မြန်မာနိုင်ငံအလယ်ပိုင်းနှင့် ပဲခူးတိုင်းဒေသတို့တွင် အစားများသော မုန့်ဖြစ်သည်။
ပါဝင်ပစ္စည်းများ
- ကန်စွန်းဥ ပန်းကန်လုံး ၁ လုံး ( အလုံးလိုက် သို့ လှီးဖြတ်ထားသော)
- ထန်းလျက် ပန်းကန်လုံး ၁ လုံး
- ကောက်ညှင်းမှုန့် ထမင်းစားဇွန်း ၁၆ ဇွန်း
- ဆန်မှုန့်ထမင်းစားဇွန်း ၄ ဇွန်း
- ငါးနီတူခြောက်မှုန့် ထမင်းစားဇွန်း ၂ ဇွန်း
- သောက်ရေ ထမင်းစားဇွန်း ၄ ဇွန်း
- ဟင်းချက်ဆီ ထမင်းစားဇွန်း ၄ ဇွန်း
ချက်ပြုတ်ခြင်း/ပြင်ဆင်ခြင်းအဆင့်များ
ထန်းလျက်ကို ပျစ်လာသည်အထိ ရေအနည်းငယ်ဖြင့် ပြုတ်ပါ။ ထို့နောက် ဇကာတစ်ခုသုံးပြီး အမှုန်အမွှားများကို ဖယ်ရှားကာ ထန်းလျက်ရည်ကို ပြုလုပ်ထားပါ။
ကန်စွန်းဥကို သီးခြားပြုတ်ပြီး ထောင်းချေထားပါ။
ထို့နောက် ဆန်မှုန့်၊ ကောက်ညှင်းမှုန့်၊ ငါးနီတူမှုန့်၊ ချေထားသောကန်စွန်းဥနှင့် ရေထမင်းစားဇွန်း ၄ ဇွန်းခန့်တို့ကို ထည့်၍ မုန့်နှစ်အသားတို့ကို အပြားလိုက် အတုံးသေးများဖြစ်အောင် ပြုလုပ်ပါ။ (အချင်းဝက် ၁၅ စင်တီမီတာနှင့် ၃ မီလီမီတာ အထူခန့်၊ မိမိအသုံးပြုနေသော ဒယ်အိုးအရွယ်အစားနှင့် ချိန်ညှိနိုင်သည်။)
ဒယ်အိုးတစ်လုံးထဲသို့ ဆီအနည်းငယ်ထည့်ကာ သေချာနှံ့အောင်မွှေပြီး အလယ်အလတ်အပူပေးလိုက်ပါ။
ဆီပူလာလျှင် မုန့်နှစ်သား အတုံးကလေးများကို အပြားဖြစ်အောင် ပြုလုပ်ပြီး အိုးထဲသို့ထည့်ပါ။ ထို့နောက် မုန့်ပြား၏ တစ်ဖက်ခြမ်းကို လှန်ပါ။
နှစ်ဖက်လုံး၏ အရောင်သည် ရွှေရောင်ဖြစ်လာပါက ပန်းကန်ပြားတစ်ခုထဲသို့ ပြောင်းထည့်ပေးပါ။
မုန့်ပြားကို နှစ်သက်ရာအရွယ်အစားအတိုင်း လှီးဖြတ်ပါ။ ထို့နောက် ထန်းလျက်နှင့်တို့ကာ သရေစာအဖြစ်စားသုံးနိုင်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။