ပြည်တွင်းဖားစျေးကွက် ထိခိုက်နစ်နာနေမှုကို ထိန်းချုပ်နိုင်ရန် ကိုယ်တိုင်ဖားမွေးမြူသားဖောက်တတ်ရန် လိုအပ်

18/03/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြည်ပ ဖားများ တင်သွင်းစားသုံးမှုကြောင့် ပြည်တွင်းဖားစျေးကွက် ထိခိုက်နစ်နာနေမှုကို ထိန်းချုပ်နိုင်ရန် မွေးမြူသူများအနေဖြင့် ကိုယ်တိုင်ဖားမွေးမြူသားဖောက်တတ်ရန် လိုအပ်လာကြောင်း စီးပွားဖြစ် ဖားမွေးမြူရေး လုပ်ကိုင်နေသူများက ပြောသည်။

ဖားမွေးမြူသူများအနေဖြင့် ဖားစတင်မွေးမြူရန် သားပေါက်တစ်ကောင်လျှင် ကျပ် ၂၀၀ မှ ကျပ် ၃၀၀ အထိ စျေးနှုန်းများဖြင့် ဝယ်ယူမွေးမြူရပြီး၊ အစာဖိုး ပြုစုစောင့်ရှောက်မှု စသည့် ကုန်ကျစရိတ်များကြောင့် ရေရှည်တွင် တွက်ချေမကိုက်ကြောင်း သိရသည်။

မန္တလေးဘက်ကျတော့ တရုတ်ဘက်က ဖားတွေ ဝင်တယ်။ ရန်ကုန်ဘက်ကျတော့ ထိုင်းဘက်က ဖားတွေ ဝင်တယ်။ ထိုင်းနိုင်ငံက ကုန်သည်တွေကပဲ တင်ပို့နေတာလား၊ ပြည်တွင်းက ကုန်သည်တွေပဲ တင်သွင်းနေတာလား သေချာမသိရဘူးပေါ့နော်။ ပြည်တွင်း မွေးမြူသူတွေဆီက ထွက်တာက နည်းနည်း၊ သူတို့က တစ်ခါယူရင် လေး၊ ငါး၊ ဆယ်တန်လောက် တစ်ခါတည်းယူပြီး၊ အအေးခန်းထဲ ထည့်လှောင်ထားလိုက်ကြတာ။ ပြည်တွင်း ဖားစျေးကွက်ကြီးက နိမ့်နေတယ်။ မွေးမြူရေးလုပ်တဲ့ တောင်သူတစ်ယောက်ဟာ ဖားသားပေါက်တစ်ကောင်ကို ၂၀၀၊ ၂၅၀၊ ၃၀၀ ကျပ် ပေး၀ယ်ရမယ်၊ အစာကိုလည်း စျေးကြီးကြီးနဲ့ ပေးဝယ်ရမယ်ဆိုရင် မကိုက်တော့ဘူး ရှုံးနေပြီလေ။ အဲ့ဒါကြောင့် ဖားသားဖောက်တာကို ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားကြစေချင်တာပါ။

ဟု ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာရှိ ဖားမွေးမြူရေးခြံမှ ဦးမိုးရဲဝင်း(SALMON) က ပြောသည်။

စျေးကွက်တွင်း ဖားသားအစို တစ်ပိဿာလျှင် ကျပ် (၄၀၀၀) မှ ကျပ် (၆၀၀၀) စျေးနှုန်းဖြင့် ရောင်း၀ယ်ဖောက်ကားနေပြီး၊ ထိုင်းနိုင်ငံမှ ဖားသားအစိုများ တင်သွင်းသည့် ဇွန်လ၊ ဇူလိုင်လ၊ သြဂုတ်လ များတွင် ပြည်တွင်းဖားစျေးကွက် ကျဆင်းကြောင်း သိရသည်။

ထိုင်းနိုင်ငံက ဖားတွေသာ မဝင်ဘူးဆိုရင်တော့၊ ကိုယ်ပြည်တွင်းက ဖားက လောက်တောင်မလောက်ဘူး။ စျေးကောင်းလည်း ရဦးမယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

စီးပွားဖြစ် ဖားမွေးမြူရေးလုပ်ငန်းကို ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် ဒေသများ၌ မွေးမြူလုပ်ကိုင်နေကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM)

 (ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေရှင့်)

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်