ဆီထွက်သီးနှံ အုပ်စုဝင် မြေပဲမျိုးသစ်များ မကြာမီ ထွက်ရှိတော့မည်

15/01/2019 10:49 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ စမ်းသပ်စိုက်ပျိုး သုတေသနပြုနေသည့် ဆီထွက်သီးနှံအုပ်စုဝင် မြေပဲမျိုး သစ်များ မကြာမီ ထွက်ရှိနိုင်တော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ သတင်းရရှိသည်။

လက်ရှိတွင် ဆီထွက်သီးနှံ သုတေသနဌာနစုရှိ သုတေသနပညာရှင်များမှ သက်လျှင်အထွက်ကောင်း မြေပဲမျိုး သစ်၊ ရေငတ်ဒဏ် ခံနိုင်သော မြေပဲမျိုးသစ်၊ ရွက်ပြောက်ရောဂါ ဒဏ်ခံနိုင်သော မြေပဲမျိုးသစ်နှင့် အစေ့စား မြေ ပဲမျိုးသစ်များကို မျိုးကူးစပ် ရွေးချယ်ရှာဖွေလျှက်ရှိရာ၊ မကြာမီ မျိုးစေ့သစ်များ ထွက်ရှိလာတော့မည်ဖြစ် ကြောင်း စိုက်ပျိုးရေးသုတေသန ဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးနိုင်ကြည်ဝင်းက ပြောသည်။

“ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနက ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့အညီ လိုက်လျောညီထွေရှိမယ့် မျိုးသစ် တွေ ရှာဖွေသုတေသနပြု လုပ်ငန်းတွေကို အထူးဦးစားပေးအနေနဲ့ ဆောင်ရွက်နေတာ ဖြစ်တယ်” ဟု ဦးနိုင် ကြည်ဝင်းက ဆိုသည်။

ဆောင်းပါးအပြည့်အစုံဖတ်ရန်


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်