အစိမ်းရောင်လမ်း
မိုးစပါးစိုက်ပျိုးနည်းသင်ခန်းစာ Video အတန်းအပ်လို့ရပြီ..

မိုးစပါးစိုက်ပျိုးနည်းသင်ခန်းစာ Video အတန်းအပ်လို့ရပြီ..

Green Way
Green Way 10/09/2025

👩‍🏫 အစိမ်းရောင်လမ်းနဲ့အတူ စိုက်ပျိုးရေးပညာရှင်များဖြစ်တဲ့ ဆရာကြီးဦးသိန်းဆု၊ ဦးမောင်မောင်ထွေး၊ ဦးအေးနိုင်၊ ဦးသာပို၊ ဦးအောင်ကျော်ဦး၊ ကိုဖုန်းမဏ်တိုး၊ ကိုစောယိုးသ၊ ကိုသိန်းစိုးမင်း (အစိမ်းရောင်လမ်းတည်ထောင်သူ)၊ ဆရာမများဖြစ်တဲ့ ဒေါက်တာမာမာကြူ၊ ဒေါက်တာစုလတ်ဖြူ၊ ဒေါ်ဇာဇာဝင်းနှင့် ကြွက်သုတေသီတို့အပြင် မိုးလေဝသပညာရှင် ဆရာဦးဝင်းနိုင်တို့ဖြင့် ပူးပေါင်းပြီးစီစဉ်ကျင်းပခဲ့တဲ့ 

မိုးစပါးသင်တန်း+ ကြီးကြပ်ပရိုဂရမ်ဟာဆိုရင် အခုဆိုရင် အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်... 

မိုးစပါးစတင် စိုက်ပျိုးရန် မြေပြင်ချိန်ကနေစပြီး ရိတ်သိမ်းချိန်အပြီး သိုလှောင်ထိန်းသိမ်းစဉ် ကျရောက်တတ်သော ဖျက်ပိုးများကစလို့ ကြွက်အန္တရာယ်ကာကွယ်နှိမ်နင်းနည်းအထိ သင်တန်းချိန် ၂၁ ခုထိပါဝင်ခဲ့တဲ့ တောင်သူများဟာဆိုရင် ...

🌾 အစိမ်းရောင်လမ်း၏ Premium User အဖြစ် တစ်နှစ်တိတိအထိ ရရှိနေမှာဖြစ်ပြီးတော့ 

🌾 မိုးစပါးရာသီပြီးဆုံးသည်အထိ ကြုံတွေ့ရသည့် အခက်အခဲများကို ပါဝင်သင်ကြားပေးခဲ့သည့် ပညာရှင်များဆီသို့ စာတိုပေးပို့၍ မေးမြန်းနိုင်သည့်သာမက 

🌾 Zoom ဖြင့် ဖြေကြားပေးမည့် အစီအစဉ်များတွင်လည်း ပါဝင်ခွင့်ရရှိနိုင်မည်ဖြစ်ကြောင်းလည်း သတင်းကောင်းပေးအပ်ပါတယ်ရှင် 

အစိမ်းရောင်လမ်းက ဦးစီးကာ စီစဉ်သင်ကြားပေးခဲ့သော ဤအမှတ်စဉ် ၁ မိုးစပါးသင်တန်းတွင် ပညာသင်ဆု ၂၄ ဆုအထိ ချီးမြင့်ပေးခဲ့ကြသော ဆရာမဒေါ်သိန်းသိန်းအောင်နဲ့ ဒေါ်တင်ဥမ္မာဝင်းကိုလည်း အစိမ်းရောင်လမ်းက ထပ်မံကျေးဇူးတင်ရှိပါကြောင်းနဲ့  🙏

မိုးစပါးသင်ခန်းစာများ၏ Video Recording များကို ပြန်လည် ကြည့်ရှုလိုသော မိတ်ဆွေများအနေဖြင့် အစိမ်းရောင်လမ်း၏ Fb page Messenger ဒါမှမဟုတ်   Viber 095053570 သို့ ဆက်သွယ်ကာ စာရင်းပေးသွင်းနိုင်ပါကြောင်းကိုလည်း ကြေညာပေးလိုက်ပါတယ်ရှင့်

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဒီးစက်လေး ‌အကြောင်းကို ရှင်းပြကြပါအုန်းခင်ဗျ စက်ရှိပြီး မသုံးတက်လို့ပါ

ကိုညိမ်းရွှေ • ဖြေကြားချက် 3 ခု

ကြက်သွန်စိုက်မို့ မစိုက်မှီ မြေဆီမှာ မြေစာအတတ်တွေ ပြန်ပေါက်နေလို့ ဘာဆေးသုံးရမလဲဗျာ

မောင်မြတ်သိန်းထွန်း • ဖြေကြားချက် 1 ခု

ငါး

Zaw Win Htut • ဖြေကြားချက် 0 ခု

ငှက်ပျောမှာ ဆင်ပိုးကျတာ ဘယ်လိုလုပ်ရမလဲ။

ဒေါ်ညိုညိုစန်း • ဖြေကြားချက် 0 ခု

ဒူးရင်းအပင်100ဝန်းကျင်အတွက် မြေအောက်ရေထုတ်ယူဖို့ ပထမကတော့ ဓါတ်ဆီအင်ဂျင်နဲ့ air compressorတွဲပြီးအသုံးပြုလို့ရတယ်ဆိုလို့1လက်မခွဲပိုက်နဲ့ပေ200နီးပါးထိတူးထားတာပါ နွေရာသီမှာ ရေ level က100ကျော်ကျော်လောက်ထိပါ အခုသိရပြန်တာကဓါတ်ဆီအင်ဂျင်+air compressor ကအဆင်မပြေဘူးပြောကြပြန်လို့ ရေမြှုပ်ပန့်အသေးလေးရှာကြည့်ပြန်တာ 1.5လက်မတွင်းအတွက်မရှိဘူးပဲဖြစ်နေလို့ ဘယ်နည်းလမ်းအသုံးပြုလို့ရနိုင်မလဲသိချင်ပါတယ်ခင်ဗျာမျှဝေပေးချင်ပါတယ်ဗျ လျှပ်စစ်မီးမရှိ မြေအောက်ရေပဲသုံးလို့ရမယ့်နေရာဖြစ်နေလို့ပါဗျ

Oakkar • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....