စျေးကွက်စနစ်ဖွံ့ဖြိုးခြင်းသင်တန်း

30/01/2024 11:00 AM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

အသေးစားငါးမွေးမြူရေးမိသားစုများ၏ သက်မွေးဝမ်းကြောင်းများတိုးတက်ကောင်းမွန်ခြင်းတွင် စျေးကွက်စနစ်သည်လည်း မည်သို့မည်ပုံအရေးကြီးသည့်ကဏ္ဍမှ ပါဝင်လုပ်ဆောင်နေခြင်းကို အသိပညာများ တိုးပွားစေရန်ရည်ရွယ်ပြီး၊ အနာဂတ်မြန်မာပြည့်ဝမ်းစာငါးမွေးမြူရေးစီမံကိန်းမှ ပုဂ္ဂလိကစီးပွားရေးအတိုင်ပင်ခံကုမ္ပဏီတစ်ခုနှင့် ပူး‌ပေါင်းပြီး ၃ ရက် ကြာ လူတွေ့စျေးကွက်စနစ်ဖွံ့ဖြိုးခြင်းသင်တန်းအား ရန်ကုန်တွင်ပို့ချခဲ့သည်။

ဤသင်တန်းကို  ငါးအသားတိုးမွေးမြူသူ၊ ငါးပြုပြင်စီမံရောင်းချသူ၊ ငါးရောင်းဝယ်သူ၊ သားဖေါက်စခန်းနှင့် သားပေါက်ပြုစုစခန်းများ၊ ငါးအစာထုတ်လုပ်သူ၊ မိတ်ဖက်အဖွဲ့များနှင့် WorldFish ဝန်ထမ်းများ စုစုပေါင်း ၆၅ ဦး ကျား/မ ကဏ္ဍ နှစ်ဖက်အညီအမျှဖြင့် တက်ရောက်ခဲ့သည်။ သင်ကြားမှုများအချိတ်အဆက်မိစေရန် စာတွေ့အဓိကထားသင်ကြားမှုများ၊ အုပ်စုဖွဲ့အပြန်အလှန် ဆွေးနွေးတင်ပြမှုများနှင့် ဆရာဖြစ်ဦးဆောင်သင်ကြားပြသမှုများစသည့် နည်းလမ်းများကို တွဲဖက်ပေါင်းစပ်ပြီး သင်တန်း ပို့ချခဲ့သည်။

ဤသင်တန်းမှ ငါးမွေမြူရေးလုပ်ငန်းအပိုင်းကဏ္ဍတွင် လုပ်ကိုင်ဆောင်ရွက်သူများအကြား အချင်းချင်းသိကျွမ်း ပူးပေါင်းဆောင်ရွက်ကျင့်သုံးခြင်းများ တိုးတက်စေရန် ရည်မှန်းသည်။ သင်တန်းသည် အောက်ပါ အဓိကရည်ရွယ်ချက် ၅ ခု ထားရှိပါသည်။

  • အပြန်အလှန်အကျိုးဆောင်လှုပ်ရှားမှုများ စျေးကွက်လုပ်ဆောင်သူများနှင့် ဝန်ထမ်းများအကြား အချင်းချင်း နားလည်ပြီး ချိတ်ဆက်မှုများတိုးမြှင့်ရန်အတွက် အပြန်အလှန်ဆောင်ရွက်မှုပြုသည့်အခြေခံအုတ်မြစ်ဖန်တီးပေးခြင်း။
  • စျေးကွက်စီးပွားစနစ်နားလည်သိကျွမ်းမှုများ စျေးကွက်အင်အားနှင့် ၎င်းတို့၏ ငါးမွေးမြူရေးအကျိုးသက်ရောက်မှုများကို ပါဝင်လုပ်ဆောင်သူများအကြားအသိပညာပေးခြင်းများ။
  • ပူးပေါင်းဆောင်ရွက်ခြင်းတိုးမြှင့်မှုများ အသေးစားစွန့်ဦးစီးပွားတောင်သူများ သက်မွေးဝမ်းကြောင်းတိုးတက် ကောင်းမွန် စေရန် ပုဂ္ဂလိကကဏ္ဍနှင့် ဖွံ့ဖြိုးရေးလုပ်သားကဏ္ဍများအကြား ထိရောက်သည့်ပူးပေါင်း‌ဆောင်ရွက်မှု နည်းလမ်းများ ရှာ‌ဖွေခြင်း။
  • ခေတ်နှင့်အညီပြောင်းလဲသည့်စျေးကွက်စနစ်ကျင့်သုံးနိုင်ခြင်း နိုင်ငံစျေးကွက်စီးပွားဖွံ့ဖြိုးမှုများအပေါ်သက်ရောက်မှု များနှင့် ငါးမွေးမြူရေးလုပ်ငန်းအပိုင်းကဏ္ဍနည်းဗျူဟာများ ဆွေးနွေးမှုပြုခြင်း။
  • စီးပွားရေးအချိတ်အဆက်ကွန်ယက်များတည်ဆောက်ခြင်း အနာဂတ်တွင်ပူးပေါင်းဆောင်ရွက်ခြင်းများတည်ဆောက်ရန် ငါးလုပ်ငန်းတွင်ပါဝင်ဆောင်ရွက်သူအမျိုးမျိုးတို့၏ အချိတ်အဆက်ကွန်ယက်အခွင့်အလမ်းများပြုလုပ်ပေးခြင်း။

သင်တန်း၏ရည်ရွယ်ချက်များနှင့်အညီ အောင်မြင်စွာပို့ချနိုင်ခဲ့ပြီး စျေးကွက်စနစ်များဖွံ့ဖြိုးရေးတွင် ပြည့်စုံ ကောင်းမွန်သည့်အမြင်များကိုလည်း ပေးနိုင်ခဲ့သည်။ ပူးပေါင်းဆောင်ရွက်ခြင်းနည်းလမ်းသည် အတွေ့အကြုံကွဲပြားသည့် တက်ရောက်လာသူများအကြား ချိတ်ဆက်ပေးပြီး အထူးသဖြင့် စီမံကိန်းဆောင်ရွက်နေသည့် တိုင်းနှင့်ဒေသကြီးများအကြား အနာဂတ်တွင်ပူးပေါင်းခြင်းများနှင့် ငါးမွေးမြူရေးလုပ်ငန်းလုပ်ဆောင်သစ်များအတွက်  ခိုင်မာသည့် အခြေခံ အုတ်မြစ်များချနိုင်ခဲ့သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်