မှိုများတွင်ပါဝင်သော အာဟာရတန်ဖိုးများ

05/09/2023 13:20 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၆၇)

အင်အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲနှုန်းလျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွတီမြေဆွေး၊ မြေဆွေးများ အစားထိုး (သို့မဟုတ်) ဖြည့်စွက် အသုံးပြုခြင်း (၁၉)

တန်ဖိုးမြင့်ပစ္စည်းများထုတ်နိုင်သည့် စားမှိုနှင့် ဆေးဖက်ဝင်မှိုများတွင်ပါဝင်သော အာဟာရတန်ဖိုးဆိုင်ရာအရည်အသွေးများ

စားမှိုနှင့် ဆေးဖက်ဝင်မှိုများကို အာဟာရတန်ဖိုးဆိုင်ရာအရည်အသွေးများအခြေခံသော အာဟာရတန်ဖိုးမြင့် ပစ္စည်းများအဖြစ်(သို့မဟုတ်) အချက်အပြုတ်၊ ဆေးဝါးဖော်စပ်မှုနှင့် သက်ဆိုင်သောဖြည့်စွက်စာအဖြစ် စားသုံးသူများလာသည်။ ဖြည့်စွက်ဓာတ်စာများ၊ အသင့်စားအစားအစာများထုတ်လုပ်လာသည်။ 

ခိုင်မာသော တွေ့ရှိချက် 

စားမှိုများသည် ဖြည့်စွက်စာအဖြစ် အသုံးပြုနိုင်သည်သာမက အာဟာရတန်ဖိုးများကို မှန်ကန်စွာအသုံးချပြီး တန်ဖိုးမြင့်ပစ္စည်းများ ထုတ်နိုင်သောကြောင့် ပတ်ဝန်းကျင်အကျိုးပြု တစ်ပတ်လည်စီးပွားရေးကွင်းဆက်အတွက် အရေးကြီးသည်။

အာဟာရတန်ဖိုးဆိုင်ရာ အရည်အသွေးများ

 

မှိုကို ဖြည့်စွက်စာအဖြစ် အသုံးပြုနိုင်တာ ဘယ်လို အာဟာရတန်ဖိုးတွေပါလို့လဲ?

  • ၁။ အမျှင်များသည်။
  • ၂။ ကယ်လိုရီနည်းစေသည်။ 
  • ၃။ ဆိုဒီယမ် ပါဝင်မှုနည်းသည်။
  •  ၄။ ဂလူးကိုစ်အချိုဓာတ်  ပါဝင်မှု နည်းသည်။
  • ၅။ မင်နရယ်နှင် ဗိုက်တာမင်များသည်။
  •  ၆။ ပေါ်လီစက္ကရိုက်ပါသည်။ 
  • ၇။ အန်တီအောက်ဆီးဒန့်ပါသည်။

အမျှင်များသည်ဆိုရာတွင် ဓာတ်စာအမျှင် (စုစုပေါင်းဓာတ်စာအမျှင်၊ ရေမပျော်ဓာတ်စာအမျှင်၊ ရေပျော်ဓာတ်စာအမျှင် ) များပါဝင်သည်။ တိုးတက်သောနည်းပညာများ အသုံးချလာသည်နှင့်အမျှ ဓာတ်စာအမျှင် (ရေပျော်ဓာတ်စာအမျှင်) ကြွယ်ဝသောမှိုများ တွေ့ရှိမှု တိုးတက်လာသည်။ ဓာတ်စာအမျှင်တွင်ပါသော ဘိုင်အိုအက်တစ် ကွန်ပေါင်းများအနက် ဘီတာဂလူကန်သည်အရေးကြီးကြောင်း သိလာရသည်။ ဓာတ်စာအမျှင် (စုစုပေါင်းဓာတ်စာအမျှင်၊ ရေမပျော်ဓာတ်စာအမျှင်၊ ရေပျော်ဓာတ်စာအမျှင် ) ကိုအသုံးချပြီး အနာဂတ် လူသားကျန်းမာရေး အကျိုပြုမှုအတွက် ဖြည့်စွက် ထုတ်ကုန်များထုတ်ရန်အရေးကြီးသည်။

ဖြည့်စွက်အသုံးပြုထားတဲ့ တန်ဖိုးမြင့် ပစ္စည်းမှိုက ဘယ်လို အရည်အသွေးကောင်းစေတာလဲ?

  • ၁။ အနံ့ အရသာကောင်းစေသည်။
  • ၂။ ဓာတ်စာနှင့် သက်ဆိုင်သော အမျှင်တိုးစေသည်။
  • ၃။ ကယ်လိုရီနည်းစေသည်။
  • ၄။ သိုလှောင်သက်တမ်းတိုးစေသည်။
  • ၅။ ပစ္စည်းထွက်ကောင်းသည်။ 
  • ၆။ ထုတ်ကုန်ပစ္စည်းများ၏ ဓာတ်ပြောင်းလဲမှု နည်းစေသည်။
  • ၇။ တန်ဖိုးမြင့်ပစ္စည်းများသည် အာဟာရတန်ဖိုးမြင့်လာသည်။

မှိုများကို အာဟာရတန်ဖိုးမြင့် ပစ္စည်းများအဖြစ် (သို့) အချက်အပြုတ်၊ ဆေးဝါးဖော်စပ်မှုနှင့် သက်ဆိုင်သော ဖြည့်စွက်စာအဖြစ် ထုတ်ခြင်း

၁။ ကြယ်သီးမှို Agaricus bisporus 

အာဟာရတန်ဖိုးဆိုင်ရာ အရည်အသွေးများ

မှိုခြောက် ၁ဝဝ ဂရမ်တွင်ပါဝင်သော ဗိုက်တာမင် (မီလီဂရမ်)

၂။ ရှီးပတီး Cordyceps militaris

မှိုခြောက် ၁ဝဝ ဂရမ်တွင်ပါဝင်သော ဗိုက်တာမင် (မီလီဂရမ်)

၃။ လင်ဇီးမှို ရစ်ချီ မှို Genoderma licidum

မှိုခြောက် ၁ဝဝ ဂရမ်တွင်ပါဝင်သော ဗိုက်တာမင် (မီလီဂရမ်)

ရှီတာကီ (Lentinus edodes) နှင့် လင်ဇီးမှိုရစ်ချီမှို ( Genoderma licidum ) တွင်ပါဝင်သော ရေမပျော်ဓာတ်စာအမျှင်

၄။ ငွေမိုးမှို Pleurotus ostreatus

မှိုခြောက် ၁ဝဝ ဂရမ်တွင်ပါဝင်သော ဗိုက်တာမင် (မီလီဂရမ်)

၅။ ကြွက်နားရွက်မှို  Auricularia auricular

မှိုခြောက် ၁ဝဝ ဂရမ်တွင်ပါဝင်သော ဗိုက်တာမင် (မီလီဂရမ်)

၆။ ရှီတာကီ   Lentinus edodes

မှိုခြောက် ၁ဝဝ ဂရမ်တွင်ပါဝင်သော ဗိုက်တာမင် (မီလီဂရမ်)

၇။ အပ်မှို Flammulina velutipes

မှိုခြောက် ၁ဝဝ ဂရမ်တွင်ပါဝင်သော ဗိုက်တာမင် (မီလီဂရမ်)

ကိုးကား

Borah T R., et al. (2019) Spawn production and mushroom cutlivation technology, ICAR Research Complex for NEH Region, Meghalaya, India, pp. 46.  

Cheung CK.et al., Mini-review on edible mushrooms as source of dietary fiber: Preparation and health benefits. Food Science and Human Wellness. Volume 2, Issues 3–4, September–December 2013, Pages 162-166

Das AK. et al., Edible Mushrooms as Functional Ingredients for Development of Healthier and More Sustainable Muscle Foods: A Flexitarian Approach. Molecules. 2021 May; 26(9): 2463. 2021 Apr 23. doi: 10.3390/molecules26092463

Dimopoulou, M.; Kolonas, A.; Mourtakos, S.; Androutsos, O.; Gortzi, O. Nutritional Composition and Biological Properties of Sixteen Edible Mushroom Species. Appl. Sci.

       2022, 12, 8074. https://doi.org/ 10.3390/app12168074

Rangel-Vargas, E.; Rodriguez, J.A.; Domínguez, R.; Lorenzo, J.M.; Sosa, M.E.; Andrés,

     S.C.; Rosmini, M.; Pérez-Alvarez, J.A.; Teixeira, A.; Santos, E.M. Edible Mushrooms as a Natural Source of Food Ingredient/Additive Replacer. Foods 2021, 10, 2687. https://doi.org/ 10.3390/foods10112687

Tian B, Pan Y, Wang J, Cai M, Ye B, Yang K and Sun P (2022) Insoluble Dietary Fibers From By-Products of Edible Fungi Industry: Basic Structure, Physicochemical Properties, and Their Effects on Energy Intake. Front. Nutr. 9:851228. doi: 10.3389/fnut.2022.851228

Zhao H. et al., Wang How does the addition of mushrooms and their dietary fibre affect starchy foods. Journal of Future Foods. Volume 2, Issue 1, March 2022, Pages 18-24

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်  

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်