ကင်ဆာရောဂါပျောက်ကင်းပြီး ဆီးချိုရောဂါကို ဟန့်တားပေးနိုင်သော ဆေးဖက်ဝင် အပင်

16/01/2018 10:09 AM တွင် Thin Thazin Thin Thazin မှ ရေးသား

ကျန်းမာ သွက်လက် စွမ်းအင် အပြည့်နှင့် အသက်ရှည်ရှည်နေချင်သူများ အတွက် ကျွန်မဆေးဖက်ဝင် အပင် တစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်။ အရှေ့တောင် အာရှတွင် အများဆုံး စိုက်ပျိုး ဖြစ်ထွန်းလျက် ရှိသော အံ့ဖွယ် အပင်ဖြစ်သည့် ဒန့်သလွန် (Moringa oleifera)  အပင် ဖြစ်ပါသည်။ နှစ်ပေါင်း များစွာ ကတည်းက တိုင်းရင်းဆေးတွင် အသုံးပြုခဲ့သော Moringa oleifera ကိုဒန့်သလွန်ပင်(Drumstick) လို့လည်းသိကြပြီး ဓာတ်တိုး အာနိသင်(antioxidant) များဖြင့် ပြည့်ဝသောဆေးဘက်ဝင် အပင် ဖြစ်ပါသည်။

ကျန်းမာရေးနှင့် ညီညွတ်သောဆေးဖက်ဝင် အပင် အဖြစ် အသိအမှတ်ပြုခြင်း ခံထားရသော်လည်းဒန့်သလွန်အပင်၏ အကျိုးကျေးဇူးများကို စူးစမ်း စစ်ဆေးလျက် ရှိနေပါသေးသည်။ဒန့်သလွန် အသီးနှင့် အရွက်များကို စားသုံးသင့်သော အကြောင်းအရင်း(၇)ချက် ရှိပါသည်။

အစာ အာဟာရ တန္ဖိုး

ဒန့်သလွန်ပင်ဧ။် အသီးနှင့် အရွက်တွင် သတ္တုဓာတ်နှင့် ဗီတာမင်များစွာ ပါဝင်ပါသည်။သီးတောင့်(၁)ခွက်စာသည် သင့်အား ဗီတာမင်စီ ၁၅၇% RDAပေးစွမ်း နိုင်ပါသည်။

တစ်ခွက်စာတွင် ဗီတာမင်ဘီ6( ၁၉%) (နေ့စဉ်လိုအပ်ချက်)၊ ဗီတာမင်အေ(၉%)၊ ပရိုတင်း (၂ဂရမ်)၊ ဗီတာမင်စီ(၁၂%) ၊ ဗီတာမင်ဘီ၂- riboflavin (၁၁%)၊ သံဓာတ်(၁၁%)နှင့် မက်ဂနီစီယမ်(၈%)တို့ပါဝင်ပါသည်။

အရွက်ခြောက်များကို ဖြည့်စွက်စာ အဖြစ် အသုံးပြုနိုင်သည်ကိုတွေ့ရပါသည်။ သို့သော် သဘာဝ အပင်သည် ပို၍ အစွမ်းထက်ကြောင်းတွေ့ရှိရပါသည်။

(၁) အရိုးများကိုသန်မာစေခြင်း

ဒန့်သလွန်ကို စားသုံးခြင်းဖြင့် အရိုးများကို ပိုမို သန်မာစေပါသည်။ အရိုး ထိခိုက်မှုကိုလျော့ပါးစေနိုင်သော ကယ်လစီယမ်နှင့် သံဓာတ်များ ပါဝင်ပါသည်။ ထို့အပြင် ဆယ်ကျော်သက် လူငယ်များ စားသုံးပေးခြင်းဖြင့်  လူငယ်များ၏ ခံနိုင်ရည် သက်လုံကောင်းမှုနှင့် ကျန်းမာရေးကို မြှင့်ပေးနိုင်ကြောင်းတွေ့ရပါသည်။

(၂) ကင်ဆာရောဂါပျောက်ကင်းစေခြင်း

ဒန့်သလွန်ပင်တွင် ဓာတ်တိုး အာနိသင် (Antioxidant) များစွာ ပါရှိပြီး ကင်ဆာရောဂါ ပိုမို ပြန့်ပွားမှု ဖြစ်စေနိုင်သော ဆဲလ်များကို တိုက်ခိုင်နိုင်စွမ်း ရှိပါသည်။ ဓာတ်တိုး အာနိသင်များသည် ကင်ဆာဆဲလ် ဖြစ်ပေါ်မှုကို ရပ်တန့်စေနိုင် ပါသည်။ ဗီတာမင်စီ၊ beta carotene၊ chlorogenic acid  နှင့်quercetin အစရှိသော ဓာတ်တိုး အာနိသင်များသည် ကင်ဆာရောဂါပိုမို ပြန့်ပွားမှု ဖြစ်စေနိုင်သော ဆဲလ်များကို အကောင်းဆုံး ကာကွယ်ပေးနိုင်ပါသည်။

(၃) ခေါင်းကိုက်ဝေဒနာ သက်သာစေခြင်း

ဒန့်သလွန် အပင်အမြစ်ကို ယူူ၍ ဖျော်ရည်ပြုလုပ်ပါ။ သကြားနှင့်ရောမွှေပြီးလျှင် တစ်ငုံစာ နည်းနည်းချင်းစီ စုပ်သောက်ပေးခြင်းဖြင့်ခေါင်းကိုက်ဝေဒနာ သက်သာစေ ပါသည်။

(၄) မျက်လုံးဝေဒနာများ

မျက်ခွံ အတွင်းသားရောင်ရမ်းနာခြင်းမျိုး ကဲ့သို့သော မျက်စိနာရောဂါဝေဒနာများကို သက်သာစေနိုင်ပါသည်။ အရွက်ကို ယူ၍ကောင်းစွာကျေညက်အောင် ကြိတ်ပါ။ ရလာသော အနှစ်ရည်များကိုနာနေသော မျက်စိပေါ်တွင် သုတ်လိမ်းပေးနိုင် ပါသည်။ အရွက်ကို ကြိတ်၍ ရလာသော အနှစ်ရည်ကို ပျားရည်ဖြင့်ြ ပုလုပ်လျှင် မျက်ခမ်းနှင့် မျက်ကြည်လွှာဝေဒနာများတွင် အသုံးပြုနိုင်ပါသည်။ မျက်စိရောင်ခြင်းကိုလည်း သက်သာစေပါသည်။

(၅) သွေးချိုကိုလျော့ကျစေခြင်း

သင်သည် ဆီးချိုဝေဒနာသည် ဖြစ်နေပါက ဤေဆးဖက်ဝင် အပင်က သင့်ကို ကူညီနိုင်ပါသည်။ လေ့လာ စမ်းသပ်မှုများ အရ ဆီးချို၊၊ သွေးချိုဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ကြောင်း တွေ့ရှိခဲ့ရပါသည်။ တိရိစ္ဆာန်များတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။ ထို့အပြင် အရွက်မှုန့် (၇) ဂရမ်စီ (ငါးမူးသား) ဖြင့်ဆီးချို၊ သွေးချိုဝေဒနာသည် အမျိုးသမီးဦးရေ (၃၀) ဦးကို (၃)လ စမ်းသပ်မှု ပြုလုပ်ခဲ့သော စမ်းသပ်မှု တစ်ခုမှ ဆီးချို သွေးချို (၁၃.၅) ရာခိုင်နှုန်း လျော့ကျစေနိုင်ကြောင်းလေ့လာ သိရှိခဲ့ရပါသည်။

(၆) သွေးသန့်စေခြင်း

သီးတောင့်နှင့် အရွက်များသည်သွေးသန့်စေရန် အတွက်လည်းကောင်းမွန်ပါသည်။ ဥပမာ- သီးတောင့်နှင့် အရွက်များကိုဟင်းချိုရည် ပြုလုပ်ပါ။ ဝက်ခြံနှင့် အရေပြားရောဂါများကို စင်ကြယ်စေပါသည်။ ဝက်ခြံရောဂါများတွင် အဓိက အသုံးပြုနိုင် ပါသည်။ ပဋိဇီဝဆေးဖြစ်သည့် အတွက် အနာရောဂါများကိုပျောက်ကင်းစေနိုင် ပါသည်။

(၇) အရွယ်တင်နုပျိုစေခြင်း

ဗီတာမင်အေ ပါဝင်မှုကြောင့် အိုမင်း ရင့်ရော်ခြင်းကိုလျော့နည်းစေ ပါသည်။ ဒါ့အပြင်ရောဂါ ခံနိုင်ရည် အားကိုလည်းပိုမို အားကောင်းစေနိုင် ပါသည်။

ဆေးဘက်ဝင် အပင်Moringa (ခေါ်)

ဒန့်သလွန် အပင်၏အစွမ်း အာနိသင်များကို စူစမ်းလေ့လာဖော်ထုတ်နေဆဲ ဖြစ်ပါသည်။ သေချာတာ တခုကတော့

ဒန့်သလွန်ပင်သည် ကျန်းမာရေး အတွက်ကောင်းမွန်သောဆေးဘက်ဝင် အပင် ဖြစ်သဖြင့် နေ့စဉ် ပုံမှန် အစားအစာတွင်ပါဝင် ထည့်သွင်း စားသုံးသင့်ပါကြောင်း ဤဆောင်းပါးဖြင့် သတင်းကောင်း မျှဝေအပ် ပါသည်။

Royal Thazin

Source:www.organichealthuniverse.com


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်