မွန်ရိုးရာ ကောက်လှိုင်းတီမုန့်

19/08/2021 18:52 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား

    ကောက်လှိုင်းတီမုန့်ဆိုတာ ခရမ်းရောင်ရင့်ရင့်ရှိတဲ့ ဆန်မုန့်တစ်မျိုးဖြစ်ပါတယ်။ မွန်ပြည်နယ်ကမြို့ရွာတွေရဲ့စျေးထဲမှာ သားရေစာအဖြစ်ရောင်းချတဲ့ မုန့်တစ်မျိုးပါ။ မွန်လို ကော့လန်းတီလို့လည်းခေါ်ပါတယ်။ ကောက်လှိုင်းတီပန်းရနံ့သင်းပျံ့ပြီး အာဟာရရှိတဲ့ကောက်လှိုင်းတီမုန့်ဟာ ဆိုးဆေးတွေလုံးဝမပါဘဲ သဘာဝကပေးတဲ့အရောင်နဲ့သာ စားချင့်စဖွယ်ဖြစ်တဲ့မုန့်လေးပါ။

    ကောက်လှိုင်းတီမုန့်လုပ်ဖို့ ကောက်လှိုင်းတီပွင့်ကို အရင်စုဆောင်းရပါတယ်။ ကောက်လှိုင်းတီပင်ဟာ တခြားအပင်ပေါ်ကပ်ပေါက်တဲ့ ကပ်ပါးပင်ဖြစ်ပါတယ်။ အများအားဖြင့် မြက်နဲ့ ဝါးလိုအပင်မျိုးကို ကပ်ပါးပြုပါတယ်။ အပင်ပုလေးတွေဖြစ်ပြီး အရွက်မရှိပါဘူး။ အပင်လေးတွေဟာမြေကြီးထဲကထိုးထောင်ထွက်နေပြီး အပွင့်က အပင်ရဲ့ထိပ်ကပွင့်ပါတယ်။ တစ်ပင်လုံးခရမ်းရောင်ရှိပြီး အပွင့်က ခရမ်းရောင်သစ်ခွကဲ့သို့ပုံစံရှိပါတယ်။ ဝါဆို၊ ဝါခေါင်မိုးရွာချိန်မှာထွက်လာတဲ့ ကောက်လှိုင်းတီပင်ကအပွင့်တွေကို ခူးဆွတ်ပြီး မုန့်လုပ်ကြရပါတယ်။ 

    ကောက်လှိုင်းတီမုန့်မှာ အပွနဲ့ အကျစ်နှစ်မျိုးရှိပါတယ်။ အပွက မွန်တွေရဲ့မူရင်းရိုးရာဖြစ်ပါတယ်။ မုန့်လုပ်ရန် ကောက်လှိုင်းတီပွင့်၊ ဆန်ကြမ်းမှုန့်၊ ဆန်မှုန့်၊ ဆားနှင့် ရေအနည်းငယ်လိုပါတယ်။ ကောက်လှိုင်းတီပွင့်တွေကိုဆုံထဲထည့်ထောင်း (သို့) ကြိတ်စက်ထဲ ရေအနည်းငယ်နှင့်ကြိတ်ကာ ရလာသောအရည်ကို ဆန်ကြမ်းမှုန့်၊ ဆန်မှုန့်၊ ထန်းလျက်၊ ဆားနှင့် ရေအနည်းငယ်ထည့်ကာ မုန့်ရည်ပျစ်ပျစ်ဖျော်ပြီး ကတော့ပုံလုပ်ထားသော ဖက်ရွက်ထဲထည့်ကာ ရေနွေးငွေ့နှင့်ပေါင်းခံရပါသည်။ ရလာသော က​တော့ချွန်ပုံစံမုန့်ကို အုန်းသီးခြစ်ဖတ်များနှင့် တွဲစားရပါသည်။ ကောက်လှိုင်းတီပွင့်၏ သင်းပျံ့သောရနံ့၊ ဖက်ရွက်၏ရနံ့ပါရောစပ်ကာ သင်းပျံ့နူးညံ့ပြီး အရသာရှိသော ကောက်လှိုင်းတီမုန့်ကို မနက်စာအဖြစ်စားသုံးကြပါသည်။

     á€€á€ąá€Źá€€á€şá€œá€žá€­á€Żá€„á€şá€¸á€á€Žá€™á€Żá€”á€şá€ˇá€Ąá€€á€ťá€…á€şá€œá€Żá€•á€şá€›á€”á€ş ကောက်လှိုင်းတီပွင့်၊ ဆန်မှုန့်၊ ဆန်ကြမ်းမှုန့်၊ ထန်းလျက်၊ပီလောပီနံမှုန့်၊ ဆားနှင့် ရေတို့လိုပါသည်။ ဆန်မှုန့်နှင့် ဆန်ကြမ်းမှုန့်နှစ်ခုပေါင်း အချိုးသည် ပီလောပီနံမှုန့်ထက် တစ်ဝက်များရပါမည်။ ပထမဦးစွာ ကောက်လှိုင်းတီပွင့်မှအရည်ကို ထုတ်ယူကာ ဆန်မှုန့်၊ ပီလောပီနံမှုန့်၊ ဆားနှင့် ရေအနည်းငယ်ထည့်ကာ မုန့်နှစ်ရအောင်နယ်၍ မုန့်ဗန်းတွင် ဟာလဝါကဲ့သို့ခင်းကာ ပေါင်းရပါမည်။ ထို့နောက် နှစ်သက်ရာအရွယ် အတုံးများ လှီးဖြတ်ကာသုံးဆောင်နိုင်ပါသည်။

    ဝါဆို၊ ဝါခေါင်မှပေါ်သော ကောက်လှိုင်းတီမုန့်ကို ရာသီစာအဖြစ် နှစ်သက်သူများက အမြတ်တနိုးစားကြပါသည်။ မိမိတို့ပတ်ဝန်းကျင်တွင် ကောက်လှိုင်းတီပွင့်ရှိလျှင် အလွယ်တကူလုပ်စားနိုင်သော ခရမ်းရောင်ကောက်လှိုင်းတီမုန့်အကြောင်း ဗဟုသုတအဖြစ် ရေးသားလိုက်ရပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်