ကြက်သွန်နီစိုက်ပျိုးမှု လျော့နည်းလာခြင်းကြောင့် လာမယ့်နှစ် ဈေးတက်နိုင်
တောင်သူများ စိုက်ပျိုးထုတ်လုပ်မှုလျော့နည်းခြင်းကြောင့် လာမည့်နှစ် ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီဈေး မြင့်တက်နိုင်သည်ဟု ကုန်သည်အချို့ ခန့်မှန်းနေကြသည်။
ယခုနှစ်တွင် ပြည်တွင်းကြက်သွန်နီဈေး ကျဆင်းမှုက စိုက်ပျိုးသူတောင်သူများ၊ သိုလှောင်သူ ကုန်သည်များ ဆုံရှုံးမှုကြီးမားခဲ့သည်။ ထိုကြောင့် ကြက်သွန်စိုက် တောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းတွင် အားထည့်လုပ်ဆောင်ရန် မလွယ်ကူသည့် အခြေအနေမျိုးဖြစ်လာပြီး ထုတ်လုပ်မှုအပိုင်း လျော့နည်းနိုင်သည်ဟု ခန့်မှန်းနေကြသည်။
"အရှုံးများတော့ စိုက်သူနည်းသွားတယ်။ အထွက်နည်းပြီးတော့ စားသုံးသူဈေးကြီးပေးရမယ့် အနေအထားမျိုးဖြစ်လာနိုင်တယ်"ဟု တောင်တွင်းကြီးမှ ကုန်သည်တစ်ဦးက သုံးသပ်ပြောကြားသည်။

လက်ရှိမိုးကြက်သွန်နီများ ဈေးကွက်၀င်သို့တင်ပို့နေသော်လည်း ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ ဈေးက အရည်အသွေးကောင်းသည့်(ထိပ်စ)များ ဈေးအနည်းငယ် မြင့်တက်လာသည်။ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ကြက်သွန်နီဈေးက ဆိတ်ဖြူ(သစ်) ရှယ်တစ်ပိဿာ လျှင် ကျပ်၂,၀၀၀ ၀န်းကျင်မှ ၂,၅၀၀၊ မြင်းခြံ (သစ်) ရှယ် တစ်ပိဿာလျှင် ကျပ် ၁,၈၀၀ ၀န်းကျင်မှ ၂,၁၀၀ ၀န်းကျင်သို့ဈေးမြင့်တက်သည်။ သို့သော် အခြားကြက်သွန်အမျိုးအစားများက ဈေးသိသာစွာပြောင်းလဲမှုမရှိသေးပေ။
လက်ရှိပြည်တွင်းကြက်သွန်နီဈေးက စိုက်ပျိုးသူတောင်သူများအတွက် ဆွဲဆောင်မှုမရှိသော်လည်း ငွေ ကြေးအရင်းအနှီးတက်နိုင်သူများ၊အခြားသီးနှံစိုက် ပျိုး ရန် ခက်ခဲသူများက ဆက်လက်လုပ်ကိုင်ရမည်အ ခြေအနေမျိုးဖြစ်နေသည်ဟု ကြက်သွန်စိုက်ပျိုးသည့်တောင်သူတစ်ဦးကဆိုသည်။
"ဒီဈေး၀န်းကျင်ပဲဆို တောင်သူကရှုံးမှာပဲ။ စိုက်ပျိုးစရိတ်ကကြီးတော့ လုပ်တဲ့သူလျော့သွားမယ်"ဟု သူ၏အမြင်ကို ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ကြက်သွန်နီကို မန္တလေး၊ မကွေး၊ စစ် ကိုင်းတိုင်းရှိ စိုက်ဧကတစ်သန်းကျော်တွင် စိုက်ပျိုး ထုတ်လုပ်သည်။ ထွက်ရှိလာသည့်ကြက်သွန်နီကို ပြည် တွင်းစားသုံးမှုသာမက ပြည်ပနိုင်ငံ အချို့ကိုလည်းတင်ပို့ ရောင်းချသည်။
မြန်မာနိုင်ငံမှ ကြက်သွန်နီတင်ပို့နေသာ အာဆီယံအဖွဲ့၀င်နိုင်ငံအချို့တွင် အိန္ဒိယကြက်သွန်နှင့် ဈေးကွက်ယှဉ်ပြိုင်ရောင်းချရခြင်းကြောင့် မြန်မာ့ကြက်သွန် ပြည်ပရောင်းချသည့် FOB(free on board)ဈေးက ကျဆင်းပြီး လက်ရှိ ကြက်သွန်နီတစ်တန် အမေရိကန်ဒေါ်လာ ၁၃၀/၁၄၀မှ ၃၃၀/၃၄၀ ဖြင့်ဈေးငြိမ်နေသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ကြက်သွန်နီဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မြေပဲရက်၄၀သါးမှာ ဂျစ်ပဆန် မြေသြဇာမှုန့်ပက်ချင်လို့ ပက်တဲ့အခါရွက်ပေါ်တင်ရင် လောင်နိုင်လားခင်ဗျ တဧက ဘယ်နှစ်kgသုံးပေးရမလဲ။
Messi • ဖြေကြားချက် 1 ခု
မြစ်သားမျိုးစိုက်ရလားဗျ ဆရာတို့ပြောပြပါအူံး
မောပ်တိုးတတ် • ဖြေကြားချက် 1 ခု
ကျနော်မြေဩဇာပစ္စည်း အပင်စိုက်ပျိုးရေးအတွက်လိုအပ်တဲ့ပစ္စည်းတေရောင်ူပါတယ်။ နွားချေးမြေဩဇာကို ပုံမှန် အခြောက် ရောင်းပါတယ်။ အသုံးပြုသူ customers တွေ ပိုပြိးထိထိရောက်ရောက်တစ်ခါတည်းအသုံးပြုလို့ရအောင်နွားချေးမြေဩဇာကို အဆွေးခံပြီး စီးပွားရေးဖြစ်ရောင်းလိုသောကြောင့် ဘယ်လိုပုံစံမျိုး အဆွေးခံပြီး ရောင်းချပါက အသုံးပြုသူတွေအတွက်အဆင်ပြေမည်းနည်း။ နွားချေးဆွေးကိုဘယ်လို ကြာရှည်ခံအောင်ပြုလုပ်ရမည်နည်း။ကျေးဇူးပြု၍အသေးစိတ်လေးဖြေကြားပေးပါဗျ။ ကျေးဇူးတသ်ပါတယ် ခဗျ။
จูเนียร์ ร์ร์ • ဖြေကြားချက် 2 ခု
ဆရာမဂ်လာပါ🙏🙏🙏 ကျနော်ကန်စွန်းပင်လေးတွေ အစိမ်းလိုက်ညိုးနေလို့ပါဆရာ အပင်နုတ်ကြည့်တော့လည်း အမြစ်တွေကောင်းတယ်ဆရာ ဘာကြောင့်ညိုးရပါသလဲဆရာ ဘက်တီးရီးယားကြောင့်ညိုးတာလား မြေဆောင်မိူကြောင့်လားဆရာ ပိုးသက်ဆေးနဲ့အားဆေးတော့တွဲဖျန်းထားပါတယ် ၅ရက်မြောက်ရှိပါပြီ ရေ.၂၀လီတာကို Acetamiprid..5% (20)Cc Aminoacid..40%(20)Cc 15-15-30.......... 4ဇွန်းတွဲဖျန်းထားပါတယ် ဖျန်းပီ၅ရက်မြောက်မှာ ခုလိုပင်ညိုးလေးတွေတွေ့နေရလို့ပါဆရာ ဖြေကြားပေးပါအုံးနော်🙏🙏🙏
WaneBo • ဖြေကြားချက် 2 ခု
နွားကခြောက်လသားပါ။နားအထဲမှာပြည်ရှိပါတယ်။ပုပ်ဆော်နံပါတယ်။ နားအစပ်နားမှာလည်းအပေါက်ကလေးဖြစ်ပြီးပြည်ရှိပါတယ်။နားရွက်မလှုပ်နိုင်ပါ။အစာလည်းအနည်းငယ်စား။နို့လည်းဆို့။စမြုံ့လည်းပြန်ပါတယ်။ အချိန်တိုင်းအိပ်နေတာပါ။အသက်ရှူရင်လည်း လည်ပင်းက တဂွီဂွီအသံမြည်ပါတယ်။နှာရည်ကအဖြူရောင်တွေကျတာလည်းရှိပါတယ်။တခါတလေအစာဖတ်ကလေးတွေပါပါလာတတ်ပါတယ်။ dexa genta procaine penicillin ညွှန်ကြားမှူနဲ့ထိုးပါတယ်။ အနည်းငယ်ပဲဆင်ပြေပါတယ်။ နွားမလန်းပါ။ ဘာများဆက်လုပ်ရမလဲခင်ဗျာ။ဖြစ်နေတာကဆယ်ရက်လောက်ရှိပါပီ။ဆေးထိုးတာကတော့ 3ရက်လောက်ပဲကြာပါသေးတယ်။ဖြေကြားပေးပါခင်ဗျာ
အုန်းကျော် • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (၁၇ -၂၁.၈.၂၀၂၆)
22/08/2026
More from AMIA
အားလုံး