ကျန်တွေက ဈေးကွက်အတွင်း ဈေးပိုရနေတာလည်း ဖြစ်ပါ တယ်။

ပဲတွေကတော့ ဝင်သလောက် အရောင်းအဝယ်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို အမြင့်ဆုံးဈေး ၆၀၀၀၀၀ အထိ ဈေးတက်ခဲ့ပါတယ်။ နေပြည်တော် ကုန်စည် ဒိုင်မှာလည်း မတ်ပဲက သုံးတင်းဝင်တစ်အိတ်ကို  ၁၅၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးတက် လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၆၀၀၀၀ နဲ့ ဈေးအပြောင်းအလဲ မရှိပါဘူး။

မန္တလေးကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၅၅၀၀၀ ကနေ ၆၂၀၀၀ အထိ တစ်ပတ်အတွင်း တစ်အိတ်ကို ၃၀၀၀ ကျော် ထိ ဈေးတက်လာခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ဒီတစ်ပတ်က တစ်အိတ်ကို ၁၅၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပြီး တစ်အိတ်ကို ၅၅၅၀၀ ရှိပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအတက်အကျ တည်ငြိမ်မှုမရှိပါဘူး။ ကုန်စည်ဒိုင်တွေကိုတော့ နေ့စဉ် အိတ် ၅၀ ခန့် အဝင်ရှိပြီး အရောင်းအဝယ်ဖြစ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ အချို့ရက်က ဈေးဖွင့်ပေမယ့် အချို့ရက်တွေမှာ ဈေးမဖွင့်တာလည်း ရှိပါတယ်။ ပဲအဝင်နည်းတဲ့နေ့ ဈေးတက်ပြီး ပဲအဝင်များတဲ့နေ့ ဈေးကျဆင်းပါတယ်။

လက်ရှိမှာတော့ ပုံမှန်အရောင်းအဝယ်ကတော့ ဖြစ်နေပြီး ဈေးက တည်ငြိမ်မှုမရှိတာ တွေ့ရပါတယ်။

မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်တင်းကို ၆၀၀ ကျပ်ဈေးကျဆင်းပြီး တစ်အိတ်ကို ၁၃၆၅၀ ကျပ်ပေါက်ဈေး ရှိပါ တယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၆၀၀ နဲ့ ဈေးငြိမ်နေပါတယ်။ ပြည်ကုန် စည်ဒိုင်မှာတော့ တစ်တင်းကို ၁၄၀၀၀ နဲ့ တစ်တင်းကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပုံမှန်ဝယ်ယူခဲ့ပေမယ့် အရည်အသွေးကြောင့် ဈေးတွေ ဆက်တိုက်ကျဆင်းခဲ့တဲ့ ပဲတီစိမ်းက ဒီတစ်ပတ်မှာတော့ ဈေး တက်လာတာ တွေ့ရပါတယ်။ ကုန်စည်ဒိုင်တွေကို ပဲအဝင်နည်းလာပြီး နေ့စဉ် အိတ် ၅၀ ခန့်သာ ဝင်ရောက်နေတဲ့ အတွက်ကြောင့် ဈေးကတက်လာခဲ့တာလည်း ဖြစ်ပါတယ်။ 

ပုံမှန်ဝယ်ယူမှုရှိတဲ့အတွက်ကြောင့် အရောင်းအဝယ်ကို စိုးရိမ်စရာ မလိုပေမယ့် အရည်အသွေးကြောင့်သာ ဈေးလျော့နေ တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မတ်ပဲ၊ ပဲစင်းငုံနီ နဲ့ နှိုင်းယှဉ်ရင် ဈေးမြင့်တက် အခြေအနေပါ။

မုံရွာကုန်စည်ဒိုင်မှာ ပဲတီစိမ်း (အကြီး၊သေး)က တစ်တင်းကို ၂၄၅၀၀ ကနေ ၂၇၅၀၀ ရှိပြီး  ၅၀၀ ကျပ်ဈေးတက် လာပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၆၀၀ ရှိပြီး တစ်တင်းကို ၁၆၀၀ ကျပ်၊ ပခုက္ကူ ကုန်စည် ဒိုင်မှာတာ့ တစ်တင်းကို ၃၀၀၀၀ ကျပ်ရှိပြီး ၇၅၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၃၀၀ ရှိပြီး တစ်တင်းကို ၇၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

အာလူး

အာလူးကတော့ လက်ရှိ ရန်ကုန်ဈေးကွက်မှာ အတက်ဈေးနဲ့ ရှိနေပေမယ့် အချို့ နယ်ကုန်စည်ဒိုင်တွေမှာတော့ အကျဈေး နဲ့ရှိနေတာ တွေ့ရပါတယ်။ တရုတ်ဘက်ကလာတဲ့ တရားမဝင်အာလူးတွေကို အဖမ်းအဆီးတွေ ပြုလုပ်နေတဲ့အတွက် ပြည်တွင်းအာလူးတွေ ဈေးကောင်းရနေတာကိုလည်း တွေ့ရပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ အာလူးက ဈေးအတက်အကျ မမှန်ပေမယ့် တစ်ပိဿာကို ၃၅၀ ကနေ ၇၈၀ ထိ ပေါက်ဈေး ရှိပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ အာလူး (အေဝမ်း၊ အိုကေ၊ ဆွဲသီး)က တစ်ပိဿာကို ၅၀၀ ကနေ ၈၀၀ ရှိပြီး တစ် ပိဿာကို ၁၅၀ ကျော်ဈေးတက်လာခဲ့ပါတယ်။

အာလူးအများဆုံးထွက်ရှိတဲ့ အောင်ပန်းဒေသ ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၃၅၀ ကနေ ၈၅၀ ရှိပြီး တစ်ပိဿာကို ၁၅၀ ကျပ် ဈေးကျဆင်းသွားခဲ့ ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ကြူကုတ်)ကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ တစ်လကျော်ကျော် ဈေးငြိမ်နေခဲ့ပေမယ့် ဒီတစ် ပတ်မှာတော့ ငွေလဲလှယ်နှုန်းဈေးတွေ မြင့်တက်လာခဲ့တဲ့အတွက် တရုတ်ကနေ တင်သွင်းတဲ့ ကြက်သွန်ဖြူ(ကြူကုတ်)က ဈေးကလည်း မြင့်တက်လာခဲ့ပါတယ်။ ကြက်သွန်ဖြူ (ရှမ်း) ကတော့ ဈေးအေးနေသလို အချို့ဒေသတွေမှာတော့ ဈေးကျ ဆင်းနေခဲ့ပါတယ်။ 

ကြက်သွန်ဖြူ(ကြူကုတ်)က အလုံးကြီးတဲ့အတွက် အသုံးပြုရမှာ လွယ်ကူတဲ့အတွက် စားသုံးမှု များပြားတဲ့အတွက် အဝယ်လည်း များပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ကြက်သွန်ဖြူ(ကြူကုတ်)က တစ်ပိဿာကို ၁၂၀၀ ကနေ ၁၂၂၅ ကျပ်ရှိပြီး တစ်ပိဿာကို ၁၂၅ ကျပ်ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၂၂၀ ရှိပြီး ၅၀ ကျပ် ဈေးတက်လာပါတယ်။

ဝတ်ရည်မွန် (AMIA)

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်