ရေပေါ်အစာတောင့်တွင်ပါဝင်သည့် ကုန်ကြမ်းများ၏ အာဟာရဓာတ်ပါဝင်မှု

08/01/2024 15:00 PM တွင် သက်နိုင်(ငါးဦးစီး - ငြိမ်း) သက်နိုင်(ငါးဦးစီး - ငြိမ်း) မှ ရေးသား

ရေပေါ်အစာတောင့် ပြုလုပ်ရာတွင် အသုံးပြုကြသည့် ကုန်ကြမ်းများနှင့် တွက်ချက်နည်းမှာ အောက်ပါအတိုင်းဖြစ်သည်။ 

(၁) ပြောင်း (Corn)

Protein= 10.5 - 10.6%

Fat= 7.8 - 8%

Carbohydrate = 30 - 34%

(၂) မြေပဲဖတ် (သို့) ပဲပုပ်စေ့ဖတ် (Groundnut Oil Cake (or) Soybean Oil Cake)

Protein= 40- 45%

Fat= 4 - 8%

Carbohydrate = 30 -35%

(၃) ဖွဲနု (Rice Bran)

Protein= 7 - 9%

Fat= 12- 15%

Carbohydrate = 40 - 45%

(၄) ဆန်ကွဲ (Broken Rice)

Protein= 10 - 11%

Fat= 6 - 11%

Carbohydrate = 40%

(၅) ငါးပေါင်းမှုန့် (Fish Meal)

Protein= 50 - 55%

Fat= 6 -10%

Carbohydrate = 6 - 8%

ကုန်ကြမ်းတစ်ခုခြင်းအလိုက် ပါဝင်မှု (%) နှင့် အာဟာရတန်ဖိုးတွက်ချက်ခြင်း

ရေပေါ်ငါးအစာ၏ အာဟာရတန်ဖိုး ပါဝင်မှုသည် ငါးအမျိုးအစားအလိုက် ကွာခြားမှုရှိနိုင်သလို ယေဘူယျအခြေခံလိုအပ်ချက် အနေဖြင့် Protein 20 – 40%, Carbohydrate > 20%, Fat 7 – 15%, Fiber 20 – 40% နှင့် Moisture 8 – 10% ရှိရန် လိုအပ်သည်။

ကုန်ကြမ်းတစ်ခုခြင်း၏ အရည်အသွေးနှင့် အစိုဓာတ်ပါဝင်မှုပေါ်မူတည်၍ နောက်ဆုံးထွက်ရှိသော ကုန်ချောတွင် Protein (%) ပါဝင်မှု ကွဲလွဲမှုရှိနိုင်သည်။ ကုန်ကြမ်းတွင်Moisture ပါဝင်မှုများလေ ကုန်ချောတွင်Proteinပါဝင်မှု လျော့နည်းလေ ဖြစ်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်