ယူနန်ပြည်နယ်အစိုးရက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထား

18/09/2019 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယူနန်ပြည်နယ်အစိုးရက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထား

ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထားသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ စပါးများကို တရားဝင် ဝယ်ယူရန် နှစ်နိုင်ငံ အစိုးရချင်း ကမ်းလှမ်းထားခြင်းဖြစ်ပြီး တောင်သူလယ်သမား များအတွက် အကျိုးအမြတ်နှင့် စျေးကွက်ရှိမည်ဆိုပါက ရောင်းချနိုင်သည့် အခြေနေဖြစ်သည်ဟုဆိုသည်။

"အရေးကြီးဆုံးက စပါးတင်ပို့ရောင်းချတဲ့ ကိစ္စဖြစ်ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က စပါးကို တရားဝင် ဝယ်ချင်ပါတယ်ဆိုပြီး ကမ်းလှမ်းလာတာ ရှိပါတယ် ။ ဒီအပေါ်မှာ ဆန်စပါးအသင်းချုပ်နဲ့ အသင်းအဖွဲ့တွေရဲ့ သဘောကတော့ အစိုးရအချင်းချင်း တရားဝင် ကမ်းလှမ်းလာတယ်။ ဒီလိုတကယ် စနစ်တကျ ဥပဒေနဲ့အညီ ဝယ်ယူတဲ့ကိစ္စကို ပိတ်ပင်ချင်တဲ့ ဆန္ဒမရှိပါဘူး ။စပါးဟာ တွင်းထွက်ပစ္စည်းလည်း မဟုတ်ပါဘူး ။၄ လ ၅လ ပြန်ပြီးတော့ စိုက်နိုင်တယ်။ အဲ့တော့ တောင်သူလယ်သမားတွေအတွက် အကျိုးအမြတ်ရှိမယ် စျေးကွက်ရှိမယ်ဆိုရင် ရောင်းချနိုင်တဲ့ အနေထားဖြစ်ပါတယ် "ဟု ၎င်းကပြောသည်။

သို့သော် တရုတ်နိုင်ငံက ဆန်တန်ချိန် ၁ သိန်းဝယ်လျှင် စပါးကိုလည်း တန်ချိန် ၁သိန်း ပြန်ရောင်းနိုင်အောင် စီစဉ်ရမည်ဟုဆိုသည်။ ထိုသို့ အရောင်းအဝယ်ပြုလုပ်ရာတွင် ပြည်တွင်းစားသုံးသူများကိုလည်း ကြည့်ရမည် ဖြစ်သောကြောင့် တရုတ်နိုင်ငံနှင့်ဖြစ်စေ ၊ အခြားနိုင်ငံများနှင့် ဖြစ်စေ အစိုးရအနေဖြင့် စပါးဝယ်ယူသည့်ကိစ္စကို စဉ်းစားမည်ဆိုပါက ယင်းနိုင်ငံက မြန်မာနိုင်ငံ၏ ဆန်ကို မည်သည့်ခန့် ဝယ်ယူသလဲဆိုသည့်အပေါ် အခြေခံ၍ ညှိနှိုင်း သင့်ကြောင်း အကြံပြုချက်ကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ပေးပို့ထားသည်ဟုဆိုသည်။

"တစ်နည်းအားဖြင့်ဆိုရင် အပြန်အလှန် ပမာဏ သတ်မှတ်ပြီးတော့ အရောင်းအဝယ်လုပ်ဖို့ပါ။ ဘာလို့ဆို ဆန်စျေးကွက်က တရုတ်စျေးကွက်တခုထဲ ကျွန်တော်တို့မှီခိုတာ မဟုတ်ပါဘူး။ နိုင်ငံ ၆၀ ကို ရောင်းချနေတာပါ ။ ဒီ နိုင်ငံ ၆၀ ကို ဆန်ရောင်းပေးနိုင်ဖို့ဆိုတာ နိုင်ငံ ၆၀ မှာ တည်ဆောက်ထားတဲ့ ဝယ်သူနဲ့ ရောင်းသူကြားမှာ ဆက်ဆံရေးကို ကြည့်ရဖို့ ရှိပါတယ်"ဟု ဦးရဲမင်းအောင်ကပြောသည်။ ထို့ပြင် ကြိတ်ခွဲမည့် စပါးကို ယင်းနိုင်ငံဘက်က ဝယ်ယူသည့်ဆန်နှင့် ညှိနှိုင်းပြီးမှသာ ဆောင်ရွက်ရန်နှင့် ယင်းကဲ့သို့ လုပ်ဆောင်ရာတွင်လည်း တရားဝင် ဆောင်ရွက်ရန် တင်ပြပြောဆိုထားကြောင်းသိရသည်။

ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို သွားမည်ဆိုပါက အရေးကြီးဆုံးအချက်မှာ စံချိန်စံနှုန်း၊ အရည်အသွေးနှင့် နိုင်ငံတကာ စျေးကွက် ထိုးဖောက် ရောင်းချသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည်ဖြစ်သည်။ ယခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဦးဆောင်၍ အာဖရိကနိုင်ငံ ၄ နိုင်ငံ ခန့်ကို သွားရောက်ကာ ဝယ်လက်များ ၊ စားသုံးသူများနှင့် တွေ့ဆုံရန် ရှိသည်ဟုဆိုသည်။ ထို့ပြင် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ် မည့် ဆွေးနွေးပွဲကို သွားရောက်ရန်ရှိပြီး မြန်မာနိုင်ငံ တွင်လည်း ဝယ်သူများကို ဖိတ်ကြားသွားရန် အစီစဉ်ရှိကြောင်းသိရသည်။

ပို့ကုန်မြှင့်တင်သည့် လုပ်ငန်းစဉ်များကို ပိုမိုအားထည့်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပို့ကုန်လုပ်ငန်းမှတဆင့် စျေးကွက်တည်ငြိမ်မှုကို ဆောင်ရွက်ကာ တောင်သူလယ်သမားများအတွက် တွက်ချေကိုက်သည့် စျေးနှုန်းဖြစ်စေရန်နှင့် စျေးကွက်သေချာမှုရှိစေရန်တို့ကို ကြိုးစားဆောင်ရွက်သွားမည်ဟုဆိုသည်။

အေးအေးမြင့်(ABM)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်