ခိုင်းနွားများကို သင်းကွပ်ရာတွင် ပြုစုနည်းနှင့် အကျိုးရလဒ်များ

27/01/2022 11:35 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ခိုင်းနွားများကို ခိုင်းစေရာတွင် လွယ်ကူစေရန် သင်းကွပ်လေ့ရှိကြပါတယ်။ နွားသိုးများသည် မိတ်လိုက်ရန်သာ စိတ်အားထက်သန်ကြပြီး ထိန်းချုပ်ရန်ခက်ခဲသဖြင့် အလုပ်ခိုင်းစေရန် အလွယ်တကူမရပေ။ သင်းကွပ်လိုက်ခြင်းဖြင့် ကြမ်းတမ်းသည့် အမူအကျင့်များပျောက်သွားပြီး ကိုင်တွယ်ထိန်းချုပ်ရန်လွယ်ကူလာတာကိုလည်းတွေ့ရပါသည်။ ဝဖြိုးလာပြီး အင်အားပြည့်လာပါတယ်။

သင်းကွပ်ရာတွင်သိထားသင့်သည်များ

ခိုင်းစေမည့်နွားသိုးများကို အရွယ်ကြီးထွားပြီးအင်အားပြည့်လာသည့်အချိန်မှသာ သင်းကွပ်သင့်ပါတယ်။ ငယ်ရွယ်လွန်းသည့်အချိန်တွင် သင်းကွပ်ပါက ကြွက်သားတွင် အဆီများပြားခြင်းနှင့် လည်ပင်းတွင် ကြွက်သားများပြည့်ဖြိုးသင့်သလောက်မပြည့်ဖြိုးသည်များဖြစ်နိုင်ပါတယ်။ သွား(၄)ချောင်းချိုးပြီးမှသာသင်းကွပ်ရပါမယ်။ သာမန်အားဖြင့် အသက်(၂)နှစ်အရွယ်သည် သင်းကွပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ အကယ်၍ကြီးထွားမှုကောင်းမွန်ပါက ထို့ထက်စော၍ သင်းကွပ်နိုင်တယ်။

သင်းကွပ်ခြင်း

သင်းကွပ်ခြင်းမပြုမီ (၂) ရက်ကြိုတင်ပြီး နွားသိုးကို အစာကောင်းကျွေးမွေးထားရမယ်။ သင်းကွပ်မည့်နွားကိုယ်လုံးအလယ်တည့်တည့်မှာ ခိုင်မာသောကြိုးရှည်ရှည်ဖြင့် သုံးပတ်ရစ်ပတ်ပေးရပါမယ်။ ရစ်ပတ်ပြီးပိုသောကြိုးစဖြင့် နွားဦးချိုကို မဝှေ့ရမ်းနိုင်ရန် ချည်နှောင်ထားရပါမယ်။ အလိုက်သင့်တစ်ချက်တည်းလဲအောင် တွန်းလှဲပစ်ပြီး ရှေ့လက်နှစ်ချောင်း၊ နောက်ခြေနှစ်ချောင်းကို ကြိုးဖြင့် အတွဲလိုက်ချည်ထားပါ။ ထို့နောက်ခြေလက်အားလုံး စုစည်းပြီးကြိုးတစ်ချောင်းဖြင့် ထပ်မံချည်နှောင်ပါ။ ဤကဲ့သို့ အထပ်ထပ်ချည်နှောင်မှသာ နွားမှာ မလှုပ်ရှားနိုင်တော့ပဲ ပြုလုပ်ရလွယ်ကူမှာဖြစ်ပါတယ်။ ချည်ထားသောကြိုးအထုံးထဲသို့ သစ်သားချောင်းတစ်ချောင်းကို လျှို၍ လှဲထားသော နွားမထနိုင်ရန်ဖိထားဖို့လိုအပ်ပါတယ်။ နွားဦးချိုကိုလည်း ငြိမ်သက်အောင် ကိုင်တွယ်ထားပါ။

သင်းကွပ်ဆရာသည် နွား၏ ကယ်ပယ်အိတ်အခြေတွင် ဝါးဆစ်ပိတ်ဝါးနှစ်ချောင်းဖြင့် တင်းကျပ်စွာညှပ်ပြီး ဝါးအစွန်းနှစ်ဖက်ကို ကြိုးဖြင့်ချည်ထားသည်ကိုတွေ့ရပါမယ်။ ပုလင်းအလွတ်တစ်လုံးဖြင့် တစ်ဖြည်းဖြည်း တစ်ချက်ချင်းညင်ညင်သာသာမှ ခပ်နာနာတိုး၍ ရိုက်ခတ်ပေးပါ။ အဆက်မပြတ်ရိုက်နှက်ရသည်မှာ ကယ်ပယ်အိတ်အတွင်းရှိ ဝှေးစေ့နှစ်လုံး ကြေညက်ပျော့ပွသွားစေရန် ဖြစ်ပါတယ်။ လိုအပ်သော အခြေအနေများပြည့်စုံပါက ကြိုးကိုဖြေပြီး နွားကို အသာအယာထူမပေးပါ။ သင်းကွပ်ရာတွင် သင်းကွပ်ညှပ် (ဘာဒီဇို) အသုံးပြုပေးလျှင် နာကျင်မှုပြင်းထန်စွာမခံစားရစေပါ။

သင်းကွပ်ပြီးနောက်

သင်းကွပ်ပြီးသောနွားကို အရိပ်ကောင်းကောင်းတွင် ငြိမ်သက်စွာအနားယူနိုင်ရန်ထားပေးပြီး ကြိုးရှည်ရှည်ဖြင့်ချည်ထားလိုက်ပါ။ သင်းကွပ်ဒဏ်ရာအမြန်ပျောက်ကင်းစေဖို့အတွက် နနွင်းမှုန့် (၂) ကျပ်သား၊ နွားချေးခြောက်အမှုန့် နို့ဆီဗူးနှစ်လုံးကို ရေဖြင့်ဖျော်ပြီး ကပ်ပယ်အိတ်အား သုတ်လိမ်းပေးပါ။ 

သင်းကွပ်သောနေ့တွင် ရေအေးနှင့် အစာမတိုက်ကျွေးရပါ။ ရေကို ကျိုချက်ပြီး ရေနွေးနွေးကိုသာ တစ်နေ့တစ်ကြိမ် (၃) ရက်တိုက်ပါ။ နွားများကို ၁ လခန့်မခိုင်းစေပဲ ၂-၃ လသို့ရောက်မှသာ ခိုင်းစေဖို့လည်း မမေ့ပါနှင့်။

သင်းကွပ်ပေးခြင်းဖြင့် အောက်ပါအတိုင်းပြောင်းလဲလာနိုင်ပါသည်...

အစာပိုစားလာနိုင်ခြင်း

ဒေါက်၊ အလျား၊ ကိုယ်လုံးကိုယ်ထည်ကြီးမားလာခြင်း

အမွေးအ၇ောင်များပြောင်းလဲလာပြီး ချော့မွေ့ပြောင်လက်လာခြင်း

အသားများပို၍ ဆူဖြိုးတိုးတက်လာခြင်း

လုပ်ငန်းတွင် စိတ်တိုင်းကျ ခိုင်းစေနိုင်ခြင်း စသည့်အကျိုးကျေးဇူးများတွေ့ရနိုင်ပါတယ်။

ဦးကြီးတို့ ခိုင်းနွားများကိုလည်း သင်းကွပ်မယ်ဆိုရင် အထက်ပါ ပြုစုတဲ့နည်းလမ်းတွေကို လုပ်ဆောင်ပေးဖို့ မမေ့ပါနဲ့နော်။

နည်းပညာများကို အောင်ဝင်းထွဋ်၏ “ကျွဲ၊ နွား မွေးမြူနည်းနှင့် ရောဂါကုသနည်း” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်